Trending Now

မုံရွာမှာ ညမထွက်ရ အမိန့်ကို အခွင့်ကောင်းယူပြီး ဆိုင်ကယ်တွေ လိုက်ခိုးနေတဲ့ လူ ၄ ဦးကို ရဲကဖမ်းဆီး

Spread the love

မုံရွာမှာ ညမထွက်ရ အမိန့်ကို အခွင့်ကောင်းယူပြီး ဆိုင်ကယ်တွေ လိုက်ခိုးနေတဲ့ လူ ၄ ဦးကို ရဲကဖမ်းဆီး
EPN
မုံရွာ၊ ဇူလိုင် ၁၄
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာနယ်မြေရဲစခန်းက မနေ့ ဇူလိုင် ၁၃ ရက်ညပိုင်းက လူနေရပ်ကွက်တွေထဲမှာ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်တွေ လိုက်ခိုးနေတဲ့ လူ ၄ ယောက်ကို လှည့်ကင်းအဖွဲ့က ဖမ်းဆီးရမိတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ဆိုင်ကယ်သူခိုး ဖမ်းမိတာ ၄ ယောက်ပါ၊ စစ်ဆေးနေတုန်းဆိုတော့ သူတို့ အမှုဘယ်လောက် ကျူးလွန်တယ်ဆိုတာ မသိရသေးဘူး” လို့ မုံရွာနယ်မြေရဲစခန်းက တာဝန်ကျ ရဲတယောက်က ပြောပါတယ်။
ဒါ့အပြင် ဆိုင်ကယ်တွေ လိုက်လံခိုးယူနေတဲ့ ဖမ်းဆီးရမိသူ ၄ ယောက်ကတော့ ကျော်စိုးလွင်၊ ကျော်ဇင်လင်း၊ ထွန်းထွန်း နဲ့ ရီဟန် တို့ဖြစ်တယ်လို့ ရဲစခန်းဆီက သိရပါတယ်။
ဒီလ ၁၂ ရက်ညက မုံရွာမြို့ ၊ ရန်ကင်းရပ်ကွက်ထဲက အိမ်တခုမှာ သော့ခတ်သိမ်းဆည်းထားတဲ့ အဖိုးတန် ဆိုင်ကယ် ၅ စီး ခိုခံရတာဖြစ်ခဲ့ပါသေးတယ်။
ဒါ့အပြင် ရတနာပုံရပ်ကွက် ဓမ္မပါလကျောင်းတိုက်နားက အိမ်တွေမှာလည်း ပြီးခဲ့တဲ့လက ဆိုင်ကယ် ခိုးယူခံရတာတွေဖြစ်ခဲ့ပါတယ်။
မုံရွာမြို့မှာ ပြီးခဲ့တဲ့ မေလကစလို့ ဒီလ ၁၂ ရက်အထိ ဆိုင်ကယ်ပျောက်တဲ့သူ ၂၀ ကျော်ရှိပြီး ပျောက်ဆုံးဆိုင်ကယ် အစီးရေးဟာ ၃၀ထက်မနည်း ရှိတယ်လို့ လူမှုကွန်ရက်ပေါ်မှာ ကာယကံရှင်တွေရဲ့ ရေးသားချက်အရ သိရပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။