Trending Now

နှစ်ပါင်း ၄၈၅၀၀ သက်တမ်းရှိတဲ့ ရောဂါပိုးအသစ် ၁၃ မျိုးကို ရေခဲပြင်အောက်က ရှာဖွေတွေ့ရှိ

Spread the love

နှစ်ပါင်း ၄၈၅၀၀ သက်တမ်းရှိတဲ့ ရောဂါပိုးအသစ် ၁၃ မျိုးကို ရေခဲပြင်အောက်က ရှာဖွေတွေ့ရှိ

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၃၀

သုတေသီတွေဟာ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ ရေခဲပြင်အောက်ကနေ နှစ်ပါင်း ၄၈၅၀၀ သက်တမ်းရှိတဲ့ ရောဂါပိုးအသစ် ၁၃ မျိုးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။

“ဖုတ်ကောင်ဗိုင်းရပ်စ်” လို့ အမည်ပေးထားတဲ့ ရောဂါပိုးအသစ် ၁၃ ခုကို သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပြီး ရောဂါပိုးတွေဟာ နှစ်ထောင်ပေါင်းများစွာ ရေခဲပြင်အောက်မှာ ပိတ်မိနေခဲ့ပေမယ့် ကူးစက်နိုင်နေဆဲ ဖြစ်တယ်လို့ ရုရှားဦးဆောင်တဲ့ သုတေသီအဖွဲ့က ဆိုပါတယ်။

ရာသီဥတုပူနွေးလာခြင်းနဲ့ ရေခဲပြင်တွေ အရည်ပျော်လာခြင်းဟာ ရေခဲပြင်အောက်မှာ နှစ်ပေါင်းများစွာ ပိတ်မိနေတဲ့ ရောဂါပိုးအန္တရာယ်တွေနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အန္တရာယ်တွေကို ပိုမိုဆိုးဝါးစေတယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

ဒါပေမယ့် ရောဂါပိုးမွားတွေနဲ့ သူတို့ရဲ့ သက်ရောက်မှုအပေါ် ကောင်းကောင်း နားမလည်သေးတဲ့အတွက် ရောဂါပိုးတွေဟာ ပြင်ပအခြေအနေနဲ့ ထိတွေ့ပြီး ဘယ်လောက်ကြာကြာကူးစက်နိုင်သလဲ၊ ကူစက်နိုင်ခြေ ဘယ်လောက်ရှိဆိုတာ ခန့်မှန်းလို့မရသေးဘူးလို့ ဆိုပါတယ်။

ရုရှား၊ ဂျာမနီ နဲ့ ပြင်သစ်တို့က သုတေသီအဖွဲ့က သူတို့လေ့လာနေတဲ့ ဗိုင်းရပ်စ်တွေကို ဇီဝအန္တရာယ် အဆင့်မှာ သတ်မှတ်ထားပြီး လူတွေနဲ့ တိရစ္ဆာန်တွေကို ကူးစက်နိုင်ခြေဘယ်လောက်ရှိသလဲဆိုတာ အသေးစိတ်လေ့လာနေတယ်လို့ ဆိုပါတယ်။

— ကိုးကား —
AFP
Ref; Scientists revive 48,500-year-old ‘zombie virus’ buried in ice

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။