Trending Now

ကြက်ပေါင်ခြံ သဲကျောက်ဆိပ် တွင် အသက် ၁၄ နှစ်အရွယ် ၇ တန်း ကျောင်းသားတစ်ဦးရေနစ်သေဆုံး

Spread the love

ကြက်ပေါင်ခြံ သဲကျောက်ဆိပ် တွင် အသက် ၁၄ နှစ်အရွယ် ၇ တန်း ကျောင်းသားတစ်ဦးရေနစ်သေဆုံး

EPN
မြစ်ကြီးနား ၊ ဇူလိုင်လ ၁၁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကြက်ပေါင်ခြံ သဲကျောက်ဆိပ်တွင် ယမန်နေ့ဇူလိုင်လ ၁၁ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်က အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် မီးသတ်ဦးစီးဌာန မှ သိရသည်။

အဆိုပါ သေဆုံးသူ ကျောင်းသားမှာ သူငယ်ချင်း ၄ ယောက်နှင့်အတူကြက်ပေါင်ခြံသဲကျောက်ဆိပ်တွင် ရေကူးနေစဥ် ရေနစ်ပျောက်ဆုံးသွားခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးကပြောသည်။

” ကလေးငယ်က ၇ တန်းကျောင်းသားလို့ပြောတယ် ။ သူတို့ ကျောင်းက ဝါဆိုသင်္ကန်းကပ်တော့ စောစောကျောင်းဆင်းတယ်ပြောတယ်၊အခုရေနစ်တဲ့ ကလေးအပါအဝင် ၅ ယောက်လာတယ် ရေနစ်တာက ကမ်းစက်နားမှာပဲ ထောင့်နေရာဖြစ်နေတော့ ရေက အရမ်းနစ်တာ ၊ ချက်ချင်းပဲ မီးသတ်တွေနဲ့ လူမူကူညီရေးအသင်းတွေ ခေါ်ပြီး ကယ်ဆယ်ရှာဖွေးရေးလုပ်နိုင်ခဲ့တယ် ၊ အလောင်းကိုတော့ ဆေးရုံကြီးပိုထားတယ်၊ ” ဟု ၎င်းကပြောသည်။

အဆိုပါ သေဆုံး ကလေးငယ်မှာ အသက် ၁၄ နှစ်အရွယ် ၇ တန်း တက်ရောက်နေသည့် မြေမြင့်ရပ်ကွက်လမ်းသွယ် ၃ တွင်နေထိုင်သူ ရှိုင်းဝန ဆိုသူဖြစ်ကြောင်းသိရသည်။

အလားတူ ဇူလိုင်လ ၁၀ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ မနောဧရာ ရေကူးလေ့ကျင့်ကန့်အတွင်း လူငယ်တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။