Trending Now

မိုးညှင်းမြို့တွင် COVID-19 ကော်မတီမှ ဈေးများတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး ရောဂါမဖြစ်ပွါးစေရေး အသိပညာပေး

Spread the love

မိုးညှင်းမြို့တွင် COVID-19 ကော်မတီမှ ဈေးများတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး ရောဂါမဖြစ်ပွါးစေရေး အသိပညာပေး

EPN
မိုးညှင်း၊ မေ ၂၄

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ မေလ(၂၄)နေ့ နံနက်(၈)နာရီအချိန်တွင် မိုးညှင်းမြို့ရှိအမှတ်(၁)မြို့မဈေးနှင့် အမှတ်(၂) အောင်သပြေဈေးများ သို့ သွားရောက်၍ Covid 19ရောဂါမဖြစ်ပွါးစေရန်အတွက် ဈေးသူဈေးသားများ Mask တပ်ဆင်ခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးပြီး အသိပညာပေး ခဲ့ကြသည်။

မိုးညှင်းမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီသည်မိုးညှင်းမြို့တွင်နေအိမ် ပြင်ပထွက်ခွါ သူများအနေဖြင့် Maskတပ်ကြရန် ပညာပေးကာလ (၃)ရက် သတ်မှတ်ပညာပေးခဲ့ပြီးနောက် မေလ(၂၂)ရက်နေ့ နံနက်(၇)နာရီအချိန်မှစ၍ မိုးညှင်းမြို့၏ အချက်အချာကျနေရာရာများတွင် အဖွဲ့(၄)ဖွဲ့ ခွဲ၍ Mask မတပ်ဆင်သူများအား အပြစ်ပေး အရေးယူမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ထို့အပြင် မိုးညှင်းမြို့နယ် COVID-19 ကော်မတီအနေဖြင့် Mask မတပ်ဆင်ဘဲနေအိမ်ပြင်ပထွက်ခွါလာ သူများအား ပထမအဆင့်အနေနှင့် ဒဏ်ငွေ(၁၀၀၀)ကျပ် ပေးဆောင်စေပြီး Mask တစ်ခု လက်ဆောင် ပေးခဲ့ကြကာ ဒုတိယအဆင့်အနေဖြင့် ဒဏ်ငွေ (၅၀၀၀)ကျပ် ပေးဆောင်ရန် သတ်မှတ်ပြီး တတိယအဆင့် အနေဖြင့် ဒဏ်ငွေ ပေးဆောင်ရန်ငြင်းဆန်ပြီး ပြသနာဖန်တီးခဲ့ပါက ကူးစက်ရောဂါ ကာကွယ်တားဆီးရေး ဥပဒေပုဒ်မ(၁၅)ဖြင့်မိုးညှင်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ယင်းကော်မတီမှ သိရသည်။

မိုးညှင်းမြို့နယ်အတွင်း Covid 19 ရောဂါမဖြစ်ပွါး စေရေးအတွက် အထောက်အကူ အကာအကွယ် ဖြစ်စေမည့် Mask တပ်ဆင်ခြင်းမပြုသူများအား မိုးညှင်းမြို့နယ် Covid 19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီမှ အပြစ်ပေးအရေးယူခြင်း လုပ်ငန်းကိုမေလ (၂၂)ရက်နေ့က စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။