Trending Now

ဆီမီးဖိုင်နယ်သို့ ရောက်‌ရှိနေသည့် ဆော့လော်မြို့နယ် ကိုယ်စားပြု U 19 ဘောလုံးအသင်းသို့ ဦးဇခုန်ယိန်းဆောင်မှ ဂုဏ်ပြုငွေ ချီးမြှင့်

Spread the love

ဆီမီးဖိုင်နယ်သို့ ရောက်‌ရှိနေသည့် ဆော့လော်မြို့နယ် ကိုယ်စားပြု U 19 ဘောလုံးအသင်းသို့ ဦးဇခုန်ယိန်းဆောင်မှ ဂုဏ်ပြုငွေ ချီးမြှင့်

EPN
ဆော့လော်၊ ဇွန် ၉

ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား အသက် ၁၉နှစ်အောက် မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် အဆင့်သို့ ရောက်ရှိနေသည့် ကချင်အထူးဒေသ (၁) ဆော့လော်မြို့နယ် ကိုယ်စားပြု U 19 ဘောလုံးအသင်းသို့ ဦးဇခုန်ယိန်းဆောင်မှ ဂုဏ်ပြုငွေ ပေးအပ် ချီးမြှင့် ခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား အသက် ၁၉ နှစ်အောက်မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားရှိ ပြည်နယ် အားကစားကွင်းတွင် ဇွန်လ ၁ ရက်နေ့မှ စတင်ကျင်းပလျှက်ရှိနေရာ ဆီမီးဖိုင်နယ်သို့ ရောက်ရှိနေပြီ ဖြစ်သည့် ကချင်အထူးဒေသ (၁) ဆော့လော်မြို့နယ် ကိုယ်စားပြု U 19 ဘောလုံးအသင်းသို့ ဦးဇခုန်ယိန်းဆောင်မှ ကျပ်ဆယ်သိန်းတိတိ ကို ယနေ့ ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

ဆော့လော်မြို့နယ် ကိုယ်စားပြု U 19 ဘောလုံးအသင်းသည် ယနေ့ ညနေပိုင်းတွင် ဗန်းမော်မြို့နယ် ကိုယ်စားပြုအသင်းနှင့် ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။