Trending Now

ကုလသမဂ္ဂမဟာမင်းကြီးရဲ့အစီရင်ခံစာက တဖက်သတ်ဆန်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တုံ့ပြန်

Spread the love

ကုလသမဂ္ဂမဟာမင်းကြီးရဲ့အစီရင်ခံစာက တဖက်သတ်ဆန်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တုံ့ပြန်

EPN
နိုင်ငံတကာ၊ မတ် ၂၂
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တင်သွင်းသွင်းခဲ့တဲ့ ကုလသမဂ္ဂ မဟာမင်းကြီးရဲ့အစီရင်ခံစာက တစ်ဖက် သတ် ဆန်ပြီး အစီရင်ခံစာပါ အကြုံပြုချက်များကို လက်မခံကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စား လှယ်က တုံပြန်ပြောဆိုလိုက်ပါတယ်။

ဂျီနီဗာမြို့၊ ကုလသမဂ္ဂရုံးမှာ ဖေဖော်ဝါရီ ၂၅ ရက်ရက်မှ မတ်လ ၂၂ ရက်အထိ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြိမ် (၄၀) မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရဲ့နှစ်စဉ်အစီရင်ခံစာ တင်သွင်းမှုတစ်ရပ်တင်သွင်းချိန်မှာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ထည့်သွင်းပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် မဟာမင်းကြီးရဲ့အစီရင်ခံစာမှာတစ်ဖက်မှ ပြောကြား ချက်များသာ ထင်ဟပ်လျက်ရှိပြီး၊ မြန်မာအစိုးရ ရဲ့ကြိုးပမ်းအားထုတ်မှုတွေနဲ့ ထင်သာမြင်သာတဲ့ တိုးတက် မှုများကို လျစ်လျူရှုထားကြောင်း၊ ပြောပါတယ်။

ဒါ့အပြင် အစီရင်ခံစာ က မြေပြင်မှ ရှုပ်ထွေးမှုများ နဲ့ စိန်ခေါ်မှုများကို ကောင်းစွာ နားလည်မှုမရှိတာကိုပြသ နေကြောင်း၊ မြန်မာ အမြဲတမ်းကိုယ်စားလှယ်က ဆိုပါတယ်။

ရခိုင်ပြည်နယ်အရေးကိစ္စ ကစိန်ခေါ်မှုများစွာနဲ့ ရှုပ်ထွေးနက်နဲလျက် ရှိပြီး အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ရှိ လူများအားလုံးအတွက် ရေရှည်တည်တံ့တဲ့ဖြေရှင်း မှုရရှိရေးကို ကတိပြုထားတယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် အမြဲတမ်းကိုယ်စား လှယ်ဦးကျော်မိုးထွန်းကပြောပါတယ်။
——————————————


EPN







Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။