Trending Now

မြစ်ကြီးနားလေဆိပ်တွင် လေကြောင်းလိုင်းများကို တိုးချဲ့ပြေးဆွဲပေးရန် ပြည်သူများလိုလား

Spread the love

မြစ်ကြီးနားလေဆိပ်တွင် လေကြောင်းလိုင်းများကို တိုးချဲ့ပြေးဆွဲပေးရန် ပြည်သူများလိုလား

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၆ (၂၀၂၄)

နိုင်ငံရေးအခြေအနေများကြောင့် လေကြောင်းလိုင်းကိုသာ အဓိကထားကာ ခရီးသွားလုပ်ငန်းများကို လုပ်ဆောင်နေရသည့်အတွက် မြစ်ကြီးနားလေဆိပ်တွင် ပြေးဆွဲလျက်ရှိသည့် လေကြောင်းလိုင်းများကို တိုးချဲ့ပြေးဆွဲပေးစေလိုကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။

မြေပြင်ကားလမ်းများတွင် တိုက်ပွဲများကြောင့် လမ်းပိတ်မှုများ ဖြစ်ပေါ်နေပြီး၊ တိုက်ပွဲအန္တရာယ်များကြောင့် မြစ်ကြီးနားမြိုခံ အများစုမှာ လေကြောင်းလိုင်းကိုသာ အဓိကထားကာ သွားလာနေရကြောင်း လက်ရှိတွင် လေယာဉ်လက်မှတ်များ ဝယ်ရာတွင်လည်း ရက်ကြိုဝယ်ယူနေရကြောင်း မြို့သစ်ကြီးရပ်ကွက်နေဒေသခံတစ်ဦးက ပြောသည်။

” လက်ရှိမှာဆိုလည်း မန္တလေးကာလမ်းတွေကို ပိတ်ထားတယ်။ ဒီလိုတိုက်ပွဲတွေဖြစ်နေထဲက မြစ်ကြီးနားကနေ တခြားကို ခရီးသွားရင် ကားလမ်းထက် လေကြောင်းကိုပဲ အားထားရတယ်။ လေကြောင်လိုင်းနဲ့ သွားမယ်ဆိုလဲ တစ်ပတ် ဒါမှမဟုတ်ရင် တစ်လကြိုမှာရတယ်။ ခရီးသွားတွေအနေနဲ့ အရေးကြီးသွားရတဲ့ ခရီးတွေကြရင် အချိန်မမီတာတွေ ဖြစ်နေတယ်။ ဒီအတွက်ကြောင့် လေကြောင်းလိုင်တွေကို တိုးချဲ့ပြေးဆွဲတာတွေလုပ်ဆောင်ပေးဖို့ လိုအပ်တယ် ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် မြစ်ကြီးနားလေဆိပ်မှ အခြားလေဆိပ်များသို့ လေကြောင်းလိုင်း (၄)လိုင်းဖြင့် ပြေးဆွဲလျက်ရှိပြီး၊ ခရီးသည်များပါက လေကြောင်းခရီးစဉ်များကို တိုးချဲပြေးဆွဲမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း မြစ်ကြီးနားလေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” မြစ်ကြီးနားလေဆိပ်ကနေ ပြေးဆွဲနေတဲ့လေကြောင်းလိုင်း (၄)လိုင်း ရှိပါတယ်။ ခရီးသည် အင်အားများရင် များသလိုလဲ တိုးချဲ့ပြေးဆွဲနေပါတယ်။ လက်ရှိမှာတော့ ခရီးသည်တွေက ပုံမှန်ခရီးသွားကာလမဟုတ်ရင်တောင် တစ်ပတ်၊ နှစ်ပတ်လောက် ကြိုတင်မှာယူနေတာကိုလည်း တွေမြင်ရပါတယ် ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် မြစ်ကြီးနားလေဆိပ်မှ မြန်မာ့လေကြောင်း၊ မန်းရတနာပုံ၊ မင်္ဂလာလေကြောင်းလိုင်း၊ MAI လေကြောင်းလိုင်းစသည့် လေကြောင်းလိုင်း (၄)လိုင်းပြေးဆွဲလျက်ရှိရာ မြစ်ကြီးနားမှ မန္တလေး သို့ လေယာဉ်လက်မှတ်ခ ၃သိန်းဝန်းကျင်နှင့်  မြစ်ကြီးနားမှ ရန်ကုန်သို့  လေယာဉ်လက်မှတ်ခ ၄သိန်းဝန်းကျင် ဝယ်ယူနေရကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။