Trending Now

မိုးကောင်းမြို့အတွင်း အဓိက ရေဝင်ရောက်မှု ဖြစ်ပေါ်နေသည့် နေရာတွင် လူမှုကူညီရေးအဖွဲ့များမှ ကိုယ်ထူကိုယ်ထ သဲအိတ်များဖြင့် ကာရံထားရ

Spread the love

မိုးကောင်းမြို့အတွင်း အဓိက ရေဝင်ရောက်မှု ဖြစ်ပေါ်နေသည့် နေရာတွင် လူမှုကူညီရေးအဖွဲ့များမှ ကိုယ်ထူကိုယ်ထ သဲအိတ်များဖြင့် ကာရံထားရ

EPN
မြစ်ကြီးနား၊ သြဂုတ် ၄

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ရင်းချောင်းရေ အဓိက ဝင်ရောက်လျှက်ရှိသည့် နိမ့်ကျနေသည့်ကမ်းပါးနံရံ အချို့ကို လူမှုကူညီရေးအဖွဲ့များမှ ကိုယ်ထူကိုယ်ထ သဲအိတ်များ ကာယီကာရံ ထားရကြောင်း ရင်ငြိမ်းပန်းလူမှုကူညီရေးအသင်းထံမှ သိရသည်။

နန့်ရင်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအနောက်ဘက် တွင် အရှည် ပေ၄၀ ခန့် အမြင့် ၃ ပေခန့် နိမ့်ကျနေသည့် ရေထိန်းနံရံကို ယနေ့ နံနက် ၈ နာရီအချိန်က နန့်ရင်းရပ်ကွက် လူမူကူညီရေးအဖွဲ့နှင့် ရင်ငြိမ်းပန်းလူမှုကူညီရေးအသင်းတို့ ပူးပေါင်းကာ သဲအိပ်များဖြင့် ကာရံထားကြောင်း ရင်ငြိမ်းပန်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

“အဓိက ကတော့ ကျနော်တို့မိုးကောင်းမှ ရေဝင်ရောက်တက်တဲ့ နန့်ရင်းရပ်ကွက်မှာ နောက်ထပ်ရေတက်လာရင် အထိုက်အလျောက် တားစီးနိုင်ဖို့၊ သဲအိတ်တွေနဲ့ကာရံထားတာဖြစ်တယ်၊ သဲအိတ်တွေကိုလဲ ကိုယ်ထူကိုယ်ထဝယ်ပြီး အသင်းက လူငယ်တွေနဲ့ပဲ ဒီနေ့မနက်ပိုင်းက ဆောင်ရွက်ခဲ့ပါတယ်” ဟု၎င်းက ဆိုသည်။

၂၀၂၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော အဆိုပါ ရေထိန်းနံရံသည် ရေတိုက်စားမှုကြောင့် အောက်ခြေရှိမြေနိမ့်ကျကာ ချိုင့်ဝှမ်းပုံစံဖြစ်ပေါ်နေကြောင်း သိရသည်။

ယင်းနေရာကို သဲအိတ် ၅၀၀ ဖြင့် ယာယီကာရံထားကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ရေထိန်းနံရံများကို ပြန်လည်ပြုပြင်ပေးစေလို ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိ မိုးကောင်းမြို့နယ်တွင် နန့်ရင်းချောင်းရေ၏ စိုးရိမ်ရေအမှတ်ထက် တစ်လက်မခန့် အကျော်တွင် ရောက်ရှိနေကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။