Trending Now

ဘာကီနာဖာဆို နိုင်ငံခြားရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

Spread the love

ဘာကီနာဖာဆို နိုင်ငံခြားရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

EPN
နိုင်ငံတကာ မတ် ၂၁

ဘာကီနာဖာဆို နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဖာဘာရီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်းကြောင့် တိုင်းပြည်အတွင်း အဆိုပါဗိုင်းရပ်စ် ကူးစက်ခံရသည့် ဝန်ကြီးအရေအတွက်မှာ သုံးဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

ဝန်ကြီးကိုယ်တိုင်က လူမှုကွန်ရက်များ၌ သူ၏အခြေအနေကို အသေးစိတ်မပြောကြားပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း အတည်ပြုခဲ့သည်။

ဘာရီမှာ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း ကြညာခဲ့သည့် ဘာကီနာဖာဆိုနိုင်ငံ၏ တတိယမြောက်ဝန်ကြီး ဖြစ်လာခဲ့သည်။

ဘာကီနာဖာဆို ပညာရေးဝန်ကြီးနှင့် ပိုင်နက်နယ်မြေ စီမံခန့်ခွဲရေးဝန်ကြီးတို့သည်လည်း ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။

ဘာကီနာဖာဆိုနိုင်ငံက မတ်လ ၉ ရက်တွင် ပထမဆုံးသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကြေညာခဲ့ပြီး ယခုအခါ ကူးစက်မှု ၄၀ အထိ ရှိလာခဲ့ပြီဖြစ်သည်။

ဘာကီနာဖာဆိုသမ္မတ မတ်ခ်ခရစ်ယာန်ကာဘိုးက ည ၇ နာရီမှ နံနက် ၅ နာရီအထိ တိုင်းပြည်တစ်ဝန်း ညမထွက်ရအမိန့်နှင့် ကုန်းလမ်း၊ လေကြောင်းနှင့် နယ်စပ်ဂိတ်များပိတ်ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။

အဆိုပါစီမံချက်များက ယနေ့ည သန်းခေါင်ယံအချိန်မှစ၍ အသက်ဝင်လာမည်ဖြစ်သည်။

–ကိုးကား–ဆင်ဟွာ
Ref; Burkina Faso’s foreign minister tests positive for COVID-19


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။