Trending Now

ကံပိုင်တည်ဂိတ်သို့ သွားရာ ဝိုင်းမော် ဆဒုံး ကံပိုင်တည် လမ်းပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ကုန်ကားများ ယာယီပိတ်မိနေ

Spread the love

ကံပိုင်တည်ဂိတ်သို့ သွားရာ ဝိုင်းမော် ဆဒုံး ကံပိုင်တည် လမ်းပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ကုန်ကားများ ယာယီပိတ်မိနေ

EPN
မြစ်ကြီးနား ၊ သြဂုတ် ၅

ကချင်ပြည်နယ်ရှိ တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်သည့် ကံပိုင်တည် ဂိတ်သို့ သွားရာ ဝိုင်းမော်-ဆဒုံး-ကံပိုင်တည် လမ်းပေါ်တွင် တပ်မတော်နှင့် KIA ၊ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေသည့်အတွက်ကြောင့် ကုန်ကားသွားလာမှုများကို ယနေ့အချိန်အထိ ယာယီပိတ်ထားကြောင်း တရုတ်မြန်မာ ကုန်သွယ်ရေးများပြုလုပ်နေသည့် လုပ်ငန်းရှင်များထံမှသိရသည်။

အဆိုပါ ်ကံပိုင်တည်လမ်းပေါ်တွင် တပ်မတော်နှင့် KIA ၊ PDF ပူးပေါင်းအဖွဲ့တို့ကြား သြဂုတ်လ (၂)ရက်နေ့မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် အတက်ကားများကို (၁၃)မိုင် တွင် ရပ်နားထားရပြီး ၊ အဆင်းကုန်ကားများကို ဆဒုံးရေတံခွန် အနီးတွင်ရပ်နားထားရကြောင်း ဝိုင်းမော် – ဆဒုံး – ကံပိုင်တည် လမ်းကုန်ကားပြေးဆွဲနေသည့် ကားဆရာတစ်ဦးကပြောသည်။

“ ကျနော်တို့ အဆင်းကားတွေကိုက ဆဒုံးရေတံခွန်းနားမှာ ရပ်နားထားခိုင်တယ် ၊ ရပ်နားနေရတာ (၄)ရက်လောက်ရှိနေပြီး ၊ အင်ဝမ်းကောင်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်ပြောတယ်၊ အဆင်းကာတွေကတော့ ခန့်မှန်း (၂၀)လောက်ရှိမယ် ၊ ပိတ်မိနေတာ၊ အတက်ကာတွေလဲ (၁၃)မိုင်မှာ ရပ်ထားရတယ်ပြောတယ်၊ “ ဟု ၎င်းကပြောသည်။

အဆိုပါ တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကုန်ကားများ ရပ်နားထားရသည့်အတွက် ကုန်သွယ်မှုစီးဆင်းရေးအပိုင်းတွင် ထိခိုက်မှုများရှိလာကြောင်း တရုတ်မြန်မာ ကုန်သွယ်ရေးများပြုလုပ်နေသည့် လုပ်ငန်းရှင်တစ်ဦးကပြောသည်။

“ ကုန်သွယ်ရေးတွေ ရပ်နားထားရတော့ ပြည်တွင်း ကုန်သွယ်စီးဆင်းမှုတွေ မှာလည်း ထိခိုက်လာတယ်၊ နောက်ပြီးကံပိုင်တည်လမ်းက အခြားနယ်စပ်ကုန်သွယ်ရေးဂိတ်တွေနဲ့ယှဉ်ရင် ကုန်ကျစရိတ်များတယ်၊ တရုတ်ကုန်ကားတွေပဲဝင်ခိုင်ပြီး ၊ ဒီဘက်ရောက်မှ မြန်မာကားကိုလဲရတော့ စရိတ်ပိုကြီးတယ်၊ အမြန်ဆုံတော့ လမ်းတွေဖွင့်ပေးရင်အဆင်ပြေလိမ့်မယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ကံပိုင်တည်ဂိတ်သွားလမ်းပေါ်တွင် တပ်မတော်နှင့် KIA ၊ PDF ပူးပေါင်းအဖွဲ့တို့ကြား ဇူလိုင်လ (၂)ရက်နေ့မှ စတင်ကာ မကြာခဏတိုက်ပွဲများဖြစ်ပွားလေ့ရှိပြီး သြဂုတ်လ (၄)ရက်နေ့ကလည်း (၁၉)မိုင်အနီး တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။