Trending Now

ႏိုင္ငံေတာ္သမၼတ၏ တတိအႀကိမ္ လြတ္ၿငိမ္းသက္သာခြင့္အျဖစ္ မိုးညႇင္းအက်ဥ္းေထာင္မွ ပုဒ္မ(၁၇/၁) ABSDF၂ဦး သာ ပါဝင္

Spread the love

ႏိုင္ငံေတာ္သမၼတ၏ တတိအႀကိမ္ လြတ္ၿငိမ္းသက္သာခြင့္အျဖစ္ မိုးညႇင္းအက်ဥ္းေထာင္မွ ပုဒ္မ(၁၇/၁) ABSDF၂ဦး သာ ပါဝင္

EPN
မိုးညႇင္း၊ ေမ ၇

ႏိုင္ငံေတာ္သမၼတ၏ တတိအႀကိမ္ လြတ္ၿငိမ္းသက္သာခြင့္အျဖစ္ အက်ဥ္းသားမ်ား လြတ္ေပးခဲ့ရာ ယေန႔ မိုးညႇင္းအက်ဥ္းေထာင္မွ ပုဒ္မ(၁၇/၁) ABSDF၂ဦး သာ ပါဝင္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္သမၼတ၏ ကို တတိယအႀကိမ္ ျပစ္ဒဏ္လြတ္ၿငိမ္းသက္သာခြင့္အျဖစ္ အက်ဥ္းသား (၆၅၂၀)ဦး ကို လြတ္ၿငိမ္းသက္သာခြင့္ေပးခဲ့ရာ ကခ်င္ျပည္နယ္အတြင္းရိွ ျမစ္ႀကီးနားအက်ဥ္းေထာင္၊ ဗန္းေမာ္အက်ဥ္းေထာင္တို႔မွ အက်ဥ္းသားမ်ား မပါဝင္ေၾကာင္းသိရၿပီး မိုးညႇင္းအက်ဥ္းေထာင္မွ ပုဒ္မ(၁၇/၁)ျဖင့္ မတရားအသင္းဆက္သြယ္မူျဖင့္ ျပစ္ဒဏ္က်ခံရသူ (၂)ဦး ျဖစ္ေသာ (ABSDF)ဒီမိုကရက္တစ္တပ္ဦး ေျမာက္ပိုင္း ဒုဥကၠ႒ ျဖစ္သူ ကိုေအာင္ေဆြဦးႏွင့္ အဖြဲ႕ဝင္ကိုေမာင္ဦး တို႔ (၂)ဦးသာ လြတ္ၿငိမ္းသက္ခြင့္ ရရိွခဲ့ေၾကာင္း မိုးညႇင္းအက်ဥ္းဦးစီးဌာနမွ ေထာင္ပိုင္တာဝန္ခံ ဦးသိန္းေဇာ္ေမာင္ထံမွ သိရသည္။

“ႏိုင္ငံေတာ္သမၼတအမိန္႕နဲ႕ လႊတ္ၿငိမ္းခြင့္အျဖစ္ က်ေနာ္တို႔ မိုးညႇင္းအက်ဥ္းေထာင္ကေန ယေန႔ ေမလ(၇)ရက္ေန႔မွာ (ABSDF)အဖြဲ႕ဝင္(၂)ဦး လြတ္ၿငိမ္းခြင့္ရရိွပါတယ္။ ပထမအႀကိမ္မွာ (၅၁၈)ဦး ဒုတိအႀကိမ္တုန္းကေတာ့ (၁၃၂၅)ဦး လြတ္ၿငိမ္းသက္သာခြင့္ ရရိွခဲ့ပါတယ္။ ႏိုင္ငံေတာ္သမၼတအမိန္႔စာမွာ ေနာက္ထပ္လည္း ဆက္လက္စစ္ေဆးၿပီး လႊတ္သင့္လႊတ္ထိုက္သူမ်ားကို ထပ္မံလႊတ္ေပးမယ္ လို႔ သမၼတႀကီးရဲ႕အမိန္႔စာမွာ ပါတဲ့အတြက္ အက်ဥ္းသားေတြအတြက္ ေမွ်ာ္လင့္ခ်က္ရိွေၾကာင္း” မိုးညႇင္းအက်ဥ္းေထာင္မွ ေထာင္ပိုင္တာဝန္ခံ ဦးသိန္းေဇာ္ေမာင္မွ ေျပာပါတယ္။

ႏိုင္ငံေတာ္သမၼတ၏ အမိန္႔အမွတ္(၁၆/၂၀၁၉)အရ (၁၃၈၁)ခုႏွစ္၊ ကဆုန္လဆန္း(၄)ရက္ေန႔တြင္ ျမန္မာႏွစ္သစ္မဂၤလာအခၚသမ အထိမ္းအမွတ္ျဖစ္လည္းေကာင္း၊ ျပည္သူလူထုႏွလံုးစိတ္ဝမ္းၿငိမ္းခ်မ္းေစေရးႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈကို အေလးထားေသာအားျဖင့္ လည္းေကာင္း၊ ႏိုင္ငံေတာ္အစိုးရ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ေခ်ာေမြ႕ေအာင္ျမင္ေစရန္ႏွင့္ အမ်ဳိးသားျပန္လည္သင့့္္ျမတ္ေရး အေထာက္အကူျပဳေစရန္ အတြက္လည္းေကာင္း၊ ျမန္မာႏိုင္ငံ အက်ဥ္းေထာင္အက်ဥ္းစခန္းအသီးသီးတြင္ ျပစ္ဒဏ္က်ခံေနရေသာ အက်ဥ္းသားမ်ားကို ဧၿပီလမွ စတင္ကာ လႊတ္ၿငိမ္းသက္သာခြင့္ ေပးခဲ့ၿပီး ယခု ေမလ (၇)ရက္ေန႔တြင္ တတိအႀကိမ္ အက်ဥ္းသား (၆၅၂၀)ဦး ထပ္မံလြတ္ၿငိမ္းသက္သာခြင့္ေပးခဲ့ရာ အဆိုပါ လြတ္ၿငိမ္းသက္သာခြင့္ စာရင္းတြင္ မိုးညႇင္းအက်ဥ္းေထာင္မွ ABSDF ဝင္ႏွစ္ဦး သာ လြတ္ၿငိမ္းသက္သာခြင့္ရရိွခဲ့ေၾကာင္း သိရသည္။

မိုးျမင့္

——————————————————— 

နိုင်ငံတော်သမ္မတ၏ တတိအကြိမ် လွတ်ငြိမ်းသက်သာခွင့်အဖြစ် မိုးညှင်းအကျဉ်းထောင်မှ ပုဒ်မ(၁၇/၁) ABSDF၂ဦး သာ ပါဝင်

EPN
မိုးညှင်း၊ မေ ၇

နိုင်ငံတော်သမ္မတ၏ တတိအကြိမ် လွတ်ငြိမ်းသက်သာခွင့်အဖြစ် အကျဉ်းသားများ လွတ်ပေးခဲ့ရာ ယနေ့ မိုးညှင်းအကျဉ်းထောင်မှ ပုဒ်မ(၁၇/၁) ABSDF၂ဦး သာ ပါဝင်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ ကို တတိယအကြိမ် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အဖြစ် အကျဉ်းသား (၆၅၂၀)ဦး ကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ရာ ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားအကျဉ်းထောင်၊ ဗန်းမော်အကျဉ်းထောင်တို့မှ အကျဉ်းသားများ မပါဝင်ကြောင်းသိရပြီး မိုးညှင်းအကျဉ်းထောင်မှ ပုဒ်မ(၁၇/၁)ဖြင့် မတရားအသင်းဆက်သွယ်မူဖြင့် ပြစ်ဒဏ်ကျခံရသူ (၂)ဦး ဖြစ်သော (ABSDF)ဒီမိုကရက်တစ်တပ်ဦး မြောက်ပိုင်း ဒုဥက္ကဋ္ဌ ဖြစ်သူ ကိုအောင်ဆွေဦးနှင့် အဖွဲ့ဝင်ကိုမောင်ဦး တို့ (၂)ဦးသာ လွတ်ငြိမ်းသက်ခွင့် ရရှိခဲ့ကြောင်း မိုးညှင်းအကျဉ်းဦးစီးဌာနမှ ထောင်ပိုင်တာဝန်ခံ ဦးသိန်းဇော်မောင်ထံမှ သိရသည်။

“နိုင်ငံတော်သမ္မတအမိန့်နဲ့ လွှတ်ငြိမ်းခွင့်အဖြစ် ကျနော်တို့ မိုးညှင်းအကျဉ်းထောင်ကနေ ယနေ့ မေလ(၇)ရက်နေ့မှာ (ABSDF)အဖွဲ့ဝင်(၂)ဦး လွတ်ငြိမ်းခွင့်ရရှိပါတယ်။ ပထမအကြိမ်မှာ (၅၁၈)ဦး ဒုတိအကြိမ်တုန်းကတော့ (၁၃၂၅)ဦး လွတ်ငြိမ်းသက်သာခွင့် ရရှိခဲ့ပါတယ်။ နိုင်ငံတော်သမ္မတအမိန့်စာမှာ နောက်ထပ်လည်း ဆက်လက်စစ်ဆေးပြီး လွှတ်သင့်လွှတ်ထိုက်သူများကို ထပ်မံလွှတ်ပေးမယ် လို့ သမ္မတကြီးရဲ့အမိန့်စာမှာ ပါတဲ့အတွက် အကျဉ်းသားတွေအတွက် မျှော်လင့်ချက်ရှိကြောင်း” မိုးညှင်းအကျဉ်းထောင်မှ ထောင်ပိုင်တာဝန်ခံ ဦးသိန်းဇော်မောင်မှ ပြောပါတယ်။

နိုင်ငံတော်သမ္မတ၏ အမိန့်အမှတ်(၁၆/၂၀၁၉)အရ (၁၃၈၁)ခုနှစ်၊ ကဆုန်လဆန်း(၄)ရက်နေ့တွင် မြန်မာနှစ်သစ်မင်္ဂလာအခါ်သမ အထိမ်းအမှတ်ဖြစ်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းငြိမ်းချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချောမွေ့အောင်မြင်စေရန်နှင့် အမျိုးသားပြန်လည်သင့့််မြတ်ရေး အထောက်အကူပြုစေရန် အတွက်လည်းကောင်း၊ မြန်မာနိုင်ငံ အကျဉ်းထောင်အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများကို ဧပြီလမှ စတင်ကာ လွှတ်ငြိမ်းသက်သာခွင့် ပေးခဲ့ပြီး ယခု မေလ (၇)ရက်နေ့တွင် တတိအကြိမ် အကျဉ်းသား (၆၅၂၀)ဦး ထပ်မံလွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ရာ အဆိုပါ လွတ်ငြိမ်းသက်သာခွင့် စာရင်းတွင် မိုးညှင်းအကျဉ်းထောင်မှ ABSDF ဝင်နှစ်ဦး သာ လွတ်ငြိမ်းသက်သာခွင့်ရရှိခဲ့ကြောင်း သိရသည်။

မိုးမြင့်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။