Trending Now

မြန်မာနိုင်ငံဘက်မှ စိန်ပြောင်းဗုံးသီးများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကျရောက်ခဲ့သည့်အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကန့်ကွက်လွှာတင်သွင်းမည်ဟုဆို

Spread the love

မြန်မာနိုင်ငံဘက်မှ စိန်ပြောင်းဗုံးသီးများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကျရောက်ခဲ့သည့်အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကန့်ကွက်လွှာတင်သွင်းမည်ဟုဆို

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၉

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကျလာတဲ့ စိန်ပြောင်းဗုံးသီး တွေနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်လွှာတင်သွားမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မာဆွတ်ဘင်မိုမန်က ပြောကြားလိုက်ပါတယ်။

“အခုလိုအဖြစ်အပျက်မျိုးနဲ့ပတ်သက်လာရင် ကျွန်တော်တို အမြဲလိုလို ကန့်ကွက်လွှာတင်သွင်းခဲ့ပါတယ်။ ဒါက လုပ်နေကျအလုပ်ပါပဲ။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကလည်း အလားတူအဖြစ်အပျက်မျိုးနဲ့ပတ်သက်ပြီး အစီရင်ခံ စာတွေ ကျွန်တော်တို ရရှိခဲ့ပါတယ်။” လို ၎င်းကပြောပါတယ်။

သြဂုတ်လ ၂၈ ရက် (တနင်္ဂနွေနေ့) က ဘန်ဒါဘန်ခရိုင်၊ နိုင်ခေါင်းချဟာရီ (Naikkhyangchhari) ဒေသထဲမှာရှိ တဲ့ ဂမ်ဒမ်နယ်မြေရဲ့ တမ်ဘရူနယ်စပ်ဒေသကို မြန်မာနိုင်ငံဘက်က စိန်ပြောင်းဗုံးသီးနှစ်လုံး ကျရောက်ခဲ့တယ် လို ဆိုပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်အတွင်းမှာ အခုလိုအဖြစ်အပျက်မျိုးတွေ ဘာမှဖြစ်မလာအောင် ကျွန်တော်တို ပြင်း ပြင်းထန်ထန် ကန့်ကွက်လွှာတင်သွင်းသွားမှာဖြစ်ပါတယ်။” လို မာဆွတ်ဘင်မိုမန်က သတင်းထောက်တွေကို ပြောပါတယ်။

စိန်ပြောင်းဗုံးသီးတွေဟာ နယ်စပ်ကနေ တစ်ကီလိုမီတာခွဲလောက်ဝေးတဲ့နေရာမှာရှိနေတဲ့ ဗလီတစ်ခုအနားကို ကျရောက်ခဲ့တာဖြစ်တယ်လို ရဲတပ်ဖွဲက ပြောပါတယ်။

အဲဒီစိန်ပြောင်းဗုံးသီးတွေဟာ မြန်မာနိုင်ငံက နယ်ခြားစောင့်ရဲတပ်ဖွဲနဲ့ သူပုန်အုပ်စုတစ်စုကြား တိုက်ပွဲဖြစ်ပွားနေ စဉ်အတွင်းမှာ ပစ်ခတ်ခဲ့တဲ့ဗုံးသီးတွေဖြစ်နိုင်တယ်လို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကခန့်မှန်းထားကြပါတယ်။

စိန်ပြောင်းဗုံးသီးတွေကျရောက်မှုကြောင့် သေကြေထိခိုက်ပျက်စီးမှုတွေမရှိပေမဲ့ နယ်စပ်ဒေသတစ်ဖက်နိုင်ငံထဲ မှာ နှစ်ပတ်ကြာအထိ သေနတ်သံတွေကြားနေရတဲ့ ဘင်္ဂလားဒေ့ရှ်ဒေသခံတွေကတော့ ထိတ်လန့်တုန်လှုပ်နေခဲ့ ကြတယ်လိုဆိုပါတယ်။

Ref: Bangladesh to protest ‘strongly’ against shells fired from Myanmar

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။