Trending Now

ကိုဗစ်-၁၉ လူနာများ၏ ဆေးကုသစရိတ် ကျခံမည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးပြော

Spread the love

ကိုဗစ်-၁၉ လူနာများ၏ ဆေးကုသစရိတ် ကျခံမည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးပြော

EPN
နိုင်ငံတကာ၊ မေ ၂၉

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် ဖိလစ်ပိုင်နိုင်ငံသားများ၏ ဆေးရုံကုန်ကျစရိတ်များကို ပေးချေးမည်ဟု သမ္မတ ရော့ဒရီဂိုဒူတာတေးက ပြောကြားပြီး ကပ်ရောဂါဖြစ်ပွားနေစဉ် သောင်တင်နေသူများကိုကူညီရန် ဒေသန္တ ရ အစိုးရတာဝန်ရှိသူများကို အမိန့်ပေးလိုက်သည်။

“သာမန် ဖိလစ်ပိုင်ပြည်သူများ၏ ဆေးရုံကျန်ကျစရိတ်များကျခံရန် သူ့တွင် ပြဿနာမရှိကြောင်း၊ ဒေသန္တ ရ အစိုးရတာဝန်ရှိသူများက ဆေးရုံကျသင့်ငွေတောင်းခံလွှာ သူ့ထံပေးပို့ရမည်ဟု ယမန်နေ့နှောင်းပိုင်းက ပြည်သူ များသို့ပြောကြားသည့် မိန့်ခွန်းတစ်ခုအတွင်း ဒူတာတေးက ဆိုသည်။

“ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ အစိုးရစီစဉ်ပေးတဲ့ ဆေးရုံမှာနေရတယ်ဆိုရင် ဆေးကုသစရိတ်အတွက် ကျွန်တော်တို့ ကျခံမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဆေးဘက်ဆိုင်ရာ အကူအညီလိုအပ်နေသည့် ပြည်သူများ ဆေးရုံတက်မှု သွက်လက်မြန်ဆန်စေရန် ဒေ သန္တရ အစိုးရတာဝန်ရှိသူများက ကူညီပေးကြရန် ဒူတာတေးက ညွှန်ကြားခဲ့သည်။ ကပ်ရောဂါကြောင့် ပင်လယ် ရပ်ခြား ဖိလစ်ပိုင်လုပ်သားများ တိုင်းပြည်သို့ပြန်လာမှုကို မပိတ်ပင်ကြရန် ဒေသန္တရတာဝန်ရှိသူများကို ၎င်းက မေတ္တာရပ်ခံခဲ့သည်။

မနီလာမြို့တော်ရှိ သတ်မှတ်ထားသောနေရာများ၌ သီးသန့်ခွဲထားသည့် ပြည်တော်ပြန် ဖိလစ်ပိုင်လုပ် သား ၁၆၀၀၀ ကျော်ကို မေလ ၂၇ ရက်မှစ၍ ၎င်းတို့၏နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အစိုးရ၏ အချက်အ လက်များအရ သိရသည်။

ယခုလနှင့် ဇွန်လအတွင်း ပြည်ပမှ ဖိလစ်ပိုင်လုပ်သားများ ထပ်မံရောက်ရှိလာမည်ဖြစ်ရာ အစိုးရက ကို ဗစ်-၁၉ စမ်းသပ်မှုရလဒ်များ မြန်ဆန်စေရန် ကြိုးပမ်းလျက်ရှိသည်။

–ကိုးကား–
မနီလာတိုင်းမ်
Ref; Duterte offers to pay for Covid-19 patients’ hospitalization


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။