Trending Now

ဗန်းမောက်မြို့တွင် နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲနောက်ပိုင်း နေ့စဉ်နှင့်အမျှ ဆိုင်ကယ်များ ခိုးယူခံနေရ

Spread the love

ဗန်းမောက်မြို့တွင် နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲနောက်ပိုင်း နေ့စဉ်နှင့်အမျှ ဆိုင်ကယ်များ ခိုးယူခံနေရ

EPN
ဗန်းမောက် မေ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့ပေါ်နှင့် ကျေးလက်ဒေသတချို့တို့တွင် နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲနောက်ပိုင်းမှ စတင်ကာ နေ့စဉ်နှင့်အမျှ ဆိုင်ကယ်များ အခိုးခံနေကြရကြောင်း သိရသည်။

ဆိုင်ကယ်ခိုးယူသူများသည် ဈေးအနီးအနားပတ်ဝန်းကျင်၊ လက်ဖက်ရည်ဆိုင်များ၊ တည်းခိုးခန်းများ၊ စားသောက်ဆိုင်များနှင့် အိမ်ဈေးဆိုင်များတွင်ရပ်ထားသည့် ဆိုင်ကယ်များကို ပိုင်ရှင်အလစ်အငိုက်၌ ခိုးယူနေကြခြင်းဖြစ်ပြီးတစ်ရက်လျှင် ၃စီးမှ ၄စီးဝန်းကျင်အထိ အခိုးခံနေကြရကြောင်း မြို့နေပြည်သူများထံမှ သိရသည်။

“ဒီဆိုင်ကယ်သူခိုးတွေဟာ အုပ်စုဖွဲ့ပြီးတော့ခိုးနေတာနေမှာ၊ တစ်နေ့တစ်နေ့ကို ၃စီး ၄စီးထိ အခိုးခံနေကြရတယ်လို့ပြောနေကြတာ၊ မနေ့ကလည်း စီးမော်ကျေးရွာထဲက အိမ်ဝင်းမှာထားတဲ့ ဆိုင်ကယ်လုယူပြီးတော့ လိုက်ရဲရင်လိုက်ခဲ့ဆိုပြီး၊ဓါးရှည်ကြီးကိုင်လို့ပြော သွားလို့ ဆိုင်ကယ်ပိုင်ရှင်က၊ ဒီအတိုင်းဘဲကြည့်နေလိုက်ရတယ်တဲ့”ဟု အမည်မဖေါ်လိုသူ မြို့ခံတစ်ဦးကပြောသည်။

ယခုနောက်ပိုင်းတွင် ဆိုင်ကယ်များသာမက နေအိမ်အတွင်းရှိ ရေမော်တာများ ၊ သုံးဘီးဆိုင်ကယ်များ မီးကြိုးများပါ အခိုးခံနေရသလို ဓါးပြတိုက်မှု ဖြစ်စဉ်များမှာလည်း တစ်ရက်ထက် တစ်ရက်ပိုမိုများပြားလာသည့်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် ဒေသခံများမှ လိုလားနေကြသည်။

ဗန်းမောက်မြို့နယ်တွင် ယခင်က ယင်းကဲ့သို့ ခိုးဆိုးလုယက်ဓါးပြတိုက်မူ အနည်းငယ်သာ ရှိခဲ့သော်လည်း နိုင်ငံရေး မတည်မငြိမ်ဖြစ်လာသည့်နှစ်မှစကာ ခိုးဆိုးလုယက်ဓါးပြတိုက်မှုများ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်လျက်ရှိကြောင်း မြို့ခံများထံမှ သိရသည်။

“မနေ့ကလည်း ပိုက်ဆက်ပစ္စည်းလေး ဝင်ဝယ်ယုံရှိသေးတယ်၊ဆိုင်ကယ်ကို အိမ်ပေါက်ဝနားမှာ ထားတာ၊ပစ္စည်းဝယ်လို့ထွက်လာတော့၊မရှိတော့ဘူး၊ ဇက်သော့လည်းခတ်ထားတယ်၊ ဆိုင်ကယ်က ဝယ်ထားတာတစ်ပတ်တောင်မရှိသေးဘူး၊ သူခိုးတွေက တော်တော်အတင်းရဲလားပြီး၊ တစ်စီးဆိုရင် အခုခေတ်ဈေးနဲ့၁၅သိန်းခွဲလောက်ရှိတယ်၊ပြန်ဝယ်ဖို့ အတော်လေးခက်သွားပြီး ၊ဒီသူခိုးဓါပြတွေကို ထိထိရောက်ရောက်အရေးယူသင့်ပြီး”ဟု ယမန်နေ့ကဆိုင်ကယ်အခိုးခံရသူတစ်ဦးမှ ပြောသည်။

ဗန်းမောက်မြို့တွင် ယခုနှစ်ဖေဖေါ်ဝါရီလ ၆ရက်နေ့နှင့်၂၃ရက်နေ့များက ကျောက်ရွှေ သတ္တုတူးဖေါ်ရေး ကုမ္ပဏီတစ်ခု ဓါးပြတိုက်ခံရကာ၊ ဧပြီလ၁၇ရက်နေ့က မြို့မရပ်ကွက် အိမ်တစ်အိမ်မှ ကျပ်ငွေ(၁၅)သိန်း အခိုးခံရပြီး မေလ၂၅ရက်နေ့တွင်ဗန်းမောက်-အင်းတော်နယ်ကြား တစ်နေရာ၌ အမျိုးသမီးတစ်ဦး ရွှေအနည်းငယ်နှင့် ငွေကျပ်သိန်း (၅၀၀)ဓါးပြတိုက်ခံရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နာဂစ်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။