Trending Now

မြို့သစ်ကြီးရပ်ကွက် ပထမပုဂ္ဂလိကဘဏ်အရှေ့ ယာဉ်တိုက်မူဖြစ်စဉ်မှ ကလေးငယ်ထပ်မံသေဆုံး

Spread the love

မြို့သစ်ကြီးရပ်ကွက် ပထမပုဂ္ဂလိကဘဏ်အရှေ့ ယာဉ်တိုက်မူဖြစ်စဉ်မှ ကလေးငယ်ထပ်မံသေဆုံး

EPN
မြစ်ကြီးနား ၊ ဧပြီ ၇

မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက် ပထမပုဂ္ဂလိကဘဏ်အရှေ့ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ပါဝင်သော ကလေးငယ်တစ်ဦ ယာဉ်တိုက်မှုဖြစ်ပြီး ၃ ရက်အကြာ ယနေ့ ဧပြီ ၇ ရက်နေ့တွင် သေဆုံးသွား‌ကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ မြို့သစ်ရပ်ကွက်ရှိ ပထမပုဂ္ဂလိကဘဏ်အရှေ့အနီး ဧပြီလ၄ ရက်နေ့ ည ၉နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ကလေးငယ်မှာ ယာဉ်တိုက်မှုဖြစ်ပြီး ၃ ရက်အကြာ ယနေ့တွင် ရရှိသည့်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

“မနက်စောစောရန်ကုန်ပို့ဖို့အကုန်စီစဉ်ပြီးမှ သမီးလေး မသန္တာဝင်း (8)နှစ်ကွယ်လွန်သွှားတဲ့အတွက် မိသားစုနဲ့ထက်တူ မျိုးဆက်သစ်လူမူကယ်ဆယ်ရေးအသင်းမှ နောက်နောင်ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” ဟု မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်း စာမျက်နှာတွင်ရေးသားထားသည်။

ယင်းဖြစ်စဉ်ကြောင့် လမ်းသွယ်မှထွက်သောယာဉ်သည် လမ်းမကြီးမှ မောင်းနှင်လာသောယာဉ်ကို ဦးစားပေးမောင်းနှင်ရမည်ကို လိုက်နာမှုမရှိဘဲ လူအားထိခိုက်ဒဏ်ရာရသေဆုံးစေသူ ယာဉ်မောင်း အာဝေအား နမစ(မကန)ယာဉ်(ပ)၇/၂၀၂၂၊ရာဇသတ်ကြီးပုဒ်မ-၃၀၄/က/၃၃၈ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။