Trending Now

ဘင်္ဂလားဒေ့ရ်ှနယ်ခြားစောင့်တပ်ဖွဲ့တွေ မြန်မာနယ်စပ်မှာ အသင့်အနေအထားရှိနေ

Spread the love

ဘင်္ဂလားဒေ့ရ်ှနယ်ခြားစောင့်တပ်ဖွဲ့တွေ မြန်မာနယ်စပ်မှာ အသင့်အနေအထားရှိနေ 

EPN
နိုင်ငံတကာ၊ ဇွန် ၈

ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်ကနေ ကိုက် ၇၀၀ အကွာ မြန်မာဘက်ကနေ ဇွန် ၄ ရက်က ပစ်ခတ်မှုတွေရှိခဲ့တဲ့ နောက် ဘင်္ဂလားဒေ့ရ်ှနယ်ခြားစောင့်တပ်ဖွဲ့တွေဟာ ဘန်ဒါဘန်ခရိုင်က တမ်ရူနယ်စပ်မှာ အသင့်အနေအထားနဲ့ ရှိနေပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့မှတ်ချက်စာကို မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဆီ စနေနေ့မှာပေးပို့ခဲ့တယ်လို့ နိုင်ခရမ်ချာရီနယ်ခြားစောင့်တပ်ရင်းကွပ်ကဲရေးအရာရှိ အလီဟေဒါ အာဇက်အာမက်ကတနင်္ဂနွေနေ့မှာပြောပါ တယ်။

မြန်မာနိုင်ငံဟာ သူတို့နယ်မြေထဲမှာ အကြမ်းဖက်မှုတန်ပြန်ရေးစစ်ဆင်းရေးဆင်နွှဲခဲ့ပြီး ဒီကိစ္စဟာ မြန်မာပြည် တွင်းရေးဖြစ်ပေမဲ့ ပစ်ခတ်မှုဖြစ်တာ နယ်စပ်နဲ့နီးနေလို့ မှတ်ချက်စာပေးပို့ခဲ့တာလို့လည်းပြောပါတယ်။

နယ်စပ်တခြားဘက်မှာ တင်းမာတဲ့အခြေအနေရှိနေတာကြောင့် နယ်ခြားစောင့်တပ်ဖွဲ့၀င်တွေကို အဆင်သင့်အနေအထားမှာထားထားတာလို့လည်းပြောပါတယ်။

ဇွန် ၄ ရက်က လုံခြုံရေးတပ်ဖွဲ့၀င်တွေနဲ့ ပစ်ခတ်မှုကြောင့် ARSA အကြမ်းဖက်အဖွဲ့၀င်ဆိုတဲ့လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

Ref : BGB on alert along border with Myanmar


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။