Trending Now

အင်ဒိုနီးရှားနိုင်ငံမှာ ငလျင်ဘေးသင့်သူတွေကို ကယ်ဆယ်ဖို့ ရုန်းကန်နေရဆဲ

Spread the love

အင်ဒိုနီးရှားနိုင်ငံမှာ ငလျင်ဘေးသင့်သူတွေကို ကယ်ဆယ်ဖို့ ရုန်းကန်နေရဆဲ

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၄

အင်ဒိုးနီးရှားနိုင်ငံ ဂျားဗားကျွန်းအနောက်ပိုင်းမှာ မြေပြိုမှုတွေနဲ့ ခက်ခဲတဲ့ မြေမျက်နာသွင်ပြင်ကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေဟာ အခက်တွေ့နေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ ရုန်းကန်နေရတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

မြို့တော်ဂျကာတာရဲ့ တောင်ဘက် မိုင် ၅၀ ခန့်အကွာမှာ ရစ်ခ်ျတာစကေး ၅.၆ အဆင့်တဲ့ ငလျင်တစ်ခု လုပ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၂၇၁ ဦးသေဆုံးကာ ပျောက်ဆုံးနေသူ ၄၀ ရှိပြီး ဒဏ်ရရရှိသူအများအပြားဟာလည်း ဆေးဘက်ဆိုင်ရာပစ္စည်း မလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားရာနေရာတွေကို သွားရောက်ခဲ့တဲ့ သမ္မတ ဂျိုကို ဝီဒိုဒိုက ” အခြေအနေတွေက အရမ်းဆိုးပါတယ်။ မိုးရွာနေဆဲဖြစ်ပြီး နောက်ဆက်တွဲငလျင်တွေ ဆက်ရှိနေဆဲပါ။ မြေပြင်အခြေအနေကို သတိထားဖို့ လိုပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

ငလျင်ဒဏ်သင့် ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းရေးဟာ ဦးစားပေးအဖြစ် ကျန်ရှိနေဆဲဖြစ်ပြီး စားနပ်ရိက္ခာ ဖြန့်ဝေမှုကိုလည်း သေခြာစေလိုတယ်လို့ အရေးပေါ်တဲတွေကို အစားအသောက် ဝေငှခဲ့တဲ့ သမ္မတ ဂျိုကိုက ပြောပါတယ်။

ကယ်ဆယ်ရေးအေဂျင်စီအကြီးအကဲ ဆူဟာရန်တိုက ဘေးသင့်ပြည်သူအများအပြားဟာ အကူအညီတွေ မရရှိသေးတာကြောင့် ရေ၊အစားအစာ၊ရွက်ဖျင်တဲ နဲ့ စောင်တွေကို ဖြန့်ဝေဖို့ စေတနာ့ဝန်ထမ်း ၂၀၀ နီးပါးကို စုဆောင်းထားတယ်လို့ ဆိုပါတယ်။

ဒါဇင်နဲ့ချီပြီး ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးသမားတွေက မြေတူးသမားတွေနဲ့ တခြားအကြီးစားစက်ယန္တရားတွေကို အသုံးပြုပြီး ရွှံ့နဲ့ အပျက်အစီးတွေကို ရှင်းလင်းနေပေမယ့် မိုးဆက်တိုက်ရွာသွန်းမှုတွေနဲ့ မြေပြိုမှုတွေကြောင့် အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနိုင်ခြေနည်းပါးနေတယ်လို့ ဆိုပါတယ်။

အင်ဒိုးနီးရှားနိုင်ငံဟာ ကမ္ဘာ့ငလျင်လှုပ်ခတ်မှု အများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး ပြတ်ရွေ့ကြောတွေ ပတ်လည်ရှိနေတဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ အင်အားပြင်းငလျင်တွေ လုပ်ခတ်လေ့ရှိတယ်လို့ ဆိုပါတယ်။

— ကိုးကား —
ရိုက်တာ
Ref; Indonesia struggles to get aid to quake survivors, rescue continues

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။