Trending Now

မြစ်ကြီးနားမြို့တွင် လျှပ်စစ်မီးအား အတက်အကျကြောင့် မိန်းခုံအပူလွန်ကဲကာ နှစ်ထပ်အိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

Spread the love

မြစ်ကြီးနားမြို့တွင် လျှပ်စစ်မီးအား အတက်အကျကြောင့် မိန်းခုံအပူလွန်ကဲကာ နှစ်ထပ်အိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

EPN
မြစ်ကြီးနား ၊ သြဂုတ် ၉

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်တွင် ယမန်နေ့ သြဂုတ်လ ၈ ရက်နေ့ ညနေ၃ နာရီခန့်က လျှပ်စစ်မီးအား အတက်အကျကြောင့် လျှပ်စစ် မိန်းခုံ အပူလွန်ကဲကာ နှစ်ထပ်အိမ် တစ်လုံးမီးလောင် ဆုံးရှုံးခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ဒူကထောင်ရပ်ကွက် နယ်မြေ ၇ အတွင်းရှိ နှစ်ထပ်အိမ်တစ်လုံးတွင် ယမန်နေ့က လျှပ်စစ်မီးမငြိမ် မှုကြောင့် အိမ်အတွင်းရှိ လျှပ်စစ်မိန်းခုံ အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနီးရှိ အိမ်ထရံကို မီးကူးကာ မီးစတင်လောက်ကျွမ်းခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” နေအိမ်မှာတော့ လူနေအိမ်ဟုတ်တယ်၊ ဒါပေမဲ့ မီးလောင်မှု စဖြစ်ချိန်မှာ အိမ်နေလူတွေက အပြင်ရောက်နေကြတယ်၊ အိမ်မှ တစ်ယောက်မှ ရှိမနေခဲ့ကြဘူး၊ လျှပ်စစ်မီးက အတက်အကျနဲ့ မငြိမ်တဲ့အတွက် အပူလွန်ကဲလာတယ် အဲ့ကနေ အိမ်က ထရံကာ နှစ်ထပ်အိမ်ဆိုတော့ ထံရံကိုမီးကူးသွားခဲ့တယ် ၊ အဲ့ကနေ မီးက စတင်ပြီး လောင်ကျွမ်းခဲ့တာဖြစ်တယ်၊ ” ဟု ၎င်းကပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် အလျား ပေ ၃၀၊ အနံ ပေ ၂၀ခန့်ရှိ ထရံကာ နှစ်ထပ်အိမ်တစ်လုံး၊ ဆိုင်ကယ်တစ်စီး၊ အိမ်တွင်းရှိ ပစ္စည်းအချို့ မီးလောင်ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

ယင်းမီးလောင်မှုကြောင့် အိမ်ရှင်ဖြစ်သူအသက် ၃၂ နှစ်အရွယ် ဒေါ် ဂျာအောန်ဆိုင်းကို မြစ်ကြီးနားမြို့ မြို့မရဲစခန်းတွင် ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။