Trending Now

လျှပ်စစ်မီးပေါ့ဆစွာ အသုံးပြုမှုကြောင့် မီးလောင်မှုဖြစ်ပွား

Spread the love

လျှပ်စစ်မီးပေါ့ဆစွာ အသုံးပြုမှုကြောင့် မီးလောင်မှုဖြစ်ပွား

EPN
ဗန်းမော်၊ မတ် ၂၈

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် နှစ်ပင်လိမ်ဝါယာကြိုးဖြင့် ပလပ် (၃)ပေါက်စလုံး အသုံးပြုရာမှ ဝါယာရှော့ခ်ဖြစ်ကာ နေအိမ်မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၂၈ ရက် နံနက် ၉ နာရီခွဲခန့်က ဗန်းမော်မြို့၊ ရွှေကျီးနားရပ်ကွက်၊ အိမ်အမှတ်(ရကန/၂၃) နေအိမ်၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမင်းခိုင်နှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး တိုးလွင်နှင့် ရဲတပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၂)စီး ရေသယ်ယာဉ် (၅)စီးဖြင့် ရပ်ကွက်နေ ပြည်သူများနှင့်အတူ ဝိုင်းဝန်းငြိမ်းသတ်ခဲ့သည်။

မီးလောင်မှုကြောင့် သက်ကယ်မိုး၊ အပေါ်ထပ် ထရံကာ၊ ပျဉ်ခင်း၊ အောက်အုတ်ခံ နှစ်ထပ်နေအိမ် (၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကာ မီးလောင်မှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးရာ နေအိမ်အပေါ်ထပ် ဘုရားစင်၌ နီ/နက် နှစ်ပင်လိမ်ဝါယာကြိုးဖြင့် ပလပ်ပေါက်သုံး ပေါက်စလုံး အသုံးပြုထားရာမှ အပူလွန်ကဲ၍ ထရံအား မီးကူးစက် လောင်ကျွမ်းခြင်းဖြစ်သည်ဆို၏။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး လျှပ်စစ်မီးပေါ့ဆစွာအသုံးပြုသူ ဦးမိုး (၇၃)နှစ်၊ ရွှေကျီးနားရပ်ကွက်၊ ဗန်းမော်မြို့နေသူအား ဗန်းမော်မြို့မရဲစခန်းက (ပ)၇၉/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။