Trending Now

မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့မှု ရပ်တန့်ဖို့ ကုလသမဂ္ဂက တောင်းဆို

Spread the love

မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့မှု ရပ်တန့်ဖို့ ကုလသမဂ္ဂက တောင်းဆို

EPN
နိုင်ငံတကာ၊ ဧပြီ ၅

ကုလသမဂ္ဂရဲ့ ထိပ်တန်းလူ့အခွင့်အရေးအဖွဲ့ ဟာ မြန်မာအစိုးရနဲ့ အီရန်အပေါ် ဖိအားပေးရန် ရည်ရွယ်တဲ့ အရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့ ဧပြီလ ၄ ရက်နေ့က သဘောတူခဲ့တယ်လို့ သိရပါတယ်။

အဖွဲ့ဝင်နိုင်ငံပေါင်း ၄၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ လောင်စာဆီအသုံးပြုတယ်လို့ ယုံကြည်ပါက မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့ရောင်းချခြင်း ရပ်တန့်မယ်လို့ ဆိုပါတယ်။

လက်နက်၊ ခဲယမ်းနဲ့ အခြားစစ်လက်နက်ပစ္စည်းတွေ မြန်မာနိုင်ငံကို တရားမဝင်လွဲပြောင်းမှုတွေကိုလည်း ရပ်တန့်ဖို့ တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ဟာ မြန်မာနိုင်ငံကို လောင်စာဆီတင်ပို့မှုရပ်တန့်ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး လောင်စာဆီ ထောက်ပံ့မှု ကွင်းဆက်တွေကိုလည်း ဇန်နဝါရီလက ထုတ်ဖော်ပြသခဲ့တယ်လို့ ဆိုပါတယ်။

Ref; FN


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။