Trending Now

၂၀၂၀ တြင္ တစ္ျပည္နယ္လံုး လွ်ပ္စစ္မီးရရွိႏိုင္ေရးအတြက္ အေကာင္အထည္ေဖာ္ လုပ္ေဆာင္သြားမည္ဟု ကခ်င္ဝန္ႀကီးခ်ဳပ္ဆို

Spread the love

၂၀၂၀ တြင္ တစ္ျပည္နယ္လံုး လွ်ပ္စစ္မီးရရွိႏိုင္ေရးအတြက္ အေကာင္အထည္ေဖာ္ လုပ္ေဆာင္သြားမည္ဟု ကခ်င္ဝန္ႀကီးခ်ဳပ္ဆို

EPN
ျမစ္ႀကီးနား၊ မတ္ ၂၆

၂၀၂၀ တြင္ ကခ်င္ျပည္နယ္ တစ္ျပည္နယ္လံုး လွ်ပ္စစ္မီးရရွိႏိုင္ေရးအတြက္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္ဟု ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္က ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္ႏွင့္ ေတြ႔ဆံုရာတြင္ ေျပာဆိုခဲ့သည္။

လွ်ပ္စစ္မီးလင္းေရး အခန္းက႑မွာ လူမႈစီးပြားဘဝ ဖြံ႔ၿဖိဳးတိုးတတ္ေရးအတြက္ အေရးႀကီးတဲ့ အခန္းက႑တြင္ ပါဝင္ေနသည့္အတြက္ တစ္ျပည္နယ္လံုး လွ်ပ္စစ္မီးရရွိႏိုင္ေရးကို ျပည္နယ္အစိုးရအေနျဖင့္ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ၎က ေျပာဆိုခဲ့ျခင္းျဖစ္သည္။

“ ျပည္နယ္သူျပည္နယ္သားမ်ားရဲ႕ လူမႈဘဝဖြံ႔ၿဖိဳးတိုးတတ္ေရးမွာ အေရးႀကီးတဲ့ လွ်ပ္စစ္မီးလင္းေရးဆုိတဲ့ အခန္းက႑အတြက္ လွ်ပ္စစ္မီးမရရွိေသးတဲ့ ေက်းရြာေတြအားလံုးကို လွ်ပ္စစ္မီးရရွိဖို႔အတြက္ လာမည့္ႏွစ္ႏွစ္အတြင္းမွာ အေကာင္အထည္ေဖာ္သြားဖို႔ရွိပါတယ္”ဟု ၎က ေျပာဆိုသည္။
ကခ်င္ျပည္နယ္အတြင္း မဟာဓာတ္အားလိုင္းမ်ား လက္လွမ္းမမွီႏိုင္သည့္ ပူတာအို ဆြမ္ပရာဘြမ္ စသည့္ေနရာမ်ားအတြက္ ျပည္နယ္အစိုးရအေနျဖင့္ တစ္ပိုင္တစ္ႏိုင္ ေရအားလွ်ပ္စစ္ကို အေကာင္အထည္ေဖာ္ရန္အတြက္ စီမံထားၿပီး မဟာဓာတ္အားလိုင္း လက္လွမ္းမွီႏိုင္သည့္ ေနရာမ်ားတြင္ ၆၆ ေကဗြီ ဓာတ္အားလိုင္းမွ လွ်ပ္စစ္မီး ရရွိႏိုင္ေရးအတြက္ ေဆာင္ရြက္လိုေၾကာင္း ေဒါက္တာခက္ေအာင္က ေျပာဆိုသည္။

“မဟာဓာတ္အားလိုင္းနဲ႔ လက္လွမ္းမီတဲ့ တႏိုင္းၿမိဳ႕နယ္တို႔မွာေတာ့  ၆၆ ေကဗြီမဟာ ဓာတ္အားလိုင္း သြယ္တန္းႏိုင္ရင္ ကခ်င္ျပည္နယ္အေနနဲ႔ လွ်ပ္စစ္မီးလင္းေရးနဲ႔ ပတ္သက္ၿပီး ျပည့္စံုလံုေလာက္တဲ့ အေျခအေန ေရာက္ရွိတယ္လို႔ ေျပာလို႔ရမွာျဖစ္တယ္ မဟာဓာတ္အားလိုင္းနဲ႔ လက္လွမ္းမမွီႏိုင္တဲ့ ေနရာေတြမွာက်ေတာ့ တစ္ပိုင္တစ္ႏိုင္ ေရအားလွ်ပ္စစ္ကို အေကာင္အထည္ေဖာ္ဖို႔အတြက္ စီမံထားပါတယ္”ဟု ေဒါက္တာခက္ေအာင္က ေျပာဆိုသည္။

 ကခ်င္ျပည္နယ္တြင္ ၿမိဳ႔နယ္ေပါင္း ၃၂ ၿမိဳ႔နယ္ ေက်းရြာေပါင္း ၂၅၀၀ေက်ာ္ရွိသည့္အနက္ လွ်ပ္စစ္မီးမရရွိေသးသည့္ ေက်းရြာေပါင္း ၁၃၁၄ ရြာ က်န္ရွိလ်က္ရွိေၾကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္၏ တင္ျပခ်က္ အစီရင္ခံစာအရ သိရသည္။

သက္ပိုင္
———————————————-

၂၀၂၀ တွင် တစ်ပြည်နယ်လုံး လျှပ်စစ်မီးရရှိနိုင်ရေးအတွက် အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟု ကချင်ဝန်ကြီးချုပ်ဆို

EPN
မြစ်ကြီးနား၊ မတ် ၂၆

၂၀၂၀ တွင် ကချင်ပြည်နယ် တစ်ပြည်နယ်လုံး လျှပ်စစ်မီးရရှိနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။

လျှပ်စစ်မီးလင်းရေး အခန်းကဏ္ဍမှာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် တစ်ပြည်နယ်လုံး လျှပ်စစ်မီးရရှိနိုင်ရေးကို ပြည်နယ်အစိုးရအနေဖြင့် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ပြည်နယ်သူပြည်နယ်သားများရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတတ်ရေးမှာ အရေးကြီးတဲ့ လျှပ်စစ်မီးလင်းရေးဆိုတဲ့ အခန်းကဏ္ဍအတွက် လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာတွေအားလုံးကို လျှပ်စစ်မီးရရှိဖို့အတွက် လာမည့်နှစ်နှစ်အတွင်းမှာ အကောင်အထည်ဖော်သွားဖို့ရှိပါတယ်”ဟု ၎င်းက ပြောဆိုသည်။
ကချင်ပြည်နယ်အတွင်း မဟာဓာတ်အားလိုင်းများ လက်လှမ်းမမှီနိုင်သည့် ပူတာအို ဆွမ်ပရာဘွမ် စသည့်နေရာများအတွက် ပြည်နယ်အစိုးရအနေဖြင့် တစ်ပိုင်တစ်နိုင် ရေအားလျှပ်စစ်ကို အကောင်အထည်ဖော်ရန်အတွက် စီမံထားပြီး မဟာဓာတ်အားလိုင်း လက်လှမ်းမှီနိုင်သည့် နေရာများတွင် ၆၆ ကေဗွီ ဓာတ်အားလိုင်းမှ လျှပ်စစ်မီး ရရှိနိုင်ရေးအတွက် ဆောင်ရွက်လိုကြောင်း ဒေါက်တာခက်အောင်က ပြောဆိုသည်။

“မဟာဓာတ်အားလိုင်းနဲ့ လက်လှမ်းမီတဲ့ တနိုင်းမြို့နယ်တို့မှာတော့  ၆၆ ကေဗွီမဟာ ဓာတ်အားလိုင်း သွယ်တန်းနိုင်ရင် ကချင်ပြည်နယ်အနေနဲ့ လျှပ်စစ်မီးလင်းရေးနဲ့ ပတ်သက်ပြီး ပြည့်စုံလုံလောက်တဲ့ အခြေအနေ ရောက်ရှိတယ်လို့ ပြောလို့ရမှာဖြစ်တယ် မဟာဓာတ်အားလိုင်းနဲ့ လက်လှမ်းမမှီနိုင်တဲ့ နေရာတွေမှာကျတော့ တစ်ပိုင်တစ်နိုင် ရေအားလျှပ်စစ်ကို အကောင်အထည်ဖော်ဖို့အတွက် စီမံထားပါတယ်”ဟု ဒေါက်တာခက်အောင်က ပြောဆိုသည်။

 ကချင်ပြည်နယ်တွင် မြို့နယ်ပေါင်း ၃၂ မြို့နယ် ကျေးရွာပေါင်း ၂၅၀၀ကျော်ရှိသည့်အနက် လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာပေါင်း ၁၃၁၄ ရွာ ကျန်ရှိလျက်ရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ်၏ တင်ပြချက် အစီရင်ခံစာအရ သိရသည်။
သက်ပိုင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။