Trending Now

ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာက အစိုးရ ဝန်ထမ်းတွေ အမြန်ဆုံးနှုတ်ထွက်ဖို့ KIA၊PDFပူးပေါင်းအဖွဲ့ သတိပေး

Spread the love

ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာက အစိုးရ ဝန်ထမ်းတွေ အမြန်ဆုံးနှုတ်ထွက်ဖို့ KIA၊PDFပူးပေါင်းအဖွဲ့ သတိပေး

EPN
မြစ်ကြီးနား ၊ဩဂုတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ၊ဗန်းမောက် မြို့နယ် ကြောင်လည်ကျေးရွာတွင် တာဝန်ထမ်းဆောင်နေကြသည့် အစိုးရဝန်ထမ်းများအားလုံး အမြန်ဆုံး နှုတ်ထွက်ကြရန် KIA၊PDFပူးပေါင်းအဖွဲ့က ယမန်နေ့က သတိပေးပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကြောင်လည်ကျေးရွာမှာ pdf အဖွဲ့များနှင် NLD ပါတီဝင်အများစု နေထိုင်ကြသည့် ကျေးရွာဖြစ်ပြီး အစိုးရဝန်ထမ်းများ နှုတ်ထွက်ရန် သတိပေးသည့် ကိစ္စအား ကျေးရွာအတွင်း နေထိုင်သူများအား လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောဆိုသည်။

“ကျေးရွာမှာ ရွာသူရွာသားတွေ ခေါ်ပြီး အစည်းဝေးခေါ်ပြီး အစိုးရလက်အောက်က အမြန်ထွက် မထွက်ရင် အကုန်ရှင်းပြစ်မယ်။ နောက်ပြီး သူတို့ကြီးစိုးတဲ့နေရာမှာရှိတဲ့ ကျောင်းတွေ ဆေးရုံတွေမှာ ပြန်အလုပ်ဝင်ရမယ်လို့ ကြိမ်းဝါးပြောဆိုခဲ့တာ”ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့ကလည်း KIA၊PDFပူးပေါင်းအဖွဲ့မှ အဆိုပါကျေးရွာတွင် အစိုးရသတင်းပေးဟုစွပ်စွဲကာ အသက်မပြည့်သေးသည့် အမျိုးသားတစ်ဦးအပါအဝင် အရပ်သား ခြောက်ဦးအား ဖမ်းဆီးခေါ်ဆောင်ခဲ့သလို ရှမ်းနီစာပေယဉ်ကျေးမှုဘာသာရပ်သင်ကြားနေသည့် ဦးဇင်းတစ်ပါးကိုလည်း ဖမ်းဆီးသွားသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးခေါ်ဆောင်ခံနေရသည့်အတွက် ဒေသခံ ရှမ်းနီမျိုးနွယ်စုများအနေဖြင့် ကြောက်လန့်စိုးရိမ်မှုများရှိနေသလို တပ်မတော်ဘက်မှ ဝင်ရောက်လာပြီး နှစ်ဖက် အပြန်အလှန်တိုက်ပွဲကာ ဆယ်ဇင်းကျေးရွာကဲ့သို့ စစ်ဘေးဒဏ် ခံရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

“အခုဆို ရွာမှာလည်း စစ်ကိုမခေါ်ဘဲ စစ်ရောက်လာမှာကို အရမ်းကိုကြောက်နေကြတယ် ပထမက ပင်လယ်ဘူး၊ဒုတိယ ဆယ်ဇင်း အခု ကြောင်လည်ရွာမှာဖြစ်မှာစိုးရိမ်နေကြတယ် စစ်တပ် ဝင်လာရင် တိုက်ပွဲတွေဖြစ်ကြမှာ ရွာသားတွေလည်း ထိခိုက်နိုင်တယ် ရွာလည်းပျက်ဆီးနိုင်တယ် “ဟု ၎င်းကပြောသည်။

ဗန်းမောက်မြို့နယ်အတွင်းရှိ လောင်ပေပင်းအုပ်စု ၊နန့်တောင်ကျေးရွာ ကြောင်လည်ကျေးရွာတို့တွင် KIA၊PDF ပူးပေါင်းအဖွဲ့မှ ကြီးစိုးထားသလို ရှမ်းနီအမျိုးသာတပ်မတော် (SNA)ရှေ့တန်းစခန်းတစ်ခုကိုလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သိမ်းယူခဲ့ကြောင်းသိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။