Trending Now

မစ္စစ္စပီမြစ်၏ မြစ်ချောင်း ထိန်းချုပ်ရေးမှတဆင့် အမေရိကန်၏ နှစ်ပေါင်းတစ်ရာကျော် ရေဘေးအန္တရာယ် ကာကွယ်ရေး သမိုင်း

Spread the love

 

 

 မစ္စစ္စပီမြစ်၏ မြစ်ချောင်း ထိန်းချုပ်ရေးမှတဆင့် အမေရိကန်၏ နှစ်ပေါင်းတစ်ရာကျော် ရေဘေးအန္တရာယ် ကာကွယ်ရေး သမိုင်း

EPN
ဆောင်းပါး၊ သြဂုတ် ၂၈
(ဗိုလ်ကျရေးသည်)

မစ္စစ္စပီမြစ်သည် အမေရိကန်နိုင်ငံမြောက်ဘက်နှင့် တောင်ဘက်ကို ဖြတ်တန်း၍ မြောက်ဘက်မှာ ကနေဒါနိုင်ငံ အထိ စီးဆင်းပြီး တောင်ဘက်မှာ မက္ကဆီကို ပင်လယ်အော်ထဲသို့ စီးဆင်းသည်။ မစ္စစ္စပီမြစ်သည် အမေရိကန်နိုင်ငံ မိခင်မြစ်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်သည် နိုင်ငံ၏အသက်သွေးကြော မြစ်ဖြစ်သလို အမေရိကန်နိုင်ငံအတွက် မစ္စစ္စပီမြစ်သည်လည်း နိုင်ငံ၏ အသက်သွေးကြောဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော် နိုင်ငံအတွက် အဓိက ပင်မမြစ်ကြီးတစ်စင်းဖြစ်ခြင်းကို     ဆိုလိုခြင်း ဖြစ်သည်။

ယင်း မစ္စစ္စပီမြစ်သည် အမေရိကန်နိုင်ငံမြေ ဧရိယာ၏ ၄၁ ရာခိုင်နှုန်းကို ဖြတ်ကျော်ပြီး ရေဆင်း ဧရိယာမှာ စတုရန်း မိုင်ပေါင်း ၁ဒသမ၂ သန်းကျော်ရှိသည်။ မြောက်အမေရိကတိုက် တစ်ခုလုံး၏ ရှစ်ပုံ တစ်ပုံလောက် ရှိပါသည်။ အခုခေတ် နိုင်ငံတိုင်းလိုလို ရေးကြောင်းသွားလာရေး အဓိကအားကိုး ရသည့်ကာလမှာ အမေရိကန်နိုင်ငံ မြောက်ဘက်ကနေ တောင်ဘက်သို့ သွားလာရေးမှာ မစ္စစ္စပီမြစ်ကိုသာ အားကိုးနေရသည်။



“Ten thousand River Comissions… cannot time that lawless stream… cannot say to it, “Go here,” or “Go there” ကို အမေရိကန် နာမည်ကြီးစာရေးဆရာ Mark Twain ကရေး သားခဲ့ပါသည်။ နိုင်ငံအတွင်း ရေလွှမ်းမိုးမှုဒဏ်ကို နှစ်ပေါင်းများစွာ ခါးသီးစွာ ခံစားခဲ့ရသည်။ ရေလွှမ်း မိုးသည့် ဒဏ်ကြောင့် ပြည်သူများ စားဝတ်နေ ပြေလည်မှု ရရှိရန်အတွက် တစ်နည်းပြောရလျှင် ရေလွှမ်းမိုးပြီးနောက် စားဝတ်နေရေး နလှန်ထူနိုင်ရန် ကြိုးစား ဆောင်ရွက်ခဲ့ရသည်။ နှစ်ပေါင်းများစွာ ရေလွှမ်းမိုးမှု ခံခဲ့ရပြီးနောက် မြစ်ရေထိန်းချုပ်ရန် အမေရိကန်နိုင်ငံ အစိုးရသည် ကြိုးပမ်းအားထုတ် ဆုံးဖြတ်ခဲ့ရသည်။

၁၈၅၀ ပြည့်နှစ်တွင် ပြည်ထောင်စုလွှတ်တော်သည် အမေရိကန် ဒေါ်လာ ၅၀,၀၀၀ အကုန်အကျခံပြီး အမေရိကန် အင်ဂျင်နီယာကော်ပိုရေးရှင်း (United States Army Corps of Engineers)မှ အင် ဂျင်နီယာ A.A.Humphreys နှင့် Henry L Abbot ငှါးရမ်း၍ မစ္စစ္စပီမြစ်၏ ဇလဗေဒနှင့် ဘူမိဗေဒ စသည့် အခြေအနေ များကို ဘက်စုံလေ့လာခဲ့ရသည်ဆိုသည်။ မြစ်၏ အခြေအနေအထားများကို ၁၁ နှစ်ကြာ လေ့လာခဲ့ပြီး နောက်ဆုံး အစီရင်ခံစာမှာ ၁၈၆၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပါသည်။

မစ္စစ္စပီမြစ်နှင့် ပတ်သက်ပြီး အစီရင်ခံစာတွင် အောက်ပါ မြစ်ရေထိန်းချုပ်မှု နည်းလမ်း ၃ချက်ကိုလည်း ပါဝင် ပြဌာန်းထားသည်ကို တွေ့ရသည်။

(၁) မစ္စစ္စပီမြစ် အကွေ့အကောက်နေရာများကို ဖြောင့်မတ်အောင် တူးဖော်ပြီး မြစ်ရေပင်လယ်ထဲသို့ ပိုမို လျင်မြန်စွာ စီးဆင်းသွားစေရန်၊ (၂) လူသားဖြင့် ရေလှောင်ကန်များနှင့် ရေသိုလှောင်မည့် အ ဆောက်အအုံးများ တည်ဆောက်ရန်၊ (၃) ရေကာတာ (Dam)များ တည်ဆောက်ပြီး မြစ်ရေထိန်းချုပ်ရန်၊ အရှေ့က နည်းလမ်း (၂) ခုသည် ရင်းနှီးမြှုပ်နှံငွေကြီးမားလှသောကြောင့် တတိယ နည်းလမ်းကို ရွေးချယ်ရန် အစီရင်ခံစာတွင် အကြံပြုထားပါသည်။

ရေကာတာ (Dam)များ တည်ဆောက်ခြင်းသည် နိုင်ငံအတွက် အင်မတန် အရေးပါသော လုပ်ငန်း တစ်ခု ဖြစ်ပါသည်။ ၁၈၆၃ခုနှစ်တွင် အမေရိကန်နိုင်ငံက NewOrleans တမံတည်ဆောက်သည့် အချိန်သည် အမေရိကန်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသတွင် ပြည်တွင်းစစ်ဖြစ်ပွားနေချိန်နှင့် တိုက်ဆိုင်နေသော်လည်း တစ်ဖက်က တိုင်ပွဲဝင်ပြီး တစ်ဖက်က ရေကာတာ တည်ဆောက်ရေး လုပ်ငန်း အဆက်အပြတ် လုပ်ဆောင် နေသည်။ ယင်းဆောင်ရွက်ချက်ကို ကြည့်ခြင်းအားဖြင့် ရေကာတာ၏ အရေးပါမှုကို တွေ့မြင်နိုင်ပါသည်။

မိုးတွင်းကာလတွင်း ရေကြီးမှု ထိန်းချုပ်ရန်နှင့် မြစ်အောက်ပိုင်း ရေကြီးမှု လျှော့နည်းရန်အတွက် အမေရိကန် နိုင်ငံသည် ၁၉၁၇ မှ ၁၉၂၃ ခုနှစ်အတွင်း မစ္စစ္စပီမြစ်၏ မြစ်လက်တက် မိုင်ယာမီမြစ်ပေါ် တွင် ရေလှောင်ကန် ၅ ခု သတ်သတ် တည်ဆောက်ခဲ့၍ ၎င်းတို့၏ ရေထုထည် ပမာဏမှာ (၁) ဘီလီယံ ကုဗမီတာရှိသည်။ ယခုချိန် အထိဆိုလျှင် အမေရိကန်နိုင်ငံအစိုးရသည် မစ္စစ္စပီမြစ်နှင့် ၎င်း၏ မြစ်လက်တက်များတွင်  မြစ်ရေထိန်းချုပ်ရန် ရေကာတာခုရေ ၁၅၀ ကျော်တည်ဆောက်ခဲ့ပြီး စုစုပေါင်း ရေထုထည်ပမာဏမှာ ကုဗမီတာ ၂၀၀ ဘီလီယံ ကျော် ရှိသည်။

မတူညီသော ရေကြီးရေလျှံမှု အမျိုးအစား၏ တွက်ချက်မှုအရ ရေကာတာများသည် Redriver ဆိပ်ကမ်း အကြီးဆုံး မြစ်ရေစီးနှုန်း၏ ၈ ရာခိုင်နှုန်းနှင့် ၁၄ ရာခိုင်နှုန်းကို လျှော့ချနိုင်သည်။ အဆိုပါ ရေကာတာများ တည်ဆောက်တာဟာ နှစ်ပေါင်း ၅၀ကျော်ရှိပြီး အမေရိကန်နိုင်ငံ အတွက် ရေကြီးမှု ကာကွယ်ရေး အကျိုးစီးပွား ကို များစွာ ဆောင်ကြဉ်း လာနိုင်ခဲ့သည်။ စာရင်း တွက်ချက်မှုများအရ ၁၉၇၀ပြည့်နှစ်မှာ ၁၉၈၀ပြည့်နှစ် အထိဆိုလျှင် အကျိုးစီးပွားအရ အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံ ဖော်ထုတ်နိုင်ကြောင်း၊ ၁၉၈၃ခုနှစ် တစ်နှစ်တာ ကာလတွင် အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ ဖော်ထုတ်နိုင်ကြောင်း၊ ၁၉၉၃ခုနှစ်တွင် ရေလှောင်ကန်၏ ရေကြီးမှု ကာကွယ်ရေး အကျိုးစီးပွား တစ်ခု တည်းဆိုလျှင် အမေရိကန်ဒေါ်လာ ၁၁ဘီလီယံ ဖော်ထုတ်နိုင်ကြောင်း သိရသည်။

ဗိုလ်ကျ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။