Trending Now

တိုက်ပွဲဖြစ်ပွားနေသည့် ပြည်နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် ပြန်လည်‌ဖြေဆိုခွင့် ရရှိရန် စီစဉ်ပေးထားဟုဆို

Spread the love

တိုက်ပွဲဖြစ်ပွားနေသည့် ပြည်နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် ပြန်လည်‌ဖြေဆိုခွင့် ရရှိရန် စီစဉ်ပေးထားဟုဆို

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၂ (၂၀၂၄)

ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ခရိုင်၊ မြို့နယ်များရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို အတန်းတင်စာမေးပွဲများ ပြန်လည်ဖြေဆိုခွင့် ရရှိရန် စီစဉ်ပေးထားကြောင်း အခြေခံပညာဦးစီးဌာန ပြည်နယ်ပညာရေးရုံးမှ သိရသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့် ခရိုင်၊ မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး အခန်းကဏ္ဍများ နစ်နာမှုမရှိစေရန် ၎င်းတို့အတွက် အရန်မေးခွန်းများစီစဉ်ပေးထားခြင်းနှင့် နယ်မြေငြိမ်သက်မှု ရှိလာချိန်တွင် ပြန်လည်ဖြေဆိုနိုင်ရန် စီစဉ်ထားကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

” တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အရန်မေးခွန်းတွေ စီစဉ်ထားတယ်။ ပြီးတော့ မြို့ပေါ်ရောက်ရှိနေတဲ့ ကလေးတွေအနေနဲ့လည်း နီးစပ်ရာ ကျောင်းတွေမှာ ဝင်ရောက်ဖြေဆိုခွင့် စာရင်းပေးထားတာတွေရှိတယ်။ ဒါမှမဟုတ် နယ်မြေငြိမ်သက်တဲ့ အခါမှာလည်း ပြန်လည်ဖြေဆိုကြဖို့ စီစဉ်ထားတာတွေ ရှိတယ် ” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်အတွင်း ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင် စသည့် ခရိုင်မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်း (၁၉) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် တပ်မတော်နှင့် KIA၊ PDF ပူး‌ပေါင်းအဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားနေ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် အတန်းတင်စာမေးပွဲ စစ်ဆေးခြင်းတို့တွင် ဝင်ရောက်ဖြေဆိုနိင်ခြင်း မရှိ ကြောင်း သိရသည်။

ဖေ‌ဖော်ဝါရီလအတွင်းမှစ၍ အခြေခံပညာ မူလတန်းအဆင့်မှ အလယ်တန်းအဆင့်ထိ အတန်းတင်စာမေးပွဲ စစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ပြီး၊ အစိုးရစစ် အတန်းများဖြစ်သည့် G-5၊ G-9 အတန်းများကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ တစ်နေ့ တစ်ဘာသာနှုန်းဖြင့် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။