Trending Now

တနိုင္းၿမိဳ႕နယ္အတြင္း ၂၄နာရီ မီးလင္းေရးအတြက္ ေငြက်ပ္ ၁၉ဘီလီယံေက်ာ္ အသံုးျပဳသြားမည္

Spread the love

တနိုင္းၿမိဳ႕နယ္အတြင္း ၂၄နာရီ မီးလင္းေရးအတြက္ ေငြက်ပ္ ၁၉ဘီလီယံေက်ာ္ အသံုးျပဳသြားမည္

EPN
တနုိင္း၊ စက္တင္ဘာ ၂၅

ကခ်င္ျပည္နယ္၊ တနိုင္းတစ္ၿမိဳ႕နယ္လံုးရိွ ၿမိဳ႕ေပၚရပ္ကြက္မ်ားနွင့္ ေက်းရြာမ်ားအတြင္း ၂၄နာရီ လွ်ပ္စစ္ မီးရရိွေရး အတြက္ ေငြက်ပ္ (၁၉)ဘီလီယံေက်ာ္ အသံုးျပဳသြားမည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ အစိုးရအဖြဲ႔၊ လူဝင္မႈႀကီးၾကပ္ေရးနွင့္ လူ႕စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာနမွ သိရသည္။

တနိုင္းၿမိဳ႕နယ္အတြင္း၂၄နာရီ လွ်ပ္စစ္မီး ရရိွေရးကို(၂)နွစ္ဘတ္ဂ်တ္ကို အသံုးျပဳကာ ၂၀၁၉-၂၀၂၀ ခုနွစ္တြင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္ျဖစ္ၿပီး မဟာဓာတ္အားလိုင္းမွ သြယ္တန္း သြားမည္ ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္၊ လူဝင္မႈႀကီးၾကပ္ေရးနွင့္ လူ႔စြမ္းအား အရင္းအျမစ္ ဝန္ႀကီး ဦးေဇာ္ဝင္း က ဆိုသည္။

“ျပည္နယ္က တဝက္စုိုက္မယ္၊ ျပည္ေထာင္စုက လည္းစိုက္မယ္။ အဲ့ဒါဆိုရင္ ေဗြယန္ၿမိဳ႕နယ္အထိ နွစ္နွစ္ အတြင္းမွာ မီးလင္းမယ္၊ ရွင္ေဗြယန္ကေတာ့ အခုလည္းလင္းေနပါတယ္၊ ဒါေပမယ့္ ရြာေတြက မလင္း ေသးဘူး ရြာေတြက အဓိကေပါ့၊ ၿမိဳ႕ေပၚႀကီးဘဲလင္းေနလို႔ေတာ့ အဆင္မေျပဘူး” ဟု ဦးေဇာ္ဝင္းက ေျပာသည္။

တနိုင္းၿမိဳ႕နယ္တြင္ ရွင္ေဗြယန္ၿမိဳ႕အပါအဝင္ ေက်းရြာေပါင္း (၂၉)ရြာပါဝင္ၿပီး ယင္းၿမိဳ႕ေပၚနွင့္ ေက်းရြာ မ်ားအတြင္း ၂၄နာရီ လွ်ပ္စစ္မီးရရိွေရး အတြက္ ရွင္ေဗြယန္ၿမဳိ႕တြင္ (11)KV၊ တနိုင္းၿမိဳ႕နယ္တြင္ (66)KV အသံုးျပဳသြားမည္ ျဖစ္ေၾကာင္း ၀န္ႀကီးက ဆက္လက္ ေျပာျပသည္။

လက္ရိွတြင္ တနိုင္းၿမိဳ႕ေပၚရပ္ကြက္မ်ား၌ EPC မွ လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးေပးလ်က္ရွိၿပီး ရွင္ေဗြ ယန္ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ ၂၀၁၈ခုနွစ္မွ စတင္ကာ ၂၄ နာရီ လွ်ပ္စစ္ဓာတ္အား စတင္ရရိွခဲ့ေၾကာင္း သိရသည္။

လြမ္းေအာင္
Photo Tanai Channel

—————————————————————–

တနိုင်းမြို့နယ်အတွင်း ၂၄နာရီ မီးလင်းရေးအတွက် ငွေကျပ် ၁၉ဘီလီယံကျော် အသုံးပြုသွားမည်

EPN
တနိုင်း၊ စက်တင်ဘာ ၂၅

ကချင်ပြည်နယ်၊ တနိုင်းတစ်မြို့နယ်လုံးရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်း ၂၄နာရီ လျှပ်စစ် မီးရရှိရေး အတွက် ငွေကျပ် (၁၉)ဘီလီယံကျော် အသုံးပြုသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနမှ သိရသည်။

တနိုင်းမြို့နယ်အတွင်း၂၄နာရီ လျှပ်စစ်မီး ရရှိရေးကို(၂)နှစ်ဘတ်ဂျတ်ကို အသုံးပြုကာ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး မဟာဓာတ်အားလိုင်းမှ သွယ်တန်း သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်း က ဆိုသည်။

“ပြည်နယ်က တဝက်စိုက်မယ်၊ ပြည်ထောင်စုက လည်းစိုက်မယ်။ အဲ့ဒါဆိုရင် ဗွေယန်မြို့နယ်အထိ နှစ်နှစ် အတွင်းမှာ မီးလင်းမယ်၊ ရှင်ဗွေယန်ကတော့ အခုလည်းလင်းနေပါတယ်၊ ဒါပေမယ့် ရွာတွေက မလင်း သေးဘူး ရွာတွေက အဓိကပေါ့၊ မြို့ပေါ်ကြီးဘဲလင်းနေလို့တော့ အဆင်မပြေဘူး” ဟု ဦးဇော်ဝင်းက ပြောသည်။

တနိုင်းမြို့နယ်တွင် ရှင်ဗွေယန်မြို့အပါအဝင် ကျေးရွာပေါင်း (၂၉)ရွာပါဝင်ပြီး ယင်းမြို့ပေါ်နှင့် ကျေးရွာ များအတွင်း ၂၄နာရီ လျှပ်စစ်မီးရရှိရေး အတွက် ရှင်ဗွေယန်မြို့တွင် (11)KV၊ တနိုင်းမြို့နယ်တွင် (66)KV အသုံးပြုသွားမည် ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက် ပြောပြသည်။

လက်ရှိတွင် တနိုင်းမြို့ပေါ်ရပ်ကွက်များ၌ EPC မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပြီး ရှင်ဗွေ ယန်မြို့ပေါ်ရပ်ကွက်များတွင် ၂၀၁၈ခုနှစ်မှ စတင်ကာ ၂၄ နာရီ လျှပ်စစ်ဓာတ်အား စတင်ရရှိခဲ့ကြောင်း သိရသည်။

လွမ်းအောင်
Photo Tanai Channel


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။