Trending Now

ဖေ့စ်ဘွတ် ပိုင်ရှင် မာ့ခ်ဇူကာဘတ်ဟာ ပထမဆုံး ဂျူဂျစ်ဆု ပြိုင်ပွဲမှာ ဆုတံဆိပ်တွေရရှိခဲ့

Spread the love

ဖေ့စ်ဘွတ် ပိုင်ရှင် မာ့ခ်ဇူကာဘတ်ဟာ ပထမဆုံး ဂျူဂျစ်ဆု ပြိုင်ပွဲမှာ ဆုတံဆိပ်တွေရရှိခဲ့

EPN
နိုင်ငံတကာ၊ မေ ၁၄

Meta ပိုင်ရှင် မာ့ခ်ဇူကာဘတ်ဟာ နည်းပညာနယ်ပယ်တွင်သာမကဘဲ အထင်ကြီးလောက်စရာ တိုက်ခိုက်ရေးစွမ်းရည်တွေပါရှိနေကြောင်း သက်သေပြလိုက်ပါတယ်။

ဇူကာဘတ်ဟာ မေလ ၆ ရက်နေ့က သူရဲ့ ပထမဆုံး ဂျူဂျစ်ဆုပြိုင်ပွဲမှာ ရွှေနဲ့ ငွေတံဆိပ်တွေကို ဆွတ်ခူးရရှိခဲ့ပြီး အောင်ပွဲရအခိုက်အတန့် ဓာတ်ပုံခြောက်ပုံကို ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ်တို့မှာ မျှဝေခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ ပထမဆုံး ဂျစ်ဂျစ်ဆုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Guerrilla Jiu Jitsu အဖွဲ့အတွက် ဆုတံဆိပ်အချို့ ရရှိခဲ့ပါတယ်။ ငါ့ကို လေ့ကျင့်ပေးတဲ့ Dave Camarillo, Khai Wu, နဲ့ James Terry ကို ကျေးဇူးတင်ပါတယ်။” လို့ သူက ပို့စ်မှာရေးသားထားခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ် ဘီလျံနာရဲ့ နိုင်ပွဲကြောင့် အင်တာနက်သုံးစွဲသူတွေက ချီးမြှောက်ခဲ့ကြပြီး ထင်ရှားတဲ့ နာမည်ကြီးများစွာကလည်း သူ့ကို ချီးကျူးခဲ့ကြပါတယ်။

ကယ်လီဖိုးနီးယားရှိ Woodside အထက်တန်းကျောင်းမှာ ဘရာဇီးလ် ဂျူဂျစ်ဆုပြိုင်ပွဲကို စနေနေ့က ကျင်းပခဲ့ကြောင်း CBS က ဖော်ပြခဲ့ပါတယ်။

ref; indianexpress

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။