Trending Now

တရုတ်တပ်ဖွဲ့များနှင့် ရန်ပွဲဖြစ်ပွားခဲ့ရာ လာဒါခ်နယ်စပ်ဒေသသို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ သွားရောက်

Spread the love

တရုတ်တပ်ဖွဲ့များနှင့် ရန်ပွဲဖြစ်ပွားခဲ့ရာ လာဒါခ်နယ်စပ်ဒေသသို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ သွားရောက်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၃

အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့များက အငြင်းပွားနယ်စပ်ဒေသတွင် ရန်ပွဲများဖြစ်ပွားမှုကြောင့် အာရှအင်အား ကြီးနှစ်နိုင်ငံကြား တင်းမာမှုများ အရှိန်မြင့်လာပြီးနောက် သီတင်းပတ်များစွာကြာတွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒ ရာမိုဒီသည် ယနေ့ မြောက်ပိုင်း ဟိမဝန္တာဒေသရှိ လာဒါခ်ဒေသသို့ လေယာဉ်ဖြင့်သွားရောက်ခဲ့သည်။

တရုတ်တို့၏ ကျူးကျော်တိုက်ခိုက်မှုများကို တုံ့ပြန်မှုကြောင့် ဝေဖန်ခံနေရသည့် မိုဒီက လာဒါခ်နီမူဒေသရှိ အခြေစိုက်စခန်းတစ်ခု၌ အိန္ဒိယတပ်ဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။

ဝန်ကြီးချုပ် မိုဒီသည် တရုတ်တပ်ဖွဲ့များနှင့်ဖြစ်ပွားခဲ့သည့် ရန်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သည့် အိန္ဒိယတပ်ဖွဲ့ ဝင်များနှင့် တွေ့ဆုံရန် အနီးအနားရှိ စစ်ဆေးရုံတစ်ခုသို့ သွားရောက်ခဲ့သေးသည်။

ခရီးစဉ်အတွင်း မိုဒီနှင့်အတူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ်၊ ကြည်းတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး မာနော့ဂျ်မူကန်းနာရာဗိန်းတို့လည်း အတူလိုက်ပါခဲ့သည်။

အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးခဲ့ပြီး ၇၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည့် ဇွန်လ ၁၅ ရက်ကဖြစ်ပွားခဲ့ သော ဂါလ်ဝမ်ချိုင့်ဝှမ်း ရန်ပွဲနှင့်ပတ်သက်၍ အိန္ဒိယနှင့်တရုတ်နိုင်ငံတို့က အပြန်အလှန်အပြစ်ဖို့ချခဲ့သည်။
တပ်ဖွဲ့ဝင် မည်မျှထိခိုက်သေဆုံးခဲ့သည်ဟု ထုတ်ဖော်ပြောကြားရန် တရုတ်နိုင်ငံက ငြင်းဆန်ခဲ့သည်။ နှစ်နိုင်ငံစလုံးက ရန်ပွဲနှင့်ပတ်သက်၍ အပြန်အလှန်အပြစ်တင်ခဲ့ပြီး ထို့နောက်ပိုင်း လာဒါခ်ဒေသသို့ ထောင်ချီသော တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့သည်။

နှစ်နိုင်ငံစလုံးက စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး စေ့စပ်ညှိနှိုင်းရေးဖြင့်ဖြေရှင်းမည်ဟု ပြောကြားခဲ့သော်လည်း တိုးတက်မှုမရှိခဲ့ပေ။

အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံကို စီးပွားရေးအရ လက်တုံ့ပြန်ရန် ကြိုးပမ်းခဲ့ပြီး အမျိုးသားလုံခြုံရေးဟု အကြောင်းပြကာ ယခုအပတ်အတွင်း နာမည်ကျော် TikToK အပါအဝင် တရုတ်လုပ် မိုဘိုင်းအပလီကေးရှင်း ၅၉ ခု ကို ပိတ်ပင်ခဲ့သည်။

–ကိုးကား–
အေအက်ဖ်ပီ
Ref; India PM Narendra Modi visits Himalayan border where troops clashed with China


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။