Trending Now

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လေထုညစ်ညမ်းမှုဖြစ်ပေါ်နေတာကြောင့် အာဏာပိုင်တွေက နှာခေါင်းစည်းတွေ ပေးဝေဖို့ စီစဉ်

Spread the love

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လေထုညစ်ညမ်းမှုဖြစ်ပေါ်နေတာကြောင့် အာဏာပိုင်တွေက နှာခေါင်းစည်းတွေ ပေးဝေဖို့ စီစဉ်

EPN
နိုင်ငံတကာ၊ မတ် ၉

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ တောမီးလောင်ကျွမ်းမှုကြောင့် အန္တရာယ်ရှိတဲ့ လေထုညစ်ညမ်းမှု ပြဿနာ နဲ့ ရင်ဆိုင်နေရပါတယ်။

ဆွစ်ဇာလန် နည်းပညာကုမ္ပဏီ IQAir ရဲ့ ပြောကြားချက်အရ မြို့ရဲ့ လေထု အမှုန်အမွှားအဆင့်ဟာ PM2.5 အထိရောက်ရှိခဲ့ပြီး ကမ္ဘာကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်ထက် များစွာကျော်လွန်ခဲ့တယ်လို့ ဆိုပါတယ်။

လယ်သမားတွေဟာ သီးနှံပြန်လည်စိုက်ပျိုးဖို့အတွက် လယ်ယာတွေကို မီးရှို့လေ့ရှိတဲ့ နှစ်စဉ် ဒီဇင်ဘာလ ကနေ ဧပြီလအတွင်း နိုင်ငံတစ်ဝှမ်းမှာ တောမီးလောင်မှုဖြစ်ပွားလေ့ရှိပါတယ်။

လေထုညစ်ညမ်းမှုဟာ အန္တရာယ်ရှိတဲ့ အဆင့်ရောက်နေတဲအတွက် ချင်းမိုင်အာဏာပိုင်တွေက ပြည်သူတွေကို နှာခေါင်းစည်း (masks) တွေပေးဝေဖို့ တောင်းဆိုထားပါတယ်။

ညစ်ညမ်းမှုကိုလျော့ချဖို့ လမ်းပေါ်မှာ ရေဖြန်းတာတွေ၊ သစ်ရွက်ခြောက်သိမ်းဆည်းတာတွေ လုပ်ဆောင်ခဲ့ပေမယ့် ကြိုးစားမှုအားလုံးက လေထုညစ်ညမ်းမှုကို ရပ်တန့်ဖို့ မလုံလောက်ခဲ့ပါဘူး။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့လေကို ရှူရှိုက်ရသူတွေဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ အရေပြားယားယံတာ၊ မျက်လုံးရောင်ရမ်းတာတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ အသိပေးထားပါတယ်။

ဒါ့ကြောင့် ချင်းမိုင်အတွင်းမှာရှိတဲ့ ပြည်သူတွေကို တတ်နိုင်သမျှ အိပ်တွင်းမှာနေဖို့၊ နှာခေါင်းစည်း တပ်ဆင်ကြဖို့နဲ့ နေမကောင်းဖြစ်လာပါက ချက်ချင်းဆရာဝန်နဲ့ ပြသဖို့ အာဏာပိုင်တွေက တောင်းဆိုထားပါတယ်။

အစိုးရက လေထုညစ်ညမ်းမှုကို ထိန်းထားနိုင်မယ်လို့ မျှော်လင့်ထားပေမယ့် ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ်တွေမှာ နောက်တစ်ပတ်အထိ ဖြစ်ပေါ်နေဦးမယ်လို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ ခြောက်သွေ့တဲ့ရာသီအတွင်း လေထုညစ်ညမ်းမှုကို ဆက်တိုက်ဖြစ်ပေါ်စေတဲ့ တောမီးတွေကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

Ref; Chiang Mai to hand out face masks as dust from fires hits hazardous levels

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။