Trending Now

နယူးယောက်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကျည်ဆန်ရထားလိုပျံ့နှံ့နေဟုဆို

Spread the love

နယူးယောက်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကျည်ဆန်ရထားလိုပျံ့နှံ့နေဟုဆို
 

EPN
နိုင်ငံတကာ၊ မတ် – ၂၅

COVID-19 ရောဂါသည် နယူးယောက်မြို့တွင် ကျည်ဆန်ရထားဆန်ထက် ပိုမြန်မြန်ပျံ့နှံ့နေကြောင်း သတိပေး ပြီး ဆေးဝါးအထောက်အပံ့များပေးရန် တောင်းဆိုကြောင်း မြို့တော်အုပ်ချုပ်ရေးမှူးအန်ဒရူး ကိုမိုကပြောသည်။

“ပျံံ့နှံ့မှုနှုန်းကို မှန်းထားတာထက်များပြီး မှန်းထားတာထက် မြန်နေတယ်”ဟု ကိုမိုက သတင်းထောက်တွေကို အင်္ဂါနေ့တွင်ပြောသည်။

အမေရိကန်ပြည်ထောင်စုအစိုးရကက အကြပ်အတည်းရင်ဆိုင်ရန် လုံလောက်သည့် အသက်ကယ်ပစ္စည်း များ ပေးမထားကြောင်းလည်း သူကပြောသည်။

နယူးယောက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၅၀၀၀ ရှိပြီး သေဆုံးသူအနည်းဆုံး ၂၁၀ ယောက်ရှိနေ သည်။

အမေရိကန်ပြည်ထောင်စုသည် ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါ၏နောက်ထပ်ဗဟိုချက်ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)က အင်္ဂါနေ့တွင် သတိပေးသည်။

လာမည့်ဧပြီတွင် စီးပွားရေးလုပ်ငန်းများအတွက် အမေရိကန်ပြည်ထောင်စုကိုပြန်ဖွင့်မည်ဟု သမ္မတဒေါ်နယ် ထရမ့်က ပြောခဲ့ပြီးနောက် W.H.O က သတိပေးခဲ့ခြင်းဖြစ်သည်။

ယနေ့နေ့လည်အထိစာရင်းများအရ အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၄၉၁၆ ယောက်ရှိပြီး သေဆုံးသူ ၇၈၄ ယောက်ရှိသည်။

ပြန်သက်သာသွားသူ ၃၇၉ ယောက်ရှိပြီး လူ ၁ သန်းလျှင် သေဆုံးသူ ၂ ယောက်နှင့် ကူးစက်ခံရသူ ၁၆၆ ယောက်ရှိနေသည်။

Ref: Coronavirus spreading in New York like ‘a bullet train’

#EPN #NewYork #COVID19


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။