Trending Now

Drop ဗုံးများ ပစ်ချတိုက်ခိုက်မှုကြောင့် အသက် (၁၄) နှစ်အရွယ် ကလေးတစ်ဦး ထိခိုက် ဒဏ်ရာရရှိ

Spread the love

Drop ဗုံးများ ပစ်ချတိုက်ခိုက်မှုကြောင့် အသက် (၁၄) နှစ်အရွယ် ကလေးတစ်ဦး ထိခိုက် ဒဏ်ရာရရှိ

EPN
နေပြည်တော်၊ အောက်တိုဘာ ၂၅ (၂၀၂၃)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အောင်တံခွန် ငါးလေလံဈေးအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက Drone ဗုံးများ ပစ်ချတိုက်ခိုက်မှုကြောင့် အသက် (၁၄)နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အောင်တံခွန်ငါး လေလံဈေးအား PDF အမည်ခံအကြမ်း ဖက်သမားများက အောက်တိုဘာ ၂၃ရက်နေ့ မွန်းလွဲ ပိုင်းတွင် ဈေး၏ အနောက်မြောက် ဘက်မီတာ ၅၀၀ ခန့် အကွာမှနေ၍ Drone အသုံးပြု၍ Drop ဗုံးများဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဈေးဝယ်နေသည့် အသက် (၁၄)နှစ်အရွယ် ကလေးတစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့ သူအားလုံခြုံရေးတပ်ဖွဲ့ဝင်များက ထားဝယ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ အများပြည်သူများ အထိတ် တလန့်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဒေသခံပြည်သူများ အေးချမ်းစွာ ဈေးရောင်း/ ဈေးဝယ် ပြုလုပ်နေသည့် ဈေးအတွင်းသို့ Drop ဗုံးများ ပစ်ချတိုက်ခိုက်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများအား အမြန်ဆုံး ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။