Trending Now

ပေါ့လျော့မှုကြောင့် ကလေးသေဆုံးခဲ့ရတဲ့ မိခင်ဖြစ်သူကို တရားရုံးက ထောင်ဒဏ်ချမှတ်

Spread the love

ပေါ့လျော့မှုကြောင့် ကလေးသေဆုံးခဲ့ရတဲ့ မိခင်ဖြစ်သူကို တရားရုံးက ထောင်ဒဏ်ချမှတ်

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၃

အင်္ဂလန်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ တစ်နှစ်အရွယ် သားငယ်ဖြစ်သူကို အိပ်ခန်းထဲမှာ ၂ နာရီကျော်ကြာအောင်ပစ်ထားကာ ဈေးဝယ်ထွက်ခဲ့လို့ ကလေးဖြစ်သူ သေဆုံးသွားခဲ့ရတဲ့အတွက် တရားရုံးက မိခင်ဖြစ်သူကို မနေ့က ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လအတွင်းက အင်္ဂလန်နိုင်ငံ မယ်လ်ရှန်မြို့က ဒါဗစ်ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ သားငယ်ဖြစ်သူ အီသန်ကို အလုံပိတ်ထားတဲ့ အိပ်ခန်းထဲမှာ ၂ နာရီကျော်ကြာအောင် ပစ်ထားခဲ့ပြီး ဈေးဝယ်ထွက်ခဲ့လို့ သားငယ်ဖြစ်သူဟာ သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

သူမဟာ ဈေးဝယ်ထွက်နေချိန်မှာ သားငယ်ဖြစ်သူကို အိပ်ခန်းထဲမှာ ၂ နာရီကျော်ကြာအောင် ထားခဲ့ပြီးနောက် အိမ်ပြန်ရောက်ချိန်မှာလဲ ဆေးခြောက်ကို သုံးစွဲထားတဲ့အတွက် သားငယ်ဖြစ်သူကို သတိမရဘဲ ပန်းခြံဘက်ကို နာရီဝက်လောက် သွားရောက်လည်ပတ်နေခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းသူမရဲ့ သားဖြစ်သူကို သတိရသွားတဲ့အချိန်မှာ အိပ်ခန်းအတွင်းကို အပြေးသွားရောက်ခဲ့ပေမယ့် ကုတင်ပေါ်ကနေ ပြုတ်ကျပြီး သတိမေ့နေတဲ့ သားငယ်ဖြစ်သူ အီသန်ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကလေးငယ်ကို ဆေးရုံ အမြန်ပို့ဆောင်ပေးခဲ့ပေမယ့် ကလေးငယ်ဟာ မကြာခင်ပဲ သေဆုံးသွားခဲ့တယ်လို့ ဆေးရုံက ကြေညာခဲ့ပါတယ်။ ကလေးငယ်ဟာ ဘာကြောင့် သေဆုံးသွားရသလည်းဆိုတာ အတည်မပြုနိုင်ပေမယ့် ဆေးစစ်ချက်တွေအရ ဦးခေါင်းခွံမှာ ၁၅ စင်တီမီတာ ကွဲအက်နေတဲ့ ဒဏ်ရာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

မိခင်ဖြစ်သူ ဒါဗစ် ကိုယ်တိုင်က ကလေးငယ်သူငယ် ရက်စက်ကြမ်းကြုတ်မှုအတွက် အပြစ်ရှိကြောင်း အစောပိုင်းကတည်းက ဝန်ခံခဲ့ပေမယ့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး မနေ့ကမှ တရားရုံးက သူမကို ထောင်ဒဏ် ၂ နှစ်ကျခံဖို့အတွက် စီရင်ချက်ချခဲ့တာဖြစ်ပါတယ်။

ရဲအင်တာဗျူးမှာ ဒါဗစ်ဟာ သူမရဲ့သားဖြစ်သူ ပြုတ်ကျပြီး အန္တရာယ်ရှိတဲ့အချိန်နဲ့ ရင်ဆိုင်နေရပေမယ့် သူမခံစားနေရတဲ့ စိတ်ကျရောဂါနဲ့ ဆေးခြောက်သောက်သုံးထားတာကြောင့် ဆေးရုံကို အချိန်မီ မပို့နိုင်ခဲ့တာလို့ ဆိုပါတယ်။

— ကိုးကား —
mirror
Ref; Mum left baby with fractured skull home to die in 27C heat while she went shopping

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။