Trending Now

မိုင်းနောင်တွင် ဝက်သိုး အငှားလိုက်သူများနှင့် တစ်ပိုင်တစ်နိုင် ဝက်မွေးမြူသူများ အဆင်ပြေဟုဆို

Spread the love

မိုင်းနောင်တွင် ဝက်သိုး အငှားလိုက်သူများနှင့် တစ်ပိုင်တစ်နိုင် ဝက်မွေးမြူသူများ အဆင်ပြေဟုဆို

EPN
အင်းတော်ကြီး မေ ၂၀

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာမှာ ဝက်သိုးအငှားလိုက်သူများနှင့် တစ်ပိုင်တစ်နိုင် ဝက်မွေးမြူသူများ အဆင်ပြေကြသည်ဟု ဝက်သိုးအငှားလိုက်သူများနှင့် မွေးမြူသူများထံမှ သိရသည်။

ဝက်သိုးတစ်ကောင်ကို မျိုးပွားရန်အတွက် အငှားခေါ်သူရှိရင် ငွေ (၃၀၀၀၀)ကျပ်သော်လည်ကောင်း (သိုမဟုတ်) ဝက်မွေးတဲ့အခါ ဝက်ကလေးပေါက်တစ်ကောင်အဖြစ် အခကျေးပေးရသည်ဟု ဝက်သိုး အငှားလိုက်သူထံမှ သိရသည်။

“ဝက်မများ မျိုးစိတ်လာသည်အခါ ဝက်သိုးအငှားလိုက်သူထံ ဆက်သွယ်ရပါတယ်၊ ဝက်မျိုးချပြီး ၄လလောက်ဆိုရင် ဝက်မသားပေါက်ပါပြီ၊ တစ်ခါပေါက်ရင် ၈ကောင်မှ ၁၀ကောင်အထိ ပေါက်ပါတယ် အဲဒီဝက်ကလေး ၄၅ရက်စေ့ပြီဆိုရင် တစ်ကောင်ကို အနည်းဆုံး ၆၀၀၀၀ကျပ်မှ ၆၅၀၀၀ကျပ်အထိ ရောင်းရပါတယ် လယ်မရှိ ချောင်းမရှိဆိုတော့ဒါနဲ့ပဲ လုပ်ကိုင်စားသောက်ရတာပေါ့” ဟု ဝက်မွေးသူ ဒေါ်ဂွမ်းစိန်မှ ပြောသည်။

တစ်ပိုင်တစ်နိုင် ၀က်မွေးမြူရေး လုပ်ကိုင်သူ ဒေါ်ခင်မာချိုကလဲ “ကျမလည်းသာသမီး မိသားစု စားဝတ်နေရေး ပညာရေးအတွက် ဝက်ကိုတစ်နိုင်တစ်ပိုင်မွေးနေပါတယ် အခုဆိုရင် တစ်ကောင်က ဝက်မျိုးချရန်အတွက် တစ်ကောင်က မျိုးပွားရန်အတွက် တစ်ကောင်က အသားဈေးနဲ့ ရောင်ချရန်ဆိုပြီး ၃ကောင် မွေးထာပါတယ် ဒီအချိန်မှ COVID-19 ကပ်ရောဂါဆိုးကြီးရှိနေတော့ တစ်ခြားအလုပ်အကိုင် ကလည်း သိပ်ပြီးမရှိတော့ ဒါပဲအဆင်ပြေနိုင်မယ်ဆိုပြီး တစ်ပိုင်တစ်နိုင် မွေးထားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဝက်သိုးအငှားလိုက်သူများသည် တစ်နှစ်ဆိုလျှင် ငွေအားဖြင့် ၃သိန်းမှ ၄သိန်းအထိရရှိပြီး ဝက်အကောင်ရေ အားဖြင့် ၁၀ ကောင်ကျော်အထိ ရရှိလေ့ရှိပြီး ဝက်မမျိုးစိတ် သားပေါက်ချသူများမှာလည်း တစ်နှစ်ဆိုလျှင် ၁၀ ကျော်မှ အကောင်ရေ၂၀အထိ သားပေါက်များရရှိပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးအနနှင့် အဆင်ပြေကြောင်း သိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။