Trending Now

ဟိုပင် ပြည်သူ့အားကစားကွင်းအနီး အမျိုးသမီးတစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

ဟိုပင် ပြည်သူ့အားကစားကွင်းအနီး အမျိုးသမီးတစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
ဟိုပင်၊ မေ ၂၈

မိုးညှင်းမြို့နယ် ဟိုပင်မြို့ ပြည်သူ့အားကစားကွင်းအနီး ယမန်နေ့က အမျိုးသမီးတစ်ဦးထံ မှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ဟိုပင်နယ်မြေရဲစခန်းမှ သိရသည်။

မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် သတင်းအရ ဟိုပင် မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်နေလင်းထွန်းနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မေလ ၂၆ ရက်နေ့က ဟိုပင်မြို့ပြည်သူ့အားကစားကွင်းအနီးစောင့်ဆိုင်းနေ့စဉ် အမျိုးသမီးတစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ အမျိုးသမီးမှာ မလု(ခ)ခင်ပြုံးကြည် ဆိုသူဖြစ်ပြီး ၎င်းကိုင်ဆောင်ထားသည့်လက်ဆွဲအိတ်အတွင်းမှ ဘိန်းဖြူ ဟုယူဆရသည့် ဖြူဝါကြားရောင် အမှုန့်အလေးချိန် ၁၀ ဂရမ်ခန်စီပါ ရောင်စုံဆပ်ပြာခွက် (၁၁)ခွက် စုစုပေါင်း အလေးချိန် (၁၁၀)ဂရမ်ခန့်ကို သိမ်းဆည်းရမိခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဟိုပင်မြို့ အောင်နန်းရပ်ကွက်နေသူ မနွယ်နွယ်စိုး၊ ရဲလင်းဇော်နှင့် မြဇေယျာရပ်ကွက်နေ ဦးကျော်စိုး ဆိုသူတို့ကို ကွင်းဆက်အဖြစ် ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့သည်။

လက်ရှိတွင် ဆေးဝါးလက်ဝယ်တွေ့ရှိသူ မလု(ခ)ခင်ပြုံးကြည်၊ (၄၃)နှစ်၊ (ဘ)ဦးချင်းနွယ်၊ အောင်နန်းရပ် ဟိုပင်မြို့ နေသူ၊ အောင်နန်းရပ်ကွက် လိပ်စာတူ မနွယ်နွယ်စိုး၊ (၂၅)နှစ်၊ (ဘ)ဦးအောင်ပု၊ ရဲလင်းဇော်၊ (၁၉)နှစ်၊ (ဘ)ဦးဝင်းရွှေနှင့် ဦးကျော်စိုး(၄၅)နှစ်(ဘ)ဦးတင်ဖေမြဇေယျာရပ် ဟိုပင်မြို့နေသူတို့ကို ဟိုပင်နယ်မြေရဲစခန်းက မယ(ပ) ၄၇/၂၀၂၀ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

မိုးဟိန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။