Trending Now

အခြေစိုက်စခန်းလုံခြုံရေးအတွက် အိန္ဒိယလေတပ်မှ ဒရုန်းအစင်း ၁၀၀ ဝယ်ယူမည်

Spread the love

အခြေစိုက်စခန်းလုံခြုံရေးအတွက် အိန္ဒိယလေတပ်မှ ဒရုန်းအစင်း ၁၀၀ ဝယ်ယူမည်

 

EPN

နိုင်ငံတကာ၊ စက်တင်ဘာ ၁၅

အိန္ဒိယလေတပ် (IAF) သည် နိုင်ငံတစ်ဝှမ်းရှိ လေတပ်အခြေစိုက်စခန်းများကို ထောက်လှမ်းကြည့်ရှုရန်အတွက် အသေးစား မောင်းသူမဲ့ လေယာဉ်ငယ် (UAV) အစီးရေ (၁၀၀) ကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ News18 က ဖော်ပြခဲ့သည် ။

ယမန်နှစ်က ပါကစ္စတန်နယ်စပ်အနီးမှာရှိတဲ့ ဂျမှုးမြို့ အိန္ဒိယလေတပ် အခြေစိုက်စခန်းတစ်ခုကို ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် နိုင်ငံ၏လေတပ်အခြေစိုက်စခန်းအား ကာကွယ်ရေးမြင့်တင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည် ။ အခြေစိုက်စခန်းသည် ပါကစ္စတန်နယ်စပ်မှ ၁၅ ကီလိုမီတာ (၉.၃ မိုင်) သာကွာဝေးသည်။

အိန္ဒိယလေတပ်သည် အဝေးမှ မြေပြင်နှင့် ဝေဟင်ပစ်မှတ်များကို ထောက်လှမ်းနိုင်စေရန်အတွက် electro-optic နှင့် thermal imaging တပ်ဆင်ထားတဲ့ အဆင့်မြင့်ဒရုန်း စနစ်ကို ဝယ်ယူရန်ရှာဖွေနေပြီး ရန်သူဒရုန်းများကို တန်ပြန်ရန်ရည်ရွယ်ထားသည်။

အိန္ဒိယလေတပ်သည် အခြေခံလုံခြုံရေးအဆင့်မြှင့်တင်မှုအတွက် ရူပီး ၁.၅ ဘီလီယံ (ဒေါ်လာ ၁၉.၅ သန်း) အတွက် ဌာနေတန်ပြန်ဒရုန်းစနစ်များ ဝယ်ယူရန် အမိန့်ပေးထားပြီးဖြစ်သည်။ အသေးစား မောင်းသူမဲ့လေယာဉ် (UAV) များကို ပြည်တွင်းကုမ္ပဏီတစ်ခုမှလည်း ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယစစ်တပ်သည် ပြည်တွင်းထုတ်လုပ်သူများထံမှ မောင်းသူမဲ့လေယာဉ်(UAV)အများအပြားကို မှာယူခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေးဒရုန်းများအပြင် ပစ်မှတ်ကိုထောက်လှမ်းကာ ဖောက်ခွဲတိုက်ခိုက်နိုင်သည့် ဒရုန်းအများအပြားကိုလည်း မှာယူခဲ့သည်။

အိန္ဒယနိုင်ငံသည် ၎င်းတို့၏ ထောက်လှမ်းမှုနှင့် ထောက်လှမ်းမှုစွမ်းရည်ကို မြှင့်တင်ရန်အတွက် အာရုံခံကိရိယာများနှင့် ဂြိုလ်တုဆက်သွယ်ရေးကိရိယာများပါရှိသည့် ဒရုန်းများကို အဆင့်မြှင့်တင်ရန် စီစဉ်နေသည်။

အချို့သော မောင်းသူမဲ့လေယာဉ်(UAV) များကို ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များနှင့် လေဆာလမ်းညွှန် ခဲယမ်းများ ပေါင်းစပ်ရန် အစီအစဉ်များစတင်နေသည်။

— ကိုးကား —
dfp
ref; Indian Air Force to Buy 100 Drones for Base Security

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။