Trending Now

မကွေးတိုင်းဒေသရှိ PDF အဖွဲ့ဝင် အမျိူးသား (၉) ဦး လက်နက်ချအလင်းဝင်လာကြောင်း နစကမှ ထုတ်ပြန်

Spread the love

မကွေးတိုင်းဒေသရှိ PDF အဖွဲ့ဝင် အမျိူးသား (၉) ဦး လက်နက်ချအလင်းဝင်လာကြောင်း နစကမှ ထုတ်ပြန်

 

EPN

မြစ်ကြီးနား ၊ ဇွန်လ ၁၄

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင်ရှိသော PDF အဖွဲ့ဝင်အမျိူးသား( ၉) ဦးလက်နက်ချအလင်းဝင်ပြီး ၎င်းအလင်းဝင်လာသူများကို ပဒါန်းကျေးရွာတွင်ရှိသော လုံခြုံရေးတပ်ဖွဲ့များမှ ကြိုဆိုခဲ့ပြီး ယမန်နေ့နံနက်ပိုင်းတွင် ၎င်းတို့မိဘများထံသို့ လွဲပြောင်းပေးအပ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အလင်းဝင်ခိုလုံလာသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့မိဘများထံသို့ လက်မှတ်ရေးထိုးပြီး လွဲှပြောင်းပေးအပ်ခြင်းအစီစဉ်ကို မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဒါန်းတပ်နယ်တွင်ရှိသော တာဝန်ရှိသူများ ကျေးရွာရှိတာဝန်ရှိသူများနှင့်၎င်းတို့၏မိဘများ တက်ရောက်ခဲ့ပြီး လွဲှပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

၎င်းအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ခိုလှုံခဲ့သည့် PDF အဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ပြီးနောက် ပဒါန်းတပ်တွင်ရှိသောတာဝန်ရှိသူများကို ၎င်းတို့၏ မိဘအုပ်ထိန်းသူများကိုယ်စား ပဒါန်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရမှ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် ဥပဒေဘောင်အတွင်းသို့ စည်းကမ်းချက်များနှင့်အတူ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်ထားပြီးဖြစ်ရာ ယခု ဇွန်လအတွင်း အလင်းဝင်ခိုလုံလာသူစုစုပေါင်း (၁၂) ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။