Trending Now

မိုးကောင်မြို့၊ ရေရှင်ကျေးရွာ ရပ်/ကျေး တာဝန်ခံတစ်ဦး အသတ်ခံရ

Spread the love

မိုးကောင်မြို့၊ ရေရှင်ကျေးရွာ ရပ်/ကျေး တာဝန်ခံတစ်ဦး အသတ်ခံရ

EPN
မိုးကောင်း၊ အောက်တိုဘာ ၆ (၂၀၂၃)

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ရေရှင်ကျေးရွာ ရပ်/ကျေး တာဝန်ခံ တစ်ဦးအား ယမန်နေ့က အမည်မသိ လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

ရေရှင်ကျေးရွာတွင် ရပ်/ကျေးတာဝန် ထမ်းဆောင်နေသည့် အမျိုးသားအား အမည်မသိ လူတစ်စုမှ ၎င်း၏ အိမ်ဝန်းအတွင်းသို့ ဝင်ရောက်၍ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ကျေးရွာနေ ပြည်သူများက ဆိုသည်။

“ဦးထွန်းရင်က ဆန်စက်ထောင်ထားတာလည်း ဟုတ်တယ်။ ရပ်ကျေး ဥက္ကဌလည်း ဖြစ်တယ်။ မနေ့ ည ၇ နာရီလောက်မှာ သေနတ်သမားအဖွဲ့က သူခြံဝန်းအထဲထိ ကားနဲ့ဝင်ပြီး သေနတ်နဲ့ သုံးချက် ပစ်သတ်ခဲ့လို့ သေဆုံး သွားတာဖြစ်တယ် “ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ သေဆုံးသူသည် အသက် (၅၀) ကျော် ဦးထွန်းရင်ဆိုသူဖြစ်ပြီး ယမန်နေ့ ည ၇နာရီအချိန်တွင် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာ သုံးချက်ဖြင့် ၎င်း၏ ခြံဝန်းအတွင်းသေဆုံးခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။

မိုးကောင်းမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ (၁၉) ရက်‌နေ့ ကလည်း ကျောင်းပို့၊ ကျောင်းကြို တာဝန်ယူနေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကိုလည်း မိုးကောင်း PDF အဖွဲ့မှ ချောင်းမြောင်းပစ်ခတ် လုပ်ကြံခဲ့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။