Trending Now

လစ်သူယေးနီးယားက အမေရိကန်ထုတ် Switchblade 600 အသေခံဒရုန်းတွေဝယ်ယူမည်

Spread the love

လစ်သူယေးနီးယားက အမေရိကန်ထုတ် Switchblade 600 အသေခံဒရုန်းတွေဝယ်ယူမည်

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၇

လစ်သူယေးနီးနိုင်ငံက အမေရိကန်ထုတ် Switchblade 600 အသေခံဒရုန်းတွေဝယ်ယူဖို့အတွက် ယူရိုငွေ ၄၅ သန်း (ဒေါ်လာ ၄၇.၈ သန်း) တန် ကန်ထရိုက်စာချုပ်တစ်ခုကို လစ်သူယေးနီးယားနဲ့ အမေရိကန်နိုင်ငံတို့ လက် မှတ်ရေးထိုးခဲ့ကြပါတယ်။

လစ်သူယေးနီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံပြင်ပမှာ Switchblade 600 အသေခံဒရုန်းတွေဝယ်ယူတဲ့ ပထမ ဦးဆုံးနိုင်ငံဖြစ်ပါတယ်။
ကန်ထရိုက်စာချုပ်ထဲမှာ ဒရုန်းလွှတ်တင်/ ထိန်းချုပ်ရေးလက်နက်ပစ္စည်းတွေ၊ ပြုပြင်ထိန်းသိမ်းရေးကိစ္စတွေနဲ့ ဒရုန်းတွေနဲ့ ဆက်စပ်တဲ့ သင်တန်းကိစ္စတွေပါ ပါဝင်ပါတယ်။

“ဒီဒရုန်းတွေဟာ လစ်သူယေးနီးယားတပ်မတော်အတွက် စွမ်းရည်သစ်တွေပေးသွားမှာဖြစ်ပါတယ်။ ဒီဒရုန်း တွေနဲ့ ကီလိုမီတာ ၄၀ ဝန်းကျင်အကွာ်အဝေးမှာရှိတဲ့ ရန်သူ့တင့်ကားတွေနဲ့ တခြားသံချပ်ကာယာဉ်တွေကို ပစ် ခတ်ဖျက်ဆီးနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့တပ်မတော်မှာ အရင်က အဲဒီလက်နက်စွမ်းရည်မျိး ပိုင်ဆိုင်ထား ခြင်းမရှိပါဘူး။” လို့ လစ်သူယေးနီးယားကာကွယ်ရေးဝန်ကြီး အာဗီဒါးစ်အန်နားဆားစကက်စ်က ပြောပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရက Switchblade 600 မူကွဲ အပေါ့စားဒရုန်းတွေဖြစ်တဲ့ Switchblade 300 ဒရုန်း တွေကိုလည်း ထောက်ပံ့သွားမှာဖြစ်ပြီး အဲဒီထောက်ပံ့မှုကိုတော့ အမေရိကန်စစ်ရေးအကူအညီရန်ပုံငွေထဲက နေ ကျခံသုံးစွဲသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် AeroVironment ကုမဏီကထုတ်လုပ်တဲ့ Switchblade 600 ဒရုန်းဟာ တာဝေးပျံသန်းနိုင်တဲ့ ဒရုန်းဖြစ်ပြီး တာဝေးပစ်မှတ်တွေကို ခြေရာခံထောက်လှမ်းနိုင်တဲ့ ခေတ်မီ အီလက်ထရောနစ်မှန်ပြောင်းတွေ တပ်ဆင်ထားတဲ့ ဒရုန်းဖြစ်ပါတယ်။

ဒီဒရုန်းအမျိးအစားကို စစ်သည်တစ်ဦးတည်းက ၁၀ မိနစ်အတွင်းမှာ လွှတ်တင်နိုင်တယ်လို့ဆိုပါတယ်။ Switchblade 600 ဒရုန်းတွေဟာ တင့်ကားတွေအပါအဝင် သံချပ်ကာယာဉ်မျိးစုံကို တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်း ရှိတယ်လို့ဆိုပါတယ်။

Ref: Lithuania Procures Switchblade Kamikaze Drones from US

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။