Trending Now

မိုးညႇင္းတြင္ ႏွစ္ပတ္အတြင္း ေရႊဆြဲႀကိဳး အနီးကပ္လုယက္ခံရမႈ (၃)ႀကိမ္ျဖစ္ပြား

Spread the love

မိုးညႇင္းတြင္ ႏွစ္ပတ္အတြင္း ေရႊဆြဲႀကိဳး အနီးကပ္လုယက္ခံရမႈ (၃)ႀကိမ္ျဖစ္ပြား
EPN
မိုးညႇင္း၊ ေမ ၁၃
မိုးညႇင္းၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ အမ်ိဳးသမီးမ်ားအား အေၾကာင္းအမ်ိဳးမ်ိဳးႏွင့္ ခ်ဥ္းကပ္ကာ ေရႊဆြဲႀကိဳး လုယက္မႈ ဧၿပီ ၃၀ မွ ေမလ ၁၂ ရက္ေန႕အထိ ရက္သတၱပတ္ (၂) ပတ္အတြင္း ၃ႀကိမ္တိတိ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
မိုးညႇင္းၿမိဳ႕ရိွ စိမ္းရတနာမြန္ေတာင္ရပ္ကြက္ႏွင့္ စိမ္းရတနာမြန္ေျမာက္၊ နားခါရပ္ကြက္တို႔တြင္ အမ်ဳိးသမီးမ်ားအား အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ခ်ဥ္းကပ္၍ ေရႊဆြဲႀကိဳး လုယက္မႈမ်ား မၾကာခဏ ျဖစ္ပြားလွ်က္ရိွခဲ့ရာ ဧၿပီ(၃၀)ရက္ေန႔တြင္ (၁)ႀကိမ္၊ ေမလ(၁၁)ရက္တြင္ (၁) ႀကိမ္ႏွင့္ ေမလ(၁၂)ရက္ေန႔တြင္ (၁)ႀကိမ္္ ရက္သတၱပတ္ (၂)ပတ္အတြင္း (၃)ႀကိမ္တိတိျဖစ္ပြားခဲ့ေၾကာင္း နားခါရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ထံမွ သိရသည္။
မိုးညႇင္းၿမိဳ႕ သာစည္ရပ္ကြက္မွ ေဒၚျမတ္ျမတ္ခိုင္-(လယ္ျပ)ဆရာမသည္ မိုးညႇင္းၿမိဳ႕၊ အထက(၁)ေက်ာင္းမွ ပို႔ခ်လွ်က္ရိွေသာ Grate(3)သင္တန္းတက္အၿပီး ၎ေနထိုင္ရာ သာစည္ရပ္ကြက္ေနအိမ္သို႔ လမ္းေလွ်ာက္ ျပန္လာစဥ္ စိမ္းရတနာမြန္ေျမာက္ရပ္ကြက္(၁)လမ္းအေရာက္တြင္ ဆိုင္ကယ္စီးလာေသာ လူငယ္(၂)ဦးမွ ေနာက္မွ ေက်ာ္တက္လာၿပီး ေဒၚျမတ္ျမတ္ခိုင္ေရွ႕အေရာက္တြင္ ဆိုင္ကယ္ရပ္တန္႔ၿပီး ဒီအနီးအနားမွာ စက္ေရတြင္းတူးတဲ့ လူမရိွဘူးလားဟု ေမးျမန္းလွ်က္ ေဒၚျမတ္ျမတ္ခိုင္အနီးသို္ တိုးကပ္လာၿပီး ေဒၚျမတ္ျမတ္ခိုင္ လည္ပင္းတြင္ ဝတ္ဆင္ထားေသာ ေရႊဆြဲႀကိဳးအား လုယူရန္ႀကိဳးစားစဥ္ ကာယကံရွင္မွ လည္ပင္းမွ ေရႊဆြဲႀကိဳးအား အခ်ိန္မီွ လက္ျဖင့္အုပ္၍ ျဖဳတ္ယူမရေအာင္ ကာကြယ္လွ်က္ ပတ္ဝန္းက်င္သို႔္္ ေအာ္ဟစ္ အကူအညီေတာင္းခံခဲ့ရာ အဆိုပါလုယက္သူ(၂)ဦးမွ ၎၏လက္ေမာင္းအား လက္သီးျဖင့္(၃)ခ်က္ထိုးကာ သတ္ျပစ္မည္ဟု ေျပာဆိုႀကိမ္းေမာင္းၿပီး ဆိုင္ကယ္ေပၚသို႔ တက္၍ ေမာင္းႏွင္းထြက္ေျပးခဲ့ ေသာ ျဖစ္စဥ္ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
အလားတူ မိုးညႇင္းၿမိဳ႕တြင္ အဆိုပါလုယက္မႈႏွင့္ဆင္တူစြာ စိမ္းရတနာမြန္ေတာင္ရပ္ကြက္ေန ေနအိမ္အတြင္း အိမ္ဆိုင္ဖြင့္လွစ္ေရာင္းခ်သူ ေဒၚေသာင္းခင္ထံ ဧၿပီ(၃၀)ရက္ေန႕က လူငယ္ႏွစ္ဦးမွ ေစ်းဝယ္ခ်င္ေယာင္ ေဆာင္၍ ေနအိမ္ဆိုင္ခန္းထဲသို႔ဝင္၍ ေဒၚေသာင္းခင္ဆြဲထားေသာ (၂)က်ပ္သားႏွင့္ ပုလဲဆြဲသီး အား လုယက္ခံရေသာျဖစ္စဥ္ႏွင့္ ေမလ (၁၁)ရက္ေန႕တြင္ စိမ္းရတနာမြန္ေျမာက္ရပ္ကြက္ေန ေဒၚယဥ္သိန္း ဆိုသူ ဆိုင္ကယ္စီးေနစဥ္ လူငယ္(၂)ဦးမွ ဆိုင္ကယ္အားတြန္းလွဲ၍ လည္ပင္းတြင္ ဆြဲထားေသာ ဆြဲႀကိဳးအား ျဖဳတ္ယူလုယက္သျဖင့္ ေရႊဆြဲႀကိဳးမွာ ျပတ္ေတာက္၍ ေျမျပင္သို႔က်ခဲ့ရာ လုယက္သူႏွင့္ (၂)ႀကိမ္တိုင္ ေအာင္လံုးေထြးသတ္ ပုတ္ေနစဥ္ က်န္တစ္ဦးမွ ေဒၚယဥ္သိန္း၏လဲက်ေနေသာ ဆိုင္ကယ္အား ဆြဲထူကာ ေမာင္းႏွင္ထြက္ေျပးရန္ျပဳလုပ္ေနစဥ္ ေဒၚယဥ္သိန္းမွ အဆိုပါလူငယ္၏ ဂုတ္အားဆြဲခ်ၿပီး ပတ္ဝန္းက်င္သို႔ ေအာ္ဟစ္အကူအညီေတာင္းခဲ့သျဖင့္ ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ နားခါအုပ္ခ်ဳပ္ေရးမွဴးထံ အသိေပးအေၾကာင္းခဲ့ေၾကာင္းသိရသည္။
အဆိုပါ အနီးကပ္လုယက္မႈျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ ေန႔ခင္းေၾကာင္ေတာင္ အတင့္ရဲစြာ လုယက္ခံရေပမဲ့ ကာယကံရွင္မ်ားဘက္မွ နားခါရပ္ကြက္႐ံုးသို႔ အသိေပးျခင္းသာျပဳလုပ္ခဲ့ေၾကာင္းႏွင့္ ရဲစခန္းသို႔ အမႈဖြင့္ရန္ အတြက္ကိုမူ ျငင္းဆိုခဲ့ၾကေၾကာင္း နားခါရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။
မိုးျမင့္
———————————————————–

မိုးညှင်းတွင် နှစ်ပတ်အတွင်း ရွှေဆွဲကြိုး အနီးကပ်လုယက်ခံရမှု (၃)ကြိမ်ဖြစ်ပွား

EPN

မိုးညှင်း၊ မေ ၁၃

မိုးညှင်းမြို့ပေါ်ရပ်ကွက်များတွင် အမျိုးသမီးများအား အကြောင်းအမျိုးမျိုးနှင့် ချဉ်းကပ်ကာ ရွှေဆွဲကြိုး လုယက်မှု ဧပြီ ၃၀ မှ မေလ ၁၂ ရက်နေ့အထိ ရက်သတ္တပတ် (၂) ပတ်အတွင်း ၃ကြိမ်တိတိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့ရှိ စိမ်းရတနာမွန်တောင်ရပ်ကွက်နှင့် စိမ်းရတနာမွန်မြောက်၊ နားခါရပ်ကွက်တို့တွင် အမျိုးသမီးများအား အကြောင်းအမျိုးမျိုးဖြင့် ချဉ်းကပ်၍ ရွှေဆွဲကြိုး လုယက်မှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိခဲ့ရာ ဧပြီ(၃၀)ရက်နေ့တွင် (၁)ကြိမ်၊ မေလ(၁၁)ရက်တွင် (၁) ကြိမ်နှင့် မေလ(၁၂)ရက်နေ့တွင် (၁)ကြိမ် ရက်သတ္တပတ် (၂)ပတ်အတွင်း (၃)ကြိမ်တိတိဖြစ်ပွားခဲ့ကြောင်း နားခါရပ်ကွက်အုပ်ချုပ်ရေးမှူး ထံမှ သိရသည်။

မိုးညှင်းမြို့ သာစည်ရပ်ကွက်မှ ဒေါ်မြတ်မြတ်ခိုင်-(လယ်ပြ)ဆရာမသည် မိုးညှင်းမြို့၊ အထက(၁)ကျောင်းမှ ပို့ချလျှက်ရှိသော Grate(3)သင်တန်းတက်အပြီး ၎င်းနေထိုင်ရာ သာစည်ရပ်ကွက်နေအိမ်သို့ လမ်းလျှောက် ပြန်လာစဉ် စိမ်းရတနာမွန်မြောက်ရပ်ကွက်(၁)လမ်းအရောက်တွင် ဆိုင်ကယ်စီးလာသော လူငယ်(၂)ဦးမှ နောက်မှ ကျော်တက်လာပြီး ဒေါ်မြတ်မြတ်ခိုင်ရှေ့အရောက်တွင် ဆိုင်ကယ်ရပ်တန့်ပြီး ဒီအနီးအနားမှာ စက်ရေတွင်းတူးတဲ့ လူမရှိဘူးလားဟု မေးမြန်းလျှက် ဒေါ်မြတ်မြတ်ခိုင်အနီးသို တိုးကပ်လာပြီး ဒေါ်မြတ်မြတ်ခိုင် လည်ပင်းတွင် ဝတ်ဆင်ထားသော ရွှေဆွဲကြိုးအား လုယူရန်ကြိုးစားစဉ် ကာယကံရှင်မှ လည်ပင်းမှ ရွှေဆွဲကြိုးအား အချိန်မှီ လက်ဖြင့်အုပ်၍ ဖြုတ်ယူမရအောင် ကာကွယ်လျှက် ပတ်ဝန်းကျင်သို့် အော်ဟစ် အကူအညီတောင်းခံခဲ့ရာ အဆိုပါလုယက်သူ(၂)ဦးမှ ၎င်း၏လက်မောင်းအား လက်သီးဖြင့်(၃)ချက်ထိုးကာ သတ်ပြစ်မည်ဟု ပြောဆိုကြိမ်းမောင်းပြီး ဆိုင်ကယ်ပေါ်သို့ တက်၍ မောင်းနှင်းထွက်ပြေးခဲ့ သော ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အလားတူ မိုးညှင်းမြို့တွင် အဆိုပါလုယက်မှုနှင့်ဆင်တူစွာ စိမ်းရတနာမွန်တောင်ရပ်ကွက်နေ နေအိမ်အတွင်း အိမ်ဆိုင်ဖွင့်လှစ်ရောင်းချသူ ဒေါ်သောင်းခင်ထံ ဧပြီ(၃၀)ရက်နေ့က လူငယ်နှစ်ဦးမှ ဈေးဝယ်ချင်ယောင် ဆောင်၍ နေအိမ်ဆိုင်ခန်းထဲသို့ဝင်၍ ဒေါ်သောင်းခင်ဆွဲထားသော (၂)ကျပ်သားနှင့် ပုလဲဆွဲသီး အား လုယက်ခံရသောဖြစ်စဉ်နှင့် မေလ (၁၁)ရက်နေ့တွင် စိမ်းရတနာမွန်မြောက်ရပ်ကွက်နေ ဒေါ်ယဉ်သိန်း ဆိုသူ ဆိုင်ကယ်စီးနေစဉ် လူငယ်(၂)ဦးမှ ဆိုင်ကယ်အားတွန်းလှဲ၍ လည်ပင်းတွင် ဆွဲထားသော ဆွဲကြိုးအား ဖြုတ်ယူလုယက်သဖြင့် ရွှေဆွဲကြိုးမှာ ပြတ်တောက်၍ မြေပြင်သို့ကျခဲ့ရာ လုယက်သူနှင့် (၂)ကြိမ်တိုင် အောင်လုံးထွေးသတ် ပုတ်နေစဉ် ကျန်တစ်ဦးမှ ဒေါ်ယဉ်သိန်း၏လဲကျနေသော ဆိုင်ကယ်အား ဆွဲထူကာ မောင်းနှင်ထွက်ပြေးရန်ပြုလုပ်နေစဉ် ဒေါ်ယဉ်သိန်းမှ အဆိုပါလူငယ်၏ ဂုတ်အားဆွဲချပြီး ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခဲ့သဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နားခါအုပ်ချုပ်ရေးမှူးထံ အသိပေးအကြောင်းခဲ့ကြောင်းသိရသည်။

အဆိုပါ အနီးကပ်လုယက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ နေ့ခင်းကြောင်တောင် အတင့်ရဲစွာ လုယက်ခံရပေမဲ့ ကာယကံရှင်များဘက်မှ နားခါရပ်ကွက်ရုံးသို့ အသိပေးခြင်းသာပြုလုပ်ခဲ့ကြောင်းနှင့် ရဲစခန်းသို့ အမှုဖွင့်ရန် အတွက်ကိုမူ ငြင်းဆိုခဲ့ကြကြောင်း နားခါရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

မိုးမြင့်
 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။