Trending Now

ကျန်းမာရေးနှင့် ဘာသာရေးဆိုင်ရာ ကစ္စရပ်များအတွက် တစ်ပတ်အတွင်း ငွေကျပ်သိန်း ၁၀၀ အထိထုတ်ယူနိုင်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်

Spread the love

ကျန်းမာရေးနှင့် ဘာသာရေးဆိုင်ရာ ကစ္စရပ်များအတွက် တစ်ပတ်အတွင်း ငွေကျပ်သိန်း ၁၀၀ အထိထုတ်ယူနိုင်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်

EPN
မြစ်ကြီးနား၊ ဧပြီ ၂

ကျန်းမာရေးနှင့် ဘာသာရေးဆိုင်ရာ ကစ္စရပ်များအတွက် အထောက်အထားခိုင်လုံစွာ တင်ပြနိုင်ပါက ပြည်သူများအနေဖြင့် ဘဏ်ကနေ တစ်ပတ်အတွင်း ငွေကျပ်သိန်း ၁၀၀ အထိထုတ်ယူနိုင်ကြောင်း ဗဟိုဘဏ်က ယမန်နေ့က ထုတ်ပြန်ထားသည်။

ဘဏ်များတွင် ငွေကြေးများထုတ်ယူခွင့်ကို ကန့်သတ်ထား သော်လည်း အစိုးရ ရုံးလုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းများအတွက် ဘဏ်ကနေ တစ်ပတ်လျင် အများဆုံး ကျပ် သိန်း ၁၀၀၀ အထိ ထုတ်ယူနိုင်ကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။

အလားတူ စက်မှုဇုန်စက်ရုံများ၏ လုပ်ခလစာကိစ္စရပ်များအတွက် ကန့်သတ်ချက်မရှိ ထုတ်ပေး ခြင်းအပြင် ကုန်ကြမ်းဝယ်ယူခြင်းအတွက် ငွေသားထုတ်ယူမှုကို မိမိတို့ ၏ငွေကြေး လွယ်ကူမှုအပေါ်မူတည်၍ တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၁,၀၀၀ အထိထုတ်ယူနိုင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် အစိုးရဌာနများ၏သင်တန်းကျောင်းစရိတ်များ၊ ဆုချီးမြှင့် ငွေများ၊ ဝတ်စုံကြေး များ ၊ နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ချီးမြှင့်ငွေများ ၊ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ငွေ များ၊ ဝန်ထမ်းဆုချီးမြှင့်ငွေများနှင့် ဘာသာရေးဆိုင်ရာအခမ်းအနားများအတွက် ငွေသားထုတ်ယူခြင်းကို တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း (၁,၀၀၀) အထိ ထုတ်ယူနိုင်ကြောင်း ဖော်ပြထားသည်။

ငွေဖြင့်ဆောင်ရွက်သည့်ဒေသဖွံဖြိုးရေးစီမံကိန်းများ၊ ကျေးရွာဖွံဖြိုးရေး စီမံကိန်း များ၊ ထောက်ပံ့ကြေးများ (ဥပမာ – လူမှုဖူလုံရေး ဆိုင်ရာထောက်ပံ့မှုများ ၊ လူထု ဗဟို စီမံကိန်း ထောက်ပံ့မှုများ) နှင့် လျော်ကြေး ကိစ္စများအတွက်လည်း ငွေသားထုတ် ယူခြင်းကို တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၁,၀၀၀ အထိ ထုတ်ယူနိုင်ကြောင်း ဖော်ပြထားသည်။

ယင်းအပြင် ဘဏ်စာရင်းအသစ်သိုဝင်ရောက်ခြင်းဖြစ်ပါက အပ်နှံသည့် ငွေသား ပမာဏ အတွင်း ကန့်သတ်ချက်မရှိဘဲ ထုတ်ယူခွင့်ပြုရန်နှင့် ရောင်းသူ စာရင်းသို ငွေသားထည့်သွင်းဆောင်ရွက်ခြင်းများအတွက် New Account များအပေါ် လက်ရှိဆောင်ရွက်ပေးလျက်ရှိသည့်အတိုင်း ငွေသားပေးသွင်း ထားသည့် ပမာဏအပေါ် ငွေသား ထုတ်ယူခွင့်အပြည့်အဝရှိပြီး ဘဏ်စာရင်းအဟောင်းသို ငွေသားဖြင့် ဝင်ရောက် ခြင်းဖြစ်ပါက ငွေသား ပေးသွင်းသည့်ပမာဏအတိုင်း ငွေသားပြန်လည် ထုတ်ပေး ရန် သတ်မှတ်ချက်များပြောင်းလဲမှုမရှိကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

ဝလုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။