Trending Now

ဖားကန့်၊ မအူပင်ကျေးရွာအနီးရှိ KIA ဂိတ်ကို တပ်မတော်နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်

Spread the love

ဖားကန့်၊ မအူပင်ကျေးရွာအနီးရှိ KIA ဂိတ်ကို တပ်မတော်နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၇ (၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မအူပင် ရေကာတာ ကျေးရွာအနီး ယနေ့ဖေဖော်ဝါရီလ (၇)ရက်နေ့၊ နံနက် (၁၀)နာရီခန့်က KIA ဂိတ်စခန်းတစ်ခုကို တပ်မတော်နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖားကန့် – မြစ်ကြီးနားသွား ကားလမ်းမပေါ်ရှိ မအူပင် ရေကာတာကျေးရွာအနီးတွင် KIAမှ ဂိတ်ထိုင်ထားသည့် စခန်းကို ယနေ့နံနက်က တပ်မတော်နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့မှ ကထန်ယန် ကျေးရွာဘက်မှ ကားများဖြင့် လာရောက်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” မနက်ကစပြီး ကထန်ယန်ဘက်ကနေ တပ်မတော်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဆင်းလာပြီး လာတိုက်ခဲ့တယ်။ ရေကာတာနားမှာက KIA ဂိတ်ထိုင်နေတာကြာပြီ။ ရွာထဲလည်း လက်နက်ကြီးကျည်တွေ ကျရောက်ပြီး အိမ်မီးလောင်တာတွေလဲ ရှိတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် မအူပင်ကျေးရွာမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ကျေးရွာအတွင်းရှိ နေအိမ် (၁၂)လုံးကျော် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ (၂)ရက်နေကလည်း ဖားကန့် – မြစ်ကြီးနား ကားလမ်းမပေါ်ရှိ နန့်တိန်းစခန်းတွင် တပ်မတော်နှင့် KIA/ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ ကားလမ်းများလည်း ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။