Trending Now

တရုတ်နိုင်ငံအရှေ့တောင်ပိုင်းမှာ ရေကြီးမှုကြောင့် မီးသတ်ကားတစ်စီး မြစ်ထဲမျှောပါသွားပြီး အမှုထမ်း ၅ ဦးပျောက်ဆုံးနေ

Spread the love

တရုတ်နိုင်ငံအရှေ့တောင်ပိုင်းမှာ ရေကြီးမှုကြောင့် မီးသတ်ကားတစ်စီး မြစ်ထဲမျှောပါသွားပြီး အမှုထမ်း ၅ ဦးပျောက်ဆုံးနေ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၅

တရုတ်နိုင်ငံအရှေ့တောင်ပိုင်းဖူးကျန်ပြည်နယ်မှာ ဒီနေ့မနက်ပိုင်းက ရုတ်တရက် ရေကြီးမှုကြောင့် မီးသတ်ကားတစ်စီး မြစ်ထဲမျှောပါသွားခဲ့ပြီး အမှုထမ်း ၅ ဦးပျောက်ဆုံးနေတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

အပူပိုင်းမုန်တိုင်း “Haikui ” ဟာ အင်္ဂါနေ့ နံနက်ပိုင်းက ဖူကျန်းနဲ့ ကွမ်းတုံ့ပြည်နယ် ကမ်းရိုးတမ်းတစ်လျှောက်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး မုန်တိုင်းကြောင့် အချို့နေရာတွေမှာ မိုးရေချိန် ၆၀၀ မီလီမီတာ အထိ ရွာသွန်းသွားခဲ့ကြောင်း တရုတ်နိုင်ငံ မိုးလေဝသအေဂျင်စီက ပြောပါတယ်။

မီးသတ်ကားဟာ ဖူကျန်းခရိုင်အတွင်းမှာရှိတဲ့ ယောင်တိုင် မြစ်ထဲကို အမှုထမ်း ငါးဦးနဲ့အတူ မျောပါသွားခဲ့တာဖြစ်ပြီး ခရိုင်အရေးပေါ်တုံ့ပြန်ရေးဌာနချုပ် အွန်လိုင်းသတင်းဆိုက် The Paper ရဲ့ ဖော်ပြချက်အရ အမည်စာရင်းမရရှိသေးတဲ့ အမှုထမ်းငါးဦးကို ရှာဖွေဖို့ ကယ်ဆယ်ရေးသမားတွေက တတ်နိုင်သမျှ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပြင်းထန်တဲ့ တိုင်ဖွန်း Saola ကွမ်းတုံ့ပြည်နယ်ကမ်းရိုးတမ်းတစ်လျောက်ကို ဝင်ရောက်တိုက်ခတ်ခဲ့လို့ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ Haikui မုန်တိုင်း ထပ်မံတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲတဲ့လတွေအတွင်းကလည်း တရုတ်နိုင်ငံမှာ စံချိန်တင် မိုးသည်းထန်စွာရွာသွန်းမှုတွေနဲ့ လူအသေအပျောက်များတဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။