Trending Now

မြန်မာ-တရုတ် နှစ်ထောင်ချီ ဗုဒ္ဓဘာသာ ကူးလူးဖလှယ်မှုကို လက်ဆင့်ကမ်းရန် တက်ကြွစွာ ဆောင်ရွက်တော်မူမည်ဟု သန်လျင်မင်းကျောင်း ဆရာတော်ကြီး မိန့်ကြား

Spread the love

မြန်မာ-တရုတ် နှစ်ထောင်ချီ ဗုဒ္ဓဘာသာ ကူးလူးဖလှယ်မှုကို လက်ဆင့်ကမ်းရန် တက်ကြွစွာ ဆောင်ရွက်တော်မူမည်ဟု သန်လျင်မင်းကျောင်း ဆရာတော်ကြီး မိန့်ကြား

EPN
ရန်ကုန်၊ မတ် ၂၇ (၂၀၂၄)

မြန်မာ-တရုတ် နှစ်ထောင်ချီ ဗုဒ္ဓဘာသာ ကူးလူးဖလှယ်မှုကို လက်ဆင့်ကမ်းရန် တက်ကြွစွာ ဆောင်ရွက်တော်မူမည်ဟု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးမှ ယမန်နေ့ (မတ် ၂၆ ရက်)က မိန့်ကြားတော်မူခဲ့သည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် သန်လျင်မင်းကျောင်း ဆရာတော်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ်ကြီး Mr. Chen Hai က သွားရောက်ဖူးမြော် ကြည်ညိုစဥ် မိန့်ကြားတော်မူခဲ့ခြင်း ဖြစ်သည်။

သန်လျင်မင်းကျောင်း ဆရာတော်ဘုရားကြီးမှ အကြိမ်များစွာ တရုတ်နိုင်ငံခရီးစဉ် သွားရောက်ခဲ့သည့် အတွေ့အကြုံများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း၊ ဆွေမျိုးပေါက်ဖော်ကောင်းဖြစ်ပြီး၊ နက်ရှိုင်းစွာ ဗုဒ္ဓဘာသာ ကူးလူးဖလှယ်မှု ရှိခြင်းတို့ကို မိန့်ကြားတော်မူခဲ့သည်။

၎င်းအပြင် ဗုဒ္ဓဘာသာသည် နှစ်နိုင်ငံပြည်သူများ စိတ်နှလုံးကို ချိတ်ဆက်ပေးသည့် အရေးပါသည့် ပေါင်းကူးတံတားဖြစ်ကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ဗုဒ္ဓဘာသာဝင်များကို ဦးဆောင်၍ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်၍ မြန်မာ-တရုတ် နှစ်ထောင်ချီ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုကို လက်ဆင့်ကမ်းရန် ဆောင်ရွက်တော်မူသွားမည်ဟု မိန့်ကြားတော်မူခဲ့သည်။

အလားတူ သံအမတ်ကြီး Mr. Chen Hai ကလည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ကူးလူးဖလှယ်မှုကို အလွန်အလေးထား၍ လတ်တလောနှစ်ပိုင်းတွင် မြန်မာနိုင်ငံနှင့်အတူ လက်တွဲကာ ပုဂံသဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းခြင်း၊ ရန်ကုန်မြို့ ဗိုလ်တထောင်စေတီတော် ဆံတော်တိုက် လုံခြုံရေးမှန်တံခါးနှင့် အတွင်းနံရံများ Polycarbonate တပ်ဆင်ခြင်း စီမံကိန်းများကို ကူညီလုပ်ဆောင်ခဲ့သည်ဟု လျှောက်ထားသည်။

၎င်းအပြင် သန်လျင်မင်းကျောင်း ဆရာတော်ဘုရားကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဂရုပြုထောက်ခံအားပေးမှုဖြင့် နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုတွင် တစ်ဆင့်တိုး ခိုင်မြဲတိုးတက်လာမည်ကိုယုံကြည်သည်ဟုလည်း လျှောက်ထားခဲ့သည်။

ယင်းနောက် သန်လျင်မင်းကျောင်းလဆရာတော်ကြီးအား သံအမတ်ကြီးမှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခြင်းအတွက် တရုတ်ဗုဒ္ဓဘာသာအသင်း၏ ဂုဏ်ပြုလွှာကို ဆက်ကပ်ခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။