Trending Now

အိန္ဒိယနိုင်ငံ မဟာရတ်ရှ်ထရာပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင် ၃၈၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံပြီး ၄၅ ဦး သေဆုံး

Spread the love

အိန္ဒိယနိုင်ငံ မဟာရတ်ရှ်ထရာပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင် ၃၈၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံပြီး ၄၅ ဦး သေဆုံး

EPN
နိုင်ငံတကာ၊ ဇွန် ၁၈

အိန္ဒိယနိုင်ငံ၊ မဟာရတ်ရှ်ထရာပြည်နယ်တွင် လက်ရှိအချိန်ထိ ရဲတပ်ဖွဲ့ဝင် ၃၈၂၀ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ၄၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါအချက်အလက်ကို ပြည်နယ် ပြည်ထဲရေးဝန်ကြီး အနေးလ်ဒက်ရှ်မူခ်က တွစ်တာမှတစ်ဆင့် မျှဝေ ခဲ့ခြင်းဖြစ်သည်။

“ရဲတပ်ဖွဲ့ဝင် ၃၈၂၀ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ဝင် ၂၇၅၄ ဦး ပိုးကင်း စင်ပြီး ၄၅ ဦး ကွယ်လွန်ခဲ့ပါတယ်” ဟု အနေးလ်က တွစ်တာ၌ ရေးသားခဲ့သည်။

ရဲတပ်ဖွဲ့၏ အရေးပေါ်ဟော့လိုင်းသို့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဖုန်းခေါ်ဆိုမှုအကြိမ်ရေ ပုံမှန် မြင့်တက်လာ ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ထံ ဖုန်းခေါ်ဆိုမှု ၁၀၃၇၀၇ ကြိမ် လက်ခံရရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့အပေါ် တိုက်ခိုက်မှုဖြစ်ရပ် ၂၆၈ ကြိမ်ကြောင့် လူ ၈၅၁ ဦးကို ဖမ်းဆီးခဲ့ရကြောင်း ၄င်းက တွစ်တာပို့များ၌ ရေးသားခဲ့သည်။

ပြည်နယ်အတွင်း လူခြောက်သိန်းကျော်ကို သီးသန့်ခွဲစောင့်ကြည့်ခဲ့ပြီး အခြားပြည်နယ်များမှ လုပ်သား ၄၁၃၈ ဦးက လိုအပ်ချက်များ ဖြည့်ဆည်းပေးခဲ့သည့် ကယ်ဆယ်ရေးစခန်း ၁၂၂ ခုကို ပြည်နယ်အစိုးရက ဖွင့်လှစ် ထားကြောင်း ၄င်းက ဆိုသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏အဆိုအရ မဟာရတ်ရှ်ထရာပြည်နယ်တွင် ယနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြု ကူးစက်လူနာ ၁၁၆၇၅၂ ဦး၊ ပိုးကင်းစင်သူ ၅၉၁၁၆ ဦးနှင့် သေဆုံးသူ ၅၆၅၁ ဦးရှိကြောင်း သိရ သည်။

–ကိုးကား–
အင်န်ဒီတီဗွီ
Ref; 45 Police Personnel Died Of COVID-19 In Maharashtra So Far: Minister


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။