Trending Now

အင်းတော်ကြီးဒေသ နံနက်ခင်းဈေး၌ ကိုဗစ်၁၉ရောဂါပိုး ကူးစက်မှုမဖြစ်ပွားစေရန် မတ်(စ်)ကမ်ပိန်း ၄ ရက်ပြုလုပ်

Spread the love

အင်းတော်ကြီးဒေသ နံနက်ခင်းဈေး၌ ကိုဗစ်၁၉ရောဂါပိုး ကူးစက်မှုမဖြစ်ပွားစေရန် မတ်(စ်)ကမ်ပိန်း ၄ ရက်ပြုလုပ်
EPN
အင်းတော်ကြီး၊ ဖေဖော်ဝါရီ ၁၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်နံနက်ခင်းဈေး၌ ကိုဗစ်၁၉ ရောဂါကူးစက်မှုမရှိစေရန်နှင့်မတ်(စ်)စနစ်တကျတပ်ဆင်စေရန် အသိပညာပေးလုပ်ငန်းကို မိုင်းနောင်ကိုဗစ်၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးဘော်လန်တီယာအဖွဲ့က ၄ရက်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အင်းတော်ကြီးဒေသတွင် ကိုဗစ်၁၉ရောဂါပိုးကူးစက်မှု မရှိစေရန်နှင့်မတ်(စ်)စနစ်တကျတပ်ဆင်စေရန်အတွက် မိုင်းနောင်ကျေးရွာ နံနက်နက်ခင်းဈေး၌ မတ်(စ်)ကမ်ပိန်းကို ဖေဖော်ဝါရီလ ၁၁ရက်နေ့မှ၁၄ရက်နေ့အထိ ၄ရက်ပြုလုပ်သွားမည်ဖြစ်ကြောင်း အဖွဲ့ဝင်တစ်ဦးထံကသိရသည်။
“ယခုလက်ရှိအချိန်မှာ ကိုဗစ်၁၉ရောဂါထပ်ပြီးတွေ့ရှိမှုတွေလည်းရှိနေတယ်။ဈေးသည်တွေ ကိုဗစ်၁၉ရောဂါကူးစက်မှုမရှိစေရန်နဲ့ မတ်(စ်)ကို စနစ်တကျတပ်ဆင်ပြီးဈေးဝယ်ဈေးရောင်းကြဖို့အတွက် အသိပညာပေးနှိုးဆော်ခြင်းတွေကို ကျနော်တို့ မိုင်းနောင် ဘော်လန်တီယာအဖွဲ့ကနေ မတ်(စ်)ကမ်ပိန်း လေးရက်ပြုလုပ်သွားမယ်”ဟု ဘောလန်တီယာအဖွဲ့ဝင်တစ်ဦးကပြောသည်။
ယခုလက်ရှိတွင် ရန်ကုန်မြို့မှအင်းတော်ကြီးဒေသသို့ ခရီးသွားပြန်လာသူ ၄ဦးတွင် ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိခဲ့ထားသည်ဟုသိရသည်။
ရန်ကျော်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။