Trending Now

အင္တာနက္ေပၚမွာသတင္းေတြ မျဖန္႔ဖုိ႔ ရုရွ စစ္သားေတြကုိ ပိတ္ပင္ထားေၾကာင္းသိရ

Spread the love

အင္တာနက္ေပၚမွာသတင္းေတြ မျဖန္႔ဖုိ႔ ရုရွ စစ္သားေတြကုိ ပိတ္ပင္ထားေၾကာင္းသိရ

EPN
ေဖေဖာ္ဝါရီ ၁၄

ႏုိင္ငံတကာ မွာ ျပႆနာေတြ ရႈတ္ေထြးလာတာေၾကာင့္ ရုရွႏုိင္ငံအေနျဖင့္ ၄င္းတုိ႔ ရဲ ႔ စစ္တပ္မွ စစ္သားေတြ ကုိ အင္တာနက္ေပၚမွာ

သတင္းေတြ ျဖန္႔ေဝျခင္းမျပဳလုပ္ရန္ ပိတ္ပင္ထားေၾကာင္းလည္းသိရသည္။

အင္တာနက္သတင္းေတြ အရ စစ္တပ္ရဲ ႔ လႈပ္ရွားမႈေတြ နဲ ႔စစ္ဆင္ေရး ေနရာေတြ ကုိ အတိအက် သိရွင္ႏုိင္ျခင္းေၾကာင့္ အြန္လုိင္းအသုံးျပဳမႈ ကုိ ပိတ္ပင္လုိက္ျခင္းျဖစ္ျပီး အဆုိပါကိစၥကုိ ဥပေဒမူၾကမ္းအျဖစ္အတည္ျပဳႏုိင္ဖုိ႔လည္း ျပင္ဆင္ေနျခင္းျဖစ္သည္။

ရုရွ ပါလီ မန္အေနျဖင့္ ဓာတ္ပုံ မ်ား ၊ဗြီဒီယုိမ်ား ႏွင့္ သတင္းအခ်က္အလက္မ်ားအပါအဝင္ စစ္တပ္မွ အသုံးျပဳ ျဖန္႔ျဖဴးေရးမရွိေစရန္ ဥပေဒျပဳေရးပညာရွင္ေတြ က အဂၤါေန႔မွာ ထည့္ သြင္းေျပာဆုိထားေၾကာင္းလည္းသိရသည္။

ရုရွ စစ္သားေတြ ကိုတားျမစ္သည့္ သတင္းအခ်က္အလက္ျဖန္႔ေဝေရးကိစၥနဲ ႔ ပတ္သက္၍ စစ္မႈထမ္းသူမ်ားအပါအဝင္ ၄င္းတုိ႔နဲ ႔ ေဆြမ်ဳိးေတာ္စပ္သည့္ လူမ်ားအထိလည္း အက်ဳံးဝင္မွာျဖစ္ျပီး
စည္းကမ္းအစီအမံ မ်ားကို ထည့္သြင္းမည္ျဖစ္သည္။

ယခုကဲ႔သုိ႔ မူၾကမ္းေဖာ္ျပသည့္ ရွင္းလင္းခ်က္ေတြ ထဲတြင္ သတင္းအခ်က္အလက္မ်ားကို စစ္သားမ်ားက အင္တာနက္အြန္လိုင္းမီဒီယာေပၚမွာ အသုံးျပဳျခင္းသည္ အခ်ဳိ ႔ ေသာ မလုိလားအပ္သည့္ အႏ ၱရာယ္မ်ား ကို ျဖစ္ေစႏုိင္ျခင္းေၾကာင့္ တားျမစ္ျခင္းျဖစ္ေၾကာင္းလည္း ရုရွ ျပည္ ရဲ ႔ ေပၚလစီခ်မွတ္မႈ တာဝန္ရွိသူေတြ က ရွင္းလင္းေျပာဆုိထားသည္။

ရုရွ ႏုိင္ငံအေနျဖင့္ ျပည္ပမွာ လ်ဳိ ႔ ဝွက္ စစ္ဆင္ေရး ၊ေထာက္လွမ္းေရးလုပ္သည့္ ကိစၥမ်ားတြင္ ေဒတာ အခ်က္အလက္မ်ားကုိ သတင္းဂ်ာနယ္ေတြ မွ ဖြင့္ခ်ခံရျခင္းနဲ ႔ ပတ္သက္၍ ယခုကဲ႔သုိ႔ စစ္တပ္ကုိ ဥပေဒထုတ္တားျမစ္ရျခင္းျဖစ္ႏုိင္ျပီး ၂၀၁၄ ခုႏွစ္တုန္းက ယူကရိန္း ခရီးသည္တင္ယာဥ္ MH17 ကုိ မွားယြင္း ပစ္ခ်မိသည့္ သတင္းအတြက္ လည္း ရုရွ စစ္တပ္မွ ကုိယ္စလွယ္မ်ားေၾကာင့္ သတင္းေပါက္ၾကားမႈ ျပႆနာမ်ားကုိ ခက္ခဲစြာ ရွင္းလင္းထားရဖူးသည္။

လက္ရွိတြင္ ရုရွ စစ္တပ္သည္ ယူကရိန္းနဲ ႔ ဆီးရီးယားတုိ႔ ရွိ စစ္ေရးလႈပ္ရွားမႈမ်ားအတြက ္ သတင္းေပါက္ၾကားမည္ကုိ စုိးရိမ္ေနျပီး ပါလီမန္က ဥပေဒကုိ အတည္ျပဳျပီးပါက သမၼတ ပူတင္အေနျဖင့္ လက္မွတ္ထုိးထုတ္ျပန္လိမ္႔မည္ျဖစ္ေၾကာင္းလည္းသိရသည္။

ကုိေဇာ္
————————–————————–———–
အင်တာနက်ပေါ်မှာသတင်းတွေ မဖြန့်ဖို့ ရုရှ စစ်သားတွေကို ပိတ်ပင်ထားကြောင်းသိရ

EPN
ဖေဖော်ဝါရီ ၁၄

နိုင်ငံတကာ မှာ ပြဿနာတွေ ရှုတ်ထွေးလာတာကြောင့် ရုရှနိုင်ငံအနေဖြင့် ၎င်းတို့ ရဲ့ စစ်တပ်မှ စစ်သားတွေ ကို အင်တာနက်ပေါ်မှာ သတင်းတွေ ဖြန့်ဝေခြင်းမပြုလုပ်ရန် ပိတ်ပင်ထားကြောင်းလည်းသိရသည်။

အင်တာနက်သတင်းတွေ အရ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ နဲ့စစ်ဆင်ရေး နေရာတွေ ကို အတိအကျ သိရှင်နိုင်ခြင်းကြောင့် အွန်လိုင်းအသုံးပြုမှု ကို ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး အဆိုပါကိစ္စကို ဥပဒေမူကြမ်းအဖြစ်အတည်ပြုနိုင်ဖို့လည်း ပြင်ဆင်နေခြင်းဖြစ်သည်။

ရုရှ ပါလီ မန်အနေဖြင့် ဓာတ်ပုံ များ ၊ဗွီဒီယိုများ နှင့် သတင်းအချက်အလက်များအပါအဝင် စစ်တပ်မှ အသုံးပြု ဖြန့်ဖြူးရေးမရှိစေရန် ဥပဒေပြုရေးပညာရှင်တွေ က အင်္ဂါနေ့မှာ ထည့် သွင်းပြောဆိုထားကြောင်းလည်းသိရသည်။

ရုရှ စစ်သားတွေ ကိုတားမြစ်သည့် သတင်းအချက်အလက်ဖြန့်ဝေရေးကိစ္စနဲ့ ပတ်သက်၍ စစ်မှုထမ်းသူများအပါအဝင် ၎င်းတို့နဲ့ ဆွေမျိုးတော်စပ်သည့် လူများအထိလည်း အကျုံးဝင်မှာဖြစ်ပြီး
စည်းကမ်းအစီအမံ များကို ထည့်သွင်းမည်ဖြစ်သည်။

ယခုကဲ့သို့ မူကြမ်းဖော်ပြသည့် ရှင်းလင်းချက်တွေ ထဲတွင် သတင်းအချက်အလက်များကို စစ်သားများက အင်တာနက်အွန်လိုင်းမီဒီယာပေါ်မှာ အသုံးပြုခြင်းသည် အချို့ သော မလိုလားအပ်သည့် အန ္တရာယ်များ ကို ဖြစ်စေနိုင်ခြင်းကြောင့် တားမြစ်ခြင်းဖြစ်ကြောင်းလည်း ရုရှ ပြည် ရဲ့ ပေါ်လစီချမှတ်မှု တာဝန်ရှိသူတွေ က ရှင်းလင်းပြောဆိုထားသည်။

ရုရှ နိုင်ငံအနေဖြင့် ပြည်ပမှာ လျို့ ဝှက် စစ်ဆင်ရေး ၊ထောက်လှမ်းရေးလုပ်သည့် ကိစ္စများတွင် ဒေတာ အချက်အလက်များကို သတင်းဂျာနယ်တွေ မှ ဖွင့်ချခံရခြင်းနဲ့ ပတ်သက်၍ ယခုကဲ့သို့ စစ်တပ်ကို ဥပဒေထုတ်တားမြစ်ရခြင်းဖြစ်နိုင်ပြီး ၂၀၁၄ ခုနှစ်တုန်းက ယူကရိန်း ခရီးသည်တင်ယာဉ် MH17 ကို မှားယွင်း ပစ်ချမိသည့် သတင်းအတွက် လည်း ရုရှ စစ်တပ်မှ ကိုယ်စလှယ်များကြောင့် သတင်းပေါက်ကြားမှု ပြဿနာများကို ခက်ခဲစွာ ရှင်းလင်းထားရဖူးသည်။

လက်ရှိတွင် ရုရှ စစ်တပ်သည် ယူကရိန်းနဲ့ ဆီးရီးယားတို့ ရှိ စစ်ရေးလှုပ်ရှားမှုများအတွက ် သတင်းပေါက်ကြားမည်ကို စိုးရိမ်နေပြီး ပါလီမန်က ဥပဒေကို အတည်ပြုပြီးပါက သမ္မတ ပူတင်အနေဖြင့် လက်မှတ်ထိုးထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်းလည်းသိရသည်။

ကိုဇော်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။