Trending Now

ပူတာအိုခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး ပြည်နယ်သယံဇာတရေးရာဝန်ကြီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံမှုပြုလုပ်

Spread the love

ပူတာအိုခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး ပြည်နယ်သယံဇာတရေးရာဝန်ကြီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံမှုပြုလုပ်

EPN
ပူတာအို ၊ဧပြီ ၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များတွင် ယခုနှစ် ဧပြီလကုန်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေးနှင့် လုပ်ငန်းလိုအပ်ချက္များအား ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဧပြီ(၈)ရက် မွန်းလွဲ ၂ နာရီတွင် ပူတာခရိုင်အတွင်းက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်းသိရသည်။

ယင်းတွေ့ဆုံပွဲတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီးမှ ပူတာအိုခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံမှုမရှိသေးသည့် ပြည်သူများကို ဆက်လက်ထိုးပေးနိုင်ရေးအတွက် ပြည်နယ်အစိုးရ အနေဖြင့် ပေါင်းစပ်ညှိုနှိုင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ထို့နောက် ပူတာအိုမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကဌနှင့်အဖွဲ့ဝင်များမှ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံမူအခြေအနေများနှင့် ကျန်ရှိမှုလုပ်ငန်းဆောင်တာများ တင်ပြနွေးဆွေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်‌ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်မူအခြေအနေများ တင်ပြခဲ့ကြောင်းသိရသည်။

ပူတာအိုခရိုင်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုစာရင်းများအရ ဆေးထိုးရန်နှင့်အကျူံးဝင်သူဦးရေ (၅၅၄၆၄)ဦးရှိသည့်အနက် ယခုလ ၇ရက်နေ့အထိ ကိုဗစ်ကာကွယ်ဆေး ၆၃ ဒသမ ၁၉ရာခိုင်နှူန်းထိုးနှံပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးသွားရောက်ခဲ့သည့် ဧပြီလ ၈ရက်နေ့တွင် ကိုဗစ်ကာကွယ်ဆေး ၈၀ရာခိုင်နှူန်းအထိ ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အစိုးရစက်မှု လက်မှု သိပ္ပံ(ပူတာအို)ကျောင်း၌ကျောင်းအုပ်ဆရာကြီး၊ နည်းပြဆရာ/ ဆရာမများနှင့် သွားရောက် တွေ့ဆုံကာ ဝန်ကြီးမှ အမှာစကားပြောကြားခဲ့သည်။

ပြည်နယ်ဝန်ကြီးက ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနားလမ်းမှ အစိုးရနည်းပညာအထက်တန်း ကျောင်းသွားလမ်းအား ကျောက်ချောလမ်း မှကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်လမ်းခင်းပေးနိုင်ရေး မြေပြင်ကွင်းဆင်း တွက်ချက်၍ တင်ပြသွားနိုင်ရေး ဌာန ဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။