Trending Now

အမေရိကန်မှာ လူမျိုးရေးမုန်းတီးတဲ့ သေနတ်သမားပစ်ခတ်လို့ လူ ၄ ဦးသေဆုံးခဲ့

Spread the love

အမေရိကန်မှာ လူမျိုးရေးမုန်းတီးတဲ့ သေနတ်သမားပစ်ခတ်လို့ လူ ၄ ဦးသေဆုံးခဲ့

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၈

လူမျိုးရေးမုန်းတီးမှု ဖြစ်ပွားနေတဲ့ သေနတ်သမားတစ်ဦးဟာ ဖလော်ရီဒါပြည်နယ် ဂျက်ဆင်ဗီးလ်မြို့မှာ သြဂုတ်လ ၂၆ ရက်နေ့က လူမည်း ၃ ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီးနောက် သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သေနတ်သမားဟာ အသက် ၂၀ အရွယ် ကာကွယ်ရေးဝတ်စုံဝတ်ဆင်ထားတဲ့ လူဖြူအမျိုးသားတစ်ဦးဖြစ်ပြီး Dollar General လျှော့ဈေးစတိုးအတွင်း စတင်ပစ်ခတ်ချိန်မှာ AR ပုံစံရိုင်ဖယ် တစ်လက်ကို ကိုင်ဆောင်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

“သူဟာ အဲဒီလူမည်းတွေကို ပစ်မှတ်ထားပြီး သတ်ပစ်ချင်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒါက အရမ်းရှင်းပါတယ်” လို့ ရဲအရာရှိက ပြောကြားခဲ့ပြီး သေဆုံးသူတွေထဲမှာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။

ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ သေနတ်သမားက သူ့ကိုယ်သူ ပစ်သတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ အက်ဖ်ဘီအိုင်က အဆိုပါပစ်ခတ်မှုကို အမုန်းတရား ရာဇဝတ်မှုတစ်ခုအဖြစ် စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။

ဘော့စတွန်၊ ချီကာဂိုနဲ့ အိုကလာဟိုးမားတို့မှာ အသေအပျောက်များတဲ့ ရာဇဝတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် အခုသီတင်းပတ်ကုန်မှာ ဖြစ်ပွားခဲ့တဲ့ နောက်ဆုံး သေနတ်ပစ်ခတ်မှုဖြစ်ပါတယ်။

ref; AFP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။