Trending Now

စင္းခန္းေက်းရြာအုပ္စု၊ ျမလယ္ေက်းရြာမ ွဦးေအာင္သန္းပိုင္ ဥယ်ာဥ္ျခံေျမသိမ္းဆည္းခံရမႈ သမၼတထံ အသနားခံတင္ျပသြားမည္ဟုဆို

Spread the love

 
စင္းခန္းေက်းရြာအုပ္စု၊ ျမလယ္ေက်းရြာမ ွဦးေအာင္သန္းပိုင္ ဥယ်ာဥ္ျခံေျမသိမ္းဆည္းခံရမႈ သမၼတထံ အသနားခံတင္ျပသြားမည္ဟုဆို

EPN
ဗန္းေမာ္၊ ေမလ ၁၆

ကခ်င္ျပည္နယ္ ၊ ဗန္းေမာ္ခရိုင္ ၊ ဗန္းေမာ္ၿမိဳ႕နယ္ ၊ စင္းခန္းေက်းရြာအုပ္စု ၊ ျမလယ္ေက်းရြာရွိ ဦး ေအာင္သန္းပိုင္ဆိုင္ေသာ ဥယ်ာဥ္ျခံေျမအားသိမ္းဆည္းခံရမႈနွင့္ပတ္သက္ၿပီး အစိုးရရံုးဌာနဆိုင္ရာမ်ား အေနျဖင့္ အမွန္တရားအတိုင္းအမႈမွန္ေပၚေပါက္ေစေရးအတြက္ ၾကံ့ၾကာမႈမရွိေစေရး နိုင္ငံေတာ္ သမၼတရံုးထံ အသနားခံတင္ျပတိုင္ၾကားသြားမည္ျဖစ္ေၾကာင္း သိမ္းဆည္းခံရသူေတာင္သူ ဦးေအာင္သန္းထံမွသိရသည္။

အဆိုပါ သိမ္းဆည္းခံရသူဦးေအာင္သန္းနွင့္ပတ္သက္ၿပီး ယခင္ စင္းခန္းအုပ္ခ်ဳပ္ေရးမွဴးတာဝန္ထမ္း ေဆာင္ခဲ့သူ ဦးျမင့္တင္က ” ဦးေအာင္သန္းရဲ့ပိုင္ဆိုင္မႈအေထာက္အထားမ်ားကို ေတြ႕ရွိခ်က္အရ သူပိုင္ဆိုင္ တယ္ဆိုတာမွန္ပါတယ္ ။ ဒါ့အျပင္ကၽြန္ေတာ္ အုပ္ခ်ဳပ္ေရးမွဴးမျဖစ္ခင္ကတည္းက ဦးေအာင္သန္းတစ္ဦး တည္းပိုင္စိုက္ပ်ိဳးလုပ္ကိုင္ခဲ့တယ္ဆိုတာက္ုိ မ်က္ျမင္လက္ေတြ႕လည္း ျဖစ္တဲ့အတြက္ မွန္ကန္ေၾကာင္း ေထာက္ခံပါတယ္ “ဟု ေျပာၾကားခဲ့သည္။

ယင္းျခံေျမကို ၁၉၈၈ခုႏွစ္ကတည္းက ေျပစာအရစတင္လုပ္ကိုင္စိုက္ပ်ိဳးခဲ့ၿပီး၁၀ဧကခန္႔ရွိေသာယင္း ေနရာတြင္ ၂၀၀၁မွစတင္ကာ ၾကံစိုက္ပ်ိဳးလုပ္ကိုင္စားေသာက္ေနရာမွာ အရံႈးေပၚသျဖင့္ ၾကံစိုက္ပ်ိဳးျခင္းကို ရပ္တန္႔ၿပီး ဥယ်ဥ္ျခံေျမအျဖစ္ျပဳျပင္ကာ ဒညင္း ၊ သရက္ စသည္မ်ားကိုစိုက္ပ်ိဳးၿပီး ဥယ်ဥ္ျခံအျဖစ္အသြင္ ေျပာင္းကာလုပ္ကိုင္ခဲ့သည္။၂၀၀၄-၀၅ ခုႏွစ္မွာ မယက အဖြဲ႕မွဆင္းလာခဲ့ၿပီး ေရာ္ဘာစီမံကိန္းဟုဆိုကာ ေရာ္ဘာစိုက္ပ်ိဳးရမည္။ မစိုက္နိုင္ပါက ျခံေျမအားစြန္႔လႊတ္ရမည္ဟု ဆိုၿပီးသိမ္းယူခဲ့ပါသည္။

ယခုကဲ့သို႔သိမ္းလိုက္သည့္အခ်ိန္မွစတင္ကာ မူလပိုင္ရွင္မွ စြန္႔လႊတ္ခဲ့ရေသာ္လည္း ယေန႔အခ်ိန္ထိ မည္သည့္ေရာ္ဘာပင္တစ္ပင္မွ်စိုက္ပ်ိဳးထားျခင္းမရွိပါဘဲ ယခုအခါသီးစိန္ငွက္ေပ်ာလုပ္ငန္းကုပၼဏီသို႔ ေဒၚခင္အုန္းျမင့္မွ ဆက္လက္ ငွါးရမ္းထားသည္ဟုဆိုပါသည္။ ယင္းကဲ့သို႔ သိီးစိန္ငွက္ေပ်ာလုပ္ငန္းကို တစ္ဧကလွ်င္ေငြက်ပ္တစ္သိန္းနႈန္းျဖင့္ ၂၀၁၄-၁၅ ခုနွစ္ကတည္းကစိုက္ပ်ိဳးခဲ့သည္ဟု ျခံေျမစြန္႔လႊတ္ခဲ့ရသူဦး ေအာင္သန္း၏ေျပာျပခ်က္အရသိရသည္။

” လႊတ္ေတာ္ဥကၠဌ ထံလိပ္မူၿပီး ဦးေအာင္သန္းကတိုင္တဲ့အတြက္ ဒီကိစၥကို လႊတ္ေတာ္မွာစစ္ေဆး ခဲ့ပါတယ္ ။ အဲဒီေရာ္ဘာစိုက္ရန္အတြက္ တစ္ဧကကို ၃သိန္းေလာက္ကုန္မယ္ဆိုေတာ့ ေတာင္သူေတြကမ စိုက္နိုင္ေတာ့ ဦးစိုင္းျမတ္ဆိုသူကဧက၁၀၀ စိုက္မယ္ဆိုၿပီး လုပ္ပါတယ္ ၊ ဒါေပမယ့္ ဦးစိုင္းျမတ္က ဧက၁၀၀ မစိုက္ဘဲ ဧက ၂၅ေလာက္ပဲစိုက္ခဲ့ပါတယ္။ သို႔ေသာ္ဦးစိုင္းျမတ္က ေသဆံုးသြားသည့္အခါ ေဒၚခင္အုန္းျမင့္ ထံလႊဲသြားတယ္ စစ္ေဆးေတြ႕ရိွခ်က္အရ ဘာစာခ်ုဳပ္စာတန္းမွမရွိဘဲလႊဲသြားတာကိုေတြ႔ရတယ္ ၊ ဦးေအာင္သန္းကေတာ့ တစ္ခ်ိန္တုန္းကသူလုပ္ခဲ့တဲ့ ႀကံခင္းလုပ္ကိုင္ခဲ့တဲ့ အေထာက္အထားေျပစာေတြျပနိုင္တယ္ ။ ဒါ့ အျပင္ ေရာ္ဘာမစိုက္ခင္ ႀကံခင္းရပ္နားစဥ္ ဒညင္းတို႔သရက္တို႔စိုက္ထားတဲ့အေထာက္အထားကိုလည္းေတြ ရွိရတယ္ ။ ဦးေအာင္သန္းေရာ္ဘာမစိုက္နိုင္လို႔ အသိမ္းခံလိုက္ရခ်ိန္မွာ စိုင္းျမတ္ကစိုက္တယ္ ၊ စိုင္းျမတ္က ေနေဒၚခင္အုန္းျမင့္ကိုေရာင္းတယ္ ၊ေဒၚခင္အုန္းျမင့္ကေနတဆင့္ သိီးစိန္ ကုပၼဏီကို ငွါးစားထားတယ္ ၊ ဦးေအာင္သန္းမွာက အဲဒီေခတ္အေနအထားအရ ေလွ်ာ္ေႀကးလည္းရမထားခဲ့ပါဘူး လႊတ္ေတာ္ခံုအဖြဲ႕အေနနဲ႔ စစ္ေဆးေတြ႕ရွိခ်က္၊အႀကံျပဳခ်က္နဲ႔ ဦးေအာင္သန္းမွာ ခိုင္လံုေသာအေထာက္အထားမ်ားရွိေႀကာင္း ၂၀၁၆-၁၇ ကျပန္တင္ေပးလိုက္တယ္ ။ အခု စိုက္ပ်ိဳးေမြးျမဴဆည္ေျမာင္းဝန္ႀကီး ဦးေက်ာ္ေက်ာ္ဝင္းက ဒီအမႈတြဲကို ျပန္တင္ေပးပါဆိုလို႔ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက စစ္ေဆးခ်က္ ၊ ေျမစာရင္းကစစ္ေဆးခ်က္ ေတြကိုျပန္တင္ေပးၿပီး အေျဖထြက္လာပါလိမ့္မယ္ လႊတ္ေတာ္တိုင္တယ္ဆိုေပမယ့္ လႊတ္ေတာ္ကေနေတာ့ ဆံုးျဖတ္ေပးဖို႔မရွိပါဘူး ဟုဗန္းေမာ္မဲဆႏၵနယ္အမွတ္(၁) ကျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးေဇာ္သင္း ကေျပာသည္။

“ေတာင္သူမ်ားအေနျဖင့္နစ္နာခဲ့သည္မွာ မွန္ေသာ္လည္း ဘယ္အဆင့္ကိုတိုင္ရမယ္၊ ဘယ္ကေနစ တိုင္ရမယ္ ဆိုတာမသိႀကရွာဘူး သူတို႔ရဲ့ပိုင္ဆိုင္မႈကိုေတာင္ခုထိမလုပ္နိုင္ၾကဘူး ၊ ေျမလြတ္ေျမလပ္ေျမရိုင္း ကိုဘယ္လိုေလွ်ာက္ရမယ္စသျဖင့္ အေသးစိပ္လုပ္ရမယ့္ ၊ အဆင့္ဆင့္လုပ္ရမယ့္ လုပ္ထံုးလုုပ္နည္းေတြကို ေက်းလက္အုပ္ခ်ဳပ္ေရးမွဴးေတြကို သင္ေပးထားၿပီး ေက်းလက္ေနေတာင္သူမ်ားကိုထပ္ဆင့္ရွင္းလင္းေျပာ ၾကားနိုင္ရန္ထိ ညႊန္ၾကားထားၿပီးျဖစ္ပါတယ္ ၊ ခုဦးေအာင္သန္းနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ ေျမျပင္ကြင္း ဆင္းစစ္ေဆးမႈေတြျပန္လုပ္တယ္ သက္ေသအေထာက္အထားနဲ႔ဓါတ္ပံုနဲ႔ တြဲၿပီးအစိုးရအဖြဲ႕ကိုျပန္တင္ေပးဖို႔ လုပ္ေနပါတယ္ဟု ဗန္းေမာ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးစိုးျမင့္လိႈင္ကေျပာသည္။

သို႔ရာတြင္ ဦးေအာင္သန္း၏ ဥယာဥ္ျခံေျမသိမ္းဆည္းခံရမႈနွင့္ပတ္သက္ၿပီး ၂၀၁၄ခုနွစ္ ဒီဇင္ဘာလ ၁ ရက္ေန႔တြင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံ လိပ္မူကာတိုင္ၾကားျခင္း ၊ ၂၀၁၆ခုနွစ္ဇြန္လ၂၉ရက္ေန႔တြင္ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးရံုးသို႔လည္းေကာင္း ၊ ၂၀၁၅ ခုနွစ္ ၾသဂုတ္လ ၃ရက္ေန႔တြင္လည္းေကာင္း ၊ ၂၀၁၆ ခုႏွစ္ေမ လ၂၆ရက္ေန႔တြင္ လႊတ္ေတာ္ဥကၠဌထံသို႔လည္းေကာင္း ၊ ၂၀၁၆ဇူလိုင္လ ၅ရက္ေန႔ရက္စြဲျဖင့္ လႊတ္ေတာ္မွ သက္ဆိုင္ရာေကာ္မတီ နွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္တို႔မွ ကြင္းဆင္းစစ္ေဆးရန္ညႊန္ၾကားစာကိုလည္းေကာင္း ၊ အေထာက္အထားစာရြက္စာတမ္းမ်ားကို ေတြ႕ရွိရေသာ္လည္း ၂၀၁၄ မွစတင္ကာတိုင္ၾကားခဲ့ သည့္အမႈသည္ ယခု၂၀၁၉ခုႏွစ္ေရာက္သည့္တိုင္ အမွန္တရားေပၚေပါက္နိုင္ျခင္းမရွိခဲ့မႈအေပၚ စိတ္ပ်က္မိပါ ေၾကာင္း တပ္မေတာ္မွသိမ္းယူခဲ့သည့္ လယ္ယာေျမမ်ားကိုပင္ ယခုအခါျပန္လည္အပ္နွံနိုင္ခဲ့ေသာ္လည္း ဦးေအာင္သန္း၏ ဥယာဥ္ျခံ ေျမျပသနာကို ယခုကဲ့သို႔ၾကာျမင့္ေနရျခင္းအေပၚ အျမန္ဆံုး အမွန္တရားေပၚ ေပါက္နိုင္ေရးအတြက္ ယခုေမလကုန္ပိုင္းတြင္ နိုင္ငံေတာ္သမၼတထံတြင္ ထပ္မံအသနားခံတင္ျပေတာင္းခံ သြားမည္ျဖစ္ေၾကာင္း ကာယကံရွင္ဦးေအာင္သန္းကေျပာၾကားခဲ့သည္။

ခရီးေဖၚ (ဗန္းေမာ္)
——————————————————-
 
စင်းခန်းကျေးရွာအုပ်စု၊ မြလယ်ကျေးရွာမ ှဦးအောင်သန်းပိုင် ဥယျာဉ်ခြံမြေသိမ်းဆည်းခံရမှု သမ္မတထံ အသနားခံတင်ပြသွားမည်ဟုဆို

EPN
ဗန်းမော်၊ မေလ ၁၆

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ ဗန်းမော်မြို့နယ် ၊ စင်းခန်းကျေးရွာအုပ်စု ၊ မြလယ်ကျေးရွာရှိ ဦး အောင်သန်းပိုင်ဆိုင်သော ဥယျာဉ်ခြံမြေအားသိမ်းဆည်းခံရမှုနှင့်ပတ်သက်ပြီး အစိုးရရုံးဌာနဆိုင်ရာများ အနေဖြင့် အမှန်တရားအတိုင်းအမှုမှန်ပေါ်ပေါက်စေရေးအတွက် ကြံ့ကြာမှုမရှိစေရေး နိုင်ငံတော် သမ္မတရုံးထံ အသနားခံတင်ပြတိုင်ကြားသွားမည်ဖြစ်ကြောင်း သိမ်းဆည်းခံရသူတောင်သူ ဦးအောင်သန်းထံမှသိရသည်။

အဆိုပါ သိမ်းဆည်းခံရသူဦးအောင်သန်းနှင့်ပတ်သက်ပြီး ယခင် စင်းခန်းအုပ်ချုပ်ရေးမှူးတာဝန်ထမ်း ဆောင်ခဲ့သူ ဦးမြင့်တင်က ” ဦးအောင်သန်းရဲ့ပိုင်ဆိုင်မှုအထောက်အထားများကို တွေ့ရှိချက်အရ သူပိုင်ဆိုင် တယ်ဆိုတာမှန်ပါတယ် ။ ဒါ့အပြင်ကျွန်တော် အုပ်ချုပ်ရေးမှူးမဖြစ်ခင်ကတည်းက ဦးအောင်သန်းတစ်ဦး တည်းပိုင်စိုက်ပျိုးလုပ်ကိုင်ခဲ့တယ်ဆိုတာက်ုိ မျက်မြင်လက်တွေ့လည်း ဖြစ်တဲ့အတွက် မှန်ကန်ကြောင်း ထောက်ခံပါတယ် “ဟု ပြောကြားခဲ့သည်။

ယင်းခြံမြေကို ၁၉၈၈ခုနှစ်ကတည်းက ပြေစာအရစတင်လုပ်ကိုင်စိုက်ပျိုးခဲ့ပြီး၁ဝဧကခန့်ရှိသောယင်း နေရာတွင် ၂၀၀၁မှစတင်ကာ ကြံစိုက်ပျိုးလုပ်ကိုင်စားသောက်နေရာမှာ အရှုံးပေါ်သဖြင့် ကြံစိုက်ပျိုးခြင်းကို ရပ်တန့်ပြီး ဥယျဉ်ခြံမြေအဖြစ်ပြုပြင်ကာ ဒညင်း ၊ သရက် စသည်များကိုစိုက်ပျိုးပြီး ဥယျဉ်ခြံအဖြစ်အသွင် ပြောင်းကာလုပ်ကိုင်ခဲ့သည်။၂၀၀၄-၀၅ ခုနှစ်မှာ မယက အဖွဲ့မှဆင်းလာခဲ့ပြီး ရော်ဘာစီမံကိန်းဟုဆိုကာ ရော်ဘာစိုက်ပျိုးရမည်။ မစိုက်နိုင်ပါက ခြံမြေအားစွန့်လွှတ်ရမည်ဟု ဆိုပြီးသိမ်းယူခဲ့ပါသည်။

ယခုကဲ့သို့သိမ်းလိုက်သည့်အချိန်မှစတင်ကာ မူလပိုင်ရှင်မှ စွန့်လွှတ်ခဲ့ရသော်လည်း ယနေ့အချိန်ထိ မည်သည့်ရော်ဘာပင်တစ်ပင်မျှစိုက်ပျိုးထားခြင်းမရှိပါဘဲ ယခုအခါသီးစိန်ငှက်ပျောလုပ်ငန်းကုပ္မဏီသို့ ဒေါ်ခင်အုန်းမြင့်မှ ဆက်လက် ငှါးရမ်းထားသည်ဟုဆိုပါသည်။ ယင်းကဲ့သို့ သိီးစိန်ငှက်ပျောလုပ်ငန်းကို တစ်ဧကလျှင်ငွေကျပ်တစ်သိန်းနှုန်းဖြင့် ၂၀၁၄-၁၅ ခုနှစ်ကတည်းကစိုက်ပျိုးခဲ့သည်ဟု ခြံမြေစွန့်လွှတ်ခဲ့ရသူဦး အောင်သန်း၏ပြောပြချက်အရသိရသည်။

” လွှတ်တော်ဥက္ကဌ ထံလိပ်မူပြီး ဦးအောင်သန်းကတိုင်တဲ့အတွက် ဒီကိစ္စကို လွှတ်တော်မှာစစ်ဆေး ခဲ့ပါတယ် ။ အဲဒီရော်ဘာစိုက်ရန်အတွက် တစ်ဧကကို ၃သိန်းလောက်ကုန်မယ်ဆိုတော့ တောင်သူတွေကမ စိုက်နိုင်တော့ ဦးစိုင်းမြတ်ဆိုသူကဧက၁၀၀ စိုက်မယ်ဆိုပြီး လုပ်ပါတယ် ၊ ဒါပေမယ့် ဦးစိုင်းမြတ်က ဧက၁၀၀ မစိုက်ဘဲ ဧက ၂၅လောက်ပဲစိုက်ခဲ့ပါတယ်။ သို့သော်ဦးစိုင်းမြတ်က သေဆုံးသွားသည့်အခါ ဒေါ်ခင်အုန်းမြင့် ထံလွှဲသွားတယ် စစ်ဆေးတွေ့ရှိချက်အရ ဘာစာချုုပ်စာတန်းမှမရှိဘဲလွှဲသွားတာကိုတွေ့ရတယ် ၊ ဦးအောင်သန်းကတော့ တစ်ချိန်တုန်းကသူလုပ်ခဲ့တဲ့ ကြံခင်းလုပ်ကိုင်ခဲ့တဲ့ အထောက်အထားပြေစာတွေပြနိုင်တယ် ။ ဒါ့ အပြင် ရော်ဘာမစိုက်ခင် ကြံခင်းရပ်နားစဉ် ဒညင်းတို့သရက်တို့စိုက်ထားတဲ့အထောက်အထားကိုလည်းတွေ ရှိရတယ် ။ ဦးအောင်သန်းရော်ဘာမစိုက်နိုင်လို့ အသိမ်းခံလိုက်ရချိန်မှာ စိုင်းမြတ်ကစိုက်တယ် ၊ စိုင်းမြတ်က နေဒေါ်ခင်အုန်းမြင့်ကိုရောင်းတယ် ၊ဒေါ်ခင်အုန်းမြင့်ကနေတဆင့် သိီးစိန် ကုပ္မဏီကို ငှါးစားထားတယ် ၊ ဦးအောင်သန်းမှာက အဲဒီခေတ်အနေအထားအရ လျှော်ကြေးလည်းရမထားခဲ့ပါဘူး လွှတ်တော်ခုံအဖွဲ့အနေနဲ့ စစ်ဆေးတွေ့ရှိချက်၊အကြံပြုချက်နဲ့ ဦးအောင်သန်းမှာ ခိုင်လုံသောအထောက်အထားများရှိကြောင်း ၂၀၁၆-၁၇ ကပြန်တင်ပေးလိုက်တယ် ။ အခု စိုက်ပျိုးမွေးမြူဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ဒီအမှုတွဲကို ပြန်တင်ပေးပါဆိုလို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စစ်ဆေးချက် ၊ မြေစာရင်းကစစ်ဆေးချက် တွေကိုပြန်တင်ပေးပြီး အဖြေထွက်လာပါလိမ့်မယ် လွှတ်တော်တိုင်တယ်ဆိုပေမယ့် လွှတ်တော်ကနေတော့ ဆုံးဖြတ်ပေးဖို့မရှိပါဘူး ဟုဗန်းမော်မဲဆန္ဒနယ်အမှတ်(၁) ကပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဇော်သင်း ကပြောသည်။

“တောင်သူများအနေဖြင့်နစ်နာခဲ့သည်မှာ မှန်သော်လည်း ဘယ်အဆင့်ကိုတိုင်ရမယ်၊ ဘယ်ကနေစ တိုင်ရမယ် ဆိုတာမသိကြရှာဘူး သူတို့ရဲ့ပိုင်ဆိုင်မှုကိုတောင်ခုထိမလုပ်နိုင်ကြဘူး ၊ မြေလွတ်မြေလပ်မြေရိုင်း ကိုဘယ်လိုလျှောက်ရမယ်စသဖြင့် အသေးစိပ်လုပ်ရမယ့် ၊ အဆင့်ဆင့်လုပ်ရမယ့် လုပ်ထုံးလုုပ်နည်းတွေကို ကျေးလက်အုပ်ချုပ်ရေးမှူးတွေကို သင်ပေးထားပြီး ကျေးလက်နေတောင်သူများကိုထပ်ဆင့်ရှင်းလင်းပြော ကြားနိုင်ရန်ထိ ညွှန်ကြားထားပြီးဖြစ်ပါတယ် ၊ ခုဦးအောင်သန်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မြေပြင်ကွင်း ဆင်းစစ်ဆေးမှုတွေပြန်လုပ်တယ် သက်သေအထောက်အထားနဲ့ဓါတ်ပုံနဲ့ တွဲပြီးအစိုးရအဖွဲ့ကိုပြန်တင်ပေးဖို့ လုပ်နေပါတယ်ဟု ဗန်းမော်မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမြင့်လှိုင်ကပြောသည်။

သို့ရာတွင် ဦးအောင်သန်း၏ ဥယာဉ်ခြံမြေသိမ်းဆည်းခံရမှုနှင့်ပတ်သက်ပြီး ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံ လိပ်မူကာတိုင်ကြားခြင်း ၊ ၂၀၁၆ခုနှစ်ဇွန်လ၂၉ရက်နေ့တွင် ပြည်နယ် အုပ်ချုပ်ရေးမှူးရုံးသို့လည်းကောင်း ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ ၃ရက်နေ့တွင်လည်းကောင်း ၊ ၂၀၁၆ ခုနှစ်မေ လ၂၆ရက်နေ့တွင် လွှတ်တော်ဥက္ကဌထံသို့လည်းကောင်း ၊ ၂၀၁၆ဇူလိုင်လ ၅ရက်နေ့ရက်စွဲဖြင့် လွှတ်တော်မှ သက်ဆိုင်ရာကော်မတီ နှင့် လွှတ်တော် ကိုယ်စားလှယ်တို့မှ ကွင်းဆင်းစစ်ဆေးရန်ညွှန်ကြားစာကိုလည်းကောင်း ၊ အထောက်အထားစာရွက်စာတမ်းများကို တွေ့ရှိရသော်လည်း ၂၀၁၄ မှစတင်ကာတိုင်ကြားခဲ့ သည့်အမှုသည် ယခု၂၀၁၉ခုနှစ်ရောက်သည့်တိုင် အမှန်တရားပေါ်ပေါက်နိုင်ခြင်းမရှိခဲ့မှုအပေါ် စိတ်ပျက်မိပါ ကြောင်း တပ်မတော်မှသိမ်းယူခဲ့သည့် လယ်ယာမြေများကိုပင် ယခုအခါပြန်လည်အပ်နှံနိုင်ခဲ့သော်လည်း ဦးအောင်သန်း၏ ဥယာဉ်ခြံ မြေပြသနာကို ယခုကဲ့သို့ကြာမြင့်နေရခြင်းအပေါ် အမြန်ဆုံး အမှန်တရားပေါ် ပေါက်နိုင်ရေးအတွက် ယခုမေလကုန်ပိုင်းတွင် နိုင်ငံတော်သမ္မတထံတွင် ထပ်မံအသနားခံတင်ပြတောင်းခံ သွားမည်ဖြစ်ကြောင်း ကာယကံရှင်ဦးအောင်သန်းကပြောကြားခဲ့သည်။

ခရီးဖေါ် (ဗန်းမော်)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။