Trending Now

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဝါးခယ်မမြို့နယ် ရွှေလောင်းကျွန်း ပတ်တာ အတွင်းရှိ ထော်ကနွတ်ရေ ထိန်းတံခါး ကြည့်ရှုစစ်ဆေး

Spread the love

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဝါးခယ်မမြို့နယ် ရွှေလောင်းကျွန်း ပတ်တာ အတွင်းရှိ ထော်ကနွတ်ရေ ထိန်းတံခါး ကြည့်ရှုစစ်ဆေး

EPN
နေပြည်တော်၊ အောက်တိုဘာ ၂၅ (၂၀၂၃)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် အောက်တို ဘာ ၂၂ ရက်တွင် ဝါးခယ်မမြို့နယ် ရွှေလောင်းကျွန်းပတ်တာအတွင်းရှိ ထော်ကနွတ် ရေထိန်းတံခါးကို ကြည့်ရှုစစ်ဆေးပြီး ရေသွင်း၊ ရေထုတ် ပုံမှန်ဆောင်ရွက်နိုင်ရေး၊ မိုးစပါးများ ရေကြီး နစ်မြုပ်မှုမှ ကာကွယ်နိုင်ရန်နှင့် နွေစပါး ရေရရှိရေးအတွက် ရေသိုလှောင်ပေးသွင်းနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မော်လမြိုင်ကျွန်းမြို့နယ် မယ်တလိုင်းကျေးရွာအုပ်စုရှိ မျိုးစေ့ထုတ်တောင်သူများ၏ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းကို ကြည့်ရှုအားပေးခဲ့ပြီး၊ မအူပင်မြို့နယ် ရေလဲ-သဲဖြူ-အောင်ဘုံ ရေနုတ်မြောင်း ပြန်လည်တူးဖော်ပြီးစီးမှုနှင့် ငါးကြီးဂရက် ကျေးရွာအုပ်စု တောင်သူများ၏ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းတုိ့ကို ကြည့်ရူ စစ်ဆေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန တလုပ်လှငါးလုပ်ငန်းစခန်း၏ ငါးသားပေါက် ထုတ်လုပ်ခြင်း၊ မျိုးစိုက်ထည့်ခြင်း၊ ငါးမွေးမြူရေးဆိုင်ရာ နည်းပညာပေး လုပ်ငန်းနှင့် သုတေသန လုပ်ငန်းများ၊ ငါးသားဖောက်များ ဖြန့်ဖြူးခြင်း၊ ဒေသငါးမျိုးစိတ်ဖြစ်သည့် ငါးမြင်းမျိုးစိတ် ငါးသား ဖောက်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် စီမံထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများအား ငါးသားပေါက်နှင့် နည်းပညာများ ကူညီပံ့ပိုးပေးရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ထနီးကျေးရွာရှိ စီးပွားဖြစ် ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက် ရှိသော တောင်သူ ဦးသိန်းဦး၏ ငါးမွေးကန်သို့ ရောက်ရှိပြီး ငါးအစာကို ဒေသ၌ အလွယ်တကူရရှိနိုင် သည့် အာလူးနှင့် ကန်စွန်းဥများ ထည့်သွင်းကျွေးမွေးနေမှုကို ကြည့်ရှုအားပေးခဲ့ကာ မအူပင်မြို့နယ် ထနီးရေတံခါး ရေထုတ်နုတ်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ရေကြီးနစ်မြုပ်မှု လျော့ကျစေရေးနှင့် နွေစပါး အောင်ရေလုံလောက်စွာ ရရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုလျှော့ချရေးဆိုင်ရာ ကိစ္စရပ်များကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအောက်ရှိ စူးစမ်းလေ့လာရေးဌာနခွဲ၊ ဘူမိဗေဒဌာနခွဲ၊ ဒီဇိုင်းနှင့် ပုံထုတ်လုပ်ငန်း ဌာနခွဲများမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ ဆည်မြောင်းနှင့်‌ရေအသုံးချမှုစီမံ ခန့်ခွဲရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ထောက်ကြန့်စက်မှု လယ်ယာဦးစီးဌာန အမှတ် (၃၅) စက်မှု လယ်ယာစခန်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ထွန်စက်နှင့် မောင်းနှင်နိုင်သည့် ရွေ့လျားစပါး အခြောက်ခံစက်အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဆာကူရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။