Trending Now

ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခု ဖန်တီးနိုင်မယ့် Hyper Party Entertainment

Spread the love

ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခု ဖန်တီးနိုင်မယ့် Hyper Party Entertainment

သတင်းဆောင်းပါး

မြစ်ကြီးနား – ဗန်းမော် သွားလမ်းပေါ်က ဝိုင်းမော်မြို့နယ်၊ ရပ်ကွက် ၄၊ လမ်းသွယ် ၂၆လမ်းကနေ တည့်တည့်ဆင်းသွားရင် မြစ်ဆိပ်အနီးမှာ ဖွင့်လှစ်ထားတဲ့ သီးခြားခြံဝန်းနဲ့ သီးခြားကမ္ဘာ တစ်ခုကို ရောက်ရှိသွားသလို ခံစားရစေမယ့် Hyper Party Entertainment အကြောင်းကို ရေးသားဖော်ပြသွားမှာပဲ ဖြစ်ပါတယ်။

လျှပ်စစ်ဟာ စီးပွားရေး လုပ်ငန်းတွေအပေါ်မှီခိုပြီး လည်ပတ်နေရတာ ဖြစ်တယ်လို့ ကျွန်တော် မကြာခဏ ရေးသားဖော်ပြခဲ့ဘူးပါတယ်။ ဒီလိုပဲ စီးပွားရေး လုပ်ငန်းတွေကလည်း လျှပ်စစ်ကို အားပြုပြီး လည်ပတ်ရတာပဲ ဖြစ်ပါတယ်။ စက်မှု၊ လက်မှု လုပ်ငန်းတွေ၊ ဖျော်ဖြေရေးလုပ်ငန်းတွေ အစရှိတဲ့ စီးပွားရေး လုပ်ငန်းတွေဟာဆိုရင် လျှပ်စစ်ရဲ့ အကျိုးသက်ရောက်မှုကို များစွာ ခံစားရတာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ အခွင့်သင့်လို့ Hyper Party Entertainment ကို အလုပ်ကိစ္စနဲ့ ရောက်ခဲ့စဉ်က နည်းပညာ တိုးတက် မြင့်မားလာမှုနဲ့အတူ ပြောင်းလဲလာတဲ့ ကာရာအိုကေ ယဉ်ကျေးမှုကနေ Entertainment အထိ အဆင့်ဆင့် ပြောင်းလဲလာပုံတွေ၊ လျှပ်စစ်နဲ့ပတ်သက်လို့ လေ့လာသိရှိခဲ့ရတာတွေကို ရေးသားဖော်ပြ လိုပါတယ်။

အလုပ်ကိစ္စနဲ့ ရောက်ရှိခဲ့တာ ဖြစ်တဲ့အတွက် ရောက်ရောက်ခြင်းမှာဘဲ ရိုက်ကူးရေးပစ္စည်းတွေ ထားဖို့အတွက်နဲ့ နားနေဖို့အတွက် အခန်းတစ်ခန်း ပြင်ဆင်ပေးပါတယ်။ အခန်းရဲ့ ပြင်ဆင်ဖွဲ့စည်းပုံကို ကြည့်ရင် ဟိုးယခင် ကာလတွေ ကာရာအိုကေ ယဉ်ကျေးမှု ထွန်းကားခဲ့တုန်းက အခြေအနေကို ပြန်ပြောင်း သတိရမိစရာ ဖြစ်လာပါတယ်။ ဒီအခန်းလေးထဲကို ရောက်တော့ သတိရမိတာက စာရေးသူတို့ ငယ်စဉ်ကဆိုရင် ကာရာအိုကေ ဆိုဖို့အတွက် ခန်းမကြီးတစ်ခုတည်းမှာ ကိုယ်ဝိုင်းနဲ့ကိုယ် စောင့်ဆိုင်းရပါတယ်။ ဝိုင်းတွေမှာ ဆိုရင်လည်း စာရွက်လေးတွေနဲ့ ဘောပင်တစ်ချောင်း ချပေးထားပါတယ်။ ကိုယ်ဆိုချင်တဲ့ သီချင်းကို စာရွက်မှာရေးပြီး စက်ကိုင်တဲ့သူကို သွားပေးရပါတယ်။

စက်ကိုင်တဲ့သူကလည်း ဝိုင်းအလိုက် သီချင်းထည့်ပေးတာ ဖြစ်တဲ့အတွက် ကိုယ့်အလှည့်ရောက်မှ သီဆိုရတာ ဖြစ်ပါတယ်။ ဝိုင်းတွေက အလှည့်ကျ သီဆိုရတာ ဖြစ်တဲ့အတွက်လည်း ကိုယ်ဆိုချင်သလောက် အပုဒ်ရေကို တစ်ခါတည်း သီဆိုလို့ မရပါဘူး။ ဝိုင်းအနည်းအများပေါ် မူတည်ပြီး တစ်လှည့်ကို ၂ပုဒ်၊ ၃ပုဒ် ဒီလိုမျိုး သီဆိုရတာပါ။ ပိုက်ဆံရှင်းတဲ့ အခါမှာလည်း ကိုယ်ဆိုတဲ့ သီချင်းအပုဒ်ရေ အလိုက်ပဲ ပိုက်ဆံရှင်းပေးရတာပါ။ ကာရာအိုကေခေတ်ကို မှီလိုက်တဲ့သူတွေတော့ မှတ်မိအုံးမယ်လို့ ထင်ပါတယ်။ ၅၀၀ဖိုး၊ ၃ပုဒ် ဆိုတဲ့ ခေတ်စကားလေးကိုပါ။

အဲ့ဒီကနေမှ တဆင့် KTV အဖြစ်ကို ကူးပြောင်းလာခဲ့ပါတယ်။ KTV တွေ ပေါ်လာတဲ့ အခါမှာတော့ အရင်လို ခန်းမကြီး တစ်ခုတည်းမှာ ဝိုင်းတွေအများကြီးနဲ့ စောင့်ဆိုင်းစရာ မလိုတော့ပါဘူး။ ကိုယ်ပိုင် အခန်းလေးတွေနဲ့ နာရီလိုက် ငှားရမ်းမှုတွေ စတင် ပေါ်ပေါက်လာပါတယ်။ ကိုယ့်အခန်းနဲ့ကိုယ် ဖြစ်တဲ့အတွက် လူအများရှေ့ သီချင်းမဆိုရဲတဲ့ သူတွေအတွက်ပါ ပိုပြီး အဆင်ပြေလာပါတယ်။ ကိုယ်ငှားထားတဲ့ နာရီအတွင်း သီချင်းတွေကို စောင့်ဆိုင်းစရာမလိုပဲ စိတ်ကြိုက်ရွေးချယ် သီဆိုလာနိုင်ပါတယ်။ KTV တွေ စပေါ်ခါစ အချိန်တွေတုန်းကတော့ သီချင်းထည့်ချင်ရင် အရင်လို စာရွက်မှာ သီချင်းနာမည်ရေးပြီး တောင်းရတဲ့ဆိုင်နဲ့ တီဗွီရီမု လေးကနေတဆင့် ရွေးချယ်ပြီး ထည့်သွင်းရတဲ့ ဆိုင်ဆိုပြီး ပေါ်လာပါတယ်။ တီဗွီရီမုကနေ ကိုယ့်စိတ်ကြိုက် သီချင်းရွေးချယ်လို့ရတဲ့ နည်းပညာမြင့် ဆိုင်တွေကတော့ ငှားရမ်းခ အနည်းငယ် ပိုခဲ့ပါတယ်။ ကာရာအိုကေ ဆိုင်လေးတွေကနေ KTV အဖြစ်အဆင့်ဆင့် ပြောင်းလဲလာခဲ့တာကိုကြည့်ရင် လျှပ်စစ်တိုးတက်မှုရဲ့ နောက်ဆက်တွဲ အသီးအပွင့်တွေ အဖြစ် မြင်ရတာပဲ ဖြစ်ပါတယ်။

အခုနောက်ပိုင်း နည်းပညာတွေ မြင့်မားလာမှုနဲ့အတူ လျှပ်စစ်သုံးစွဲမှုကလည်း တိုးမြင့်လာတဲ့ နောက်ပိုင်းမှာ အခန်း အပြင်အဆင်တွေကအစ ပြောင်းလဲလာပါတယ်။ သီချင်း သွင်းတာကအစ တီဗွီရီမုတွေ နေရာမှာ မိုဘိုင်းဖုန်း တက်ဘလက်တွေကို အသုံးပြုလာပါတယ်။ သက်တောင့်သက်သာ သီဆိုနိုင်မယ့် ပတ်ပတ်လည် ဆိုဖာဆက်တီကြီးတွေကလည်း ခမ်းနားထည်ဝါစွာ နေရာယူလာကြပါတယ်။ အခန်းအတွင်း မီးအလှဆင်မှုတွေ၊ လေအေးပေးစက် အဲယားကွန်းတွေနဲ့ ခေတ်မီနည်းပညာတွေကို အသုံးပြုလာကြပါတယ်။ KTV တွေနေရာကနေ အခုဆိုရင် Entertainment Bar တွေအထိ ပြောင်းလဲလာပါပြီ။

စိတ်ဖိစီးလို့ပဲဖြစ်ဖြစ်၊ စိတ်ထွက်ပေါက် ရှာချင်လို့ပဲဖြစ်ဖြစ်၊ လူငယ်တွေ ပျော်ချင်လို့ပဲဖြစ်စေ KTVတို့ Bar တို့ကိုသွားရောက်လေ့ ရှိကြပါတယ်။ ဒီလိုသွားတဲ့ နေရာမှာ အချိန်ကုန်၊ ငွေကုန် လူပန်းဖြစ်ပြီး ပျော်ရွှင်မှုတွေ ပျောက်ဆုံးမသွားချင်ဘူး ဆိုရင်တော့ မှန်ကန်တဲ့ ရွေးချယ်မှု တစ်ခုကတော့ မဖြစ်မနေ လိုအပ်မှာပါ။ ကိုယ်ပေးလိုက်ရတာနဲ့ ပြန်ရတဲ့ တန်ဖိုးက တူညီမှုရှိနေဖို့ လိုအပ်ပါတယ်။ ဒီအတွက် Customer တွေအတွက် စိတ်ကျေနပ်မှု အပြည့်အ၀ ပေးစွမ်းနိုင်စွမ်းရှိတဲ့ Hyper Party Entertainment နဲ့ မိတ်ဆက်ပေးလိုပါတယ်။

Hyper Party Entertainment ကို ရောက်ရှိတာနဲ့ ပထမဆုံး ကြုံတွေ့ခဲ့ရတာကတော့ နွေးထွေးပျူငှာတဲ့ အပြုံးတွေနဲ့ ကြိုဆိုမှုပဲ ဖြစ်ပါတယ်။ အထဲကို ရောက်တဲ့အခါမှာ လျှောက်လမ်းတစ်လျှောက် LED တွေနဲ့ မီးအလှဆင်ထားမှုတွေက သီးခြားကမ္ဘာတစ်ခုကို ရောက်ရှိ သွားသလိုမျိုးကို ခံစားခဲ့ရပါတယ်။ ဆိုင်နာမည် ဆိုင်းဘုတ်နဲ့ Bar တစ်ခုလုံးကို အလှဆင်ထားတာကလည်း ခမ်းနားထည်ဝါမှုကို သိသာစေသလို လျှပ်စစ်ရဲ့ အရေးပါမှုကို ဖော်ညွှန်းနေသလိုပါပဲ။

Hyper Party Entertainment မှာဆိုရင် ရိုးရိုးခန်း၊ VIP အခန်းဆိုပြီးတော့ ခွဲခြားထားပါတယ်။ VIP အခန်းမှာဆိုရင် 5D roomနဲ့ 3D room ရှိပြီးတော့ DJ system လည်းပါဝင်ပါတယ်။ 5D ခန်းမမှာဆိုရင် ခန်းလုံးပြည့် LED မျက်နှာပြင်တွေနဲ့ အလှဆင်ထားတာပါ။ ခန်းမကျယ်ကြီးထဲမှာ မြူးကြွတဲ့ DJ သံစဉ်တွေနဲ့ မီးအလှဆင်ထားမှုတွေက ပြင်ပကမ္ဘာကို ခေတ္တမေ့လျော့ပြီး သီးခြားကမ္ဘာ တစ်ခုထဲမှာ ပျော်မွေ့နေစေမှာ အမှန်ပါပဲ။ VIP 3D အခန်းမှာလည်း DJ system က ပါဝင်မှာ ဖြစ်ပါတယ်။ ကိုယ်စားသောက်ချင်တဲ့ အရာတွေကိုလည်း အခန်းထဲမှာ စိတ်ကြိုက်မှာယူ စားသောက်လို့ ရပါတယ်။ ဝန်ထမ်းတွေရဲ့ ပျုငှာတဲ့အပြုံးနဲ့ နွေးထွေးတဲ့ ဝန်ဆောင်မှုတွေကို ပြည့်ဝစွာ ခံစား ရရှိစေမှာပဲဖြစ်သလို တစ်နေရာတည်းမှာ ပြီးပြည့်စုံတဲ့ ပျော်ရွှင်မှုတွေကိုလည်း ဖန်းတီးရယူ နိုင်မှာပဲ ဖြစ်ပါတယ်။

ခုလိုမျိုး လျှပ်စစ်ရဲ့ တိုးတက်ဖွံ့ဖြိုးမှု မြင့်မားလာတဲ့နောက်ပိုင်း နည်းပညာနဲ့ သုံးစွဲမှုတွေ ပိုမိုမြင့်မား လာတာကို ပြောချင်တာပါ။ နည်းပညာတွေကို မြင့်မားစွာ အသုံးပြု လာကြတဲ့အတွက် အရေးကြီးတ ဲ့အခန်းကဏ္ဍတစ်ခုက လျှပ်စစ်မီး အပြည့်အဝ ရရှိဖို့ပါပဲ။ လျှပ်စစ်မီး အပြည့်အဝ ရရှိမှသာလျင် လုပ်ငန်းတွေကို အောင်မြင်စွာ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ အခုလို လျှပ်စစ်မီး ပုံမှန ်မရရှိခြင်းကလည်း တစ်နိုင်တပိုင် စီးပွားရေး လုပ်ငန်းတွေအတွက် အခက်အခဲတစ်ခုကို ရင်ဆိုင်နေရတာပါပဲ။ လျှပ်စစ်မီး အပြည့်အ၀ မရရှိတဲ့အတွက် လုပ်ငန်းမှာ အပို ကုန်ကျစားရိတ် တွေကအစ တိုးမြင့်လာပါတယ်။ ခုလိုမျိုး ဆီဈေးတွေကအစ မြင့်တက်နေတဲ့ ကာလမှာဆိုရင် လုပ်ငန်တွေ ရပ်နားရတဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါတွေဟာ မလိုအပ်ပဲနဲ့ အလဟက်သက် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာပါ။

” အဓိက လျှပ်စစ်ကို အားကိုးပြီး လုပ်နေရတာ။ မီးပြတ်တဲ့အချိန်ဆို မီးစက်နဲ့ မောင်းရတာဖြစ်တဲ့အတွက် အပိုကုန်ကျမှုများတာပေါ့။ မီးစက်မောင်းရတာကလည်း တစ်နာရီကို ဆီ ၄ ဂါလန်၊ ၅ ဂါလန်လောက် ကုန်တယ်။ ဆောင်းနဲ့ နွေ ထက်စာရင် မိုးတွင်းပိုင်းက မီးပျက်တာ ပိုများတယ်။ လျှပ်စစ်ကို အပြည့်အဝ ရမယ်ဆိုရင်တော့ လုပ်ရတာပိုကောင်းတာပေါ့” လို့ Hyper Party Entertainment ရဲ့ ဂျာကြီး (မန်နေဂျာ) က လျှပ်စစ်နဲ့ ပတ်သက်ပြီး ကြုံတွေ့ရတဲ့ အခက်အခဲကို ပြောပြခဲ့တာပါ။

ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းတစ်ခု ဖြစ်တဲ့အတွက် လျှပ်စစ်မီးက အလွန်အရေး ပါလှပါတယ်။ လျှပ်စစ်မီးပြတ်ရင် အရေးပေါ် သုံးဖို့အတွက် မီးစက်ကိုလည်း ထားရှိပေးထားတယ်လို့ ဆိုပါတယ်။ လျှပ်စစ်ပြတ်တောက်တာနဲ့ ၁၀ စက္ကန့်အတွင်း မီးပြန်လည်ရရှိစေဖို့ Auto System ကိုလည်း ထားရှိပေးထားပါတယ်။ လူနေမှု အဆင့်အတန်း မြင့်မားလာတာနဲ့အမျှ လျှပ်စစ်သုံးစွဲမှုကလည်း မြင့်တက်လာနေတာပါ။ ဆိုလိုချင်တာကတော့ လျှပ်စစ်မီးကို ယခင်ကထက် သုံးစွဲမှု ပိုမိုတွင်ကျယ် လာတဲ့အတွက် နည်းပညာတွေလည်း ပိုမိုပြီး မြင့်မားစွာ အသုံးပြု လာကြတာကို ပြောချင်တာပါ။ ဒီလိုပဲ ပြည်သူတွေအတွက် ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းအများစုကလည်း လျှပ်စစ်ကို အလေးထားပြီး လည်ပတ်နေရတဲ့အတွက် လျှပ်စစ်မီး အပြည့်အ၀ ရရှိရေးကို လိုလားကြတာ ဖြစ်ပါတယ်။

ဒီလိုမျိုး အဘက်ဘက်ကနေ ပြည့်စုံအောင် ဝန်ဆောင်မှု အကောင်းဆုံးတွေနဲ့ Hyper Party Entertainment က Customer တွေရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို အကောင်းဆုံး ဖြည့်ဆည်းပေးဖို့် ဆိုတာကတော့ အထွေအထူး ပြောစရာ မလိုတော့ဘူးလို့ ထင်ပါတယ်။ အကောင်ဆုံး ဝန်ဆောင်မှုတွေ၊ အကောင်းဆုံးသော DJ Music တွေနဲ့ ကဲလို့ ရဖို့အတွက် DJ စက်တွေလည်း စီစဉ်ထားတဲ့အတွက် Birthday Party ကျင်းပမလား၊ Anniversary အတွက် ကျင်းပမလား၊ ဒါမှမဟုတ် ဘော်ဒါတွေ စုပြီး private Party ကျင်းပဖို့အတွက် နေရာကောင်းလေးတစ်ခု ရွေးချယ်နေတယ်ဆိုရင်တော့ ခေတ်မှီခမ်းနားသော Decoration၊ အမိုက်စား Sound System၊ အကောင်းဆုံး ဟင်းလျှာတွေ၊ လုံခြုံစိတ်ချရသော Car Parking တို့ကို ပြင်ဆင်ထားရှိပေးထားပါပြီ။ မြူးကြွတဲ့ သံစဉ်တွေကြား စီးမြောဖို့အတွက် ကားလေးနဲ့ဖြစ်စေ၊ ဆိုင်ကယ်လေးနဲ့ဖြစ်စေ လူကြီးမင်းတို့ဘက်က အရောက်ကြွလှမ်းလာခဲ့ဖို့ပဲ လိုအပ်မှာ ဖြစ်ပါတယ်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။